Sunday, September 22, 2013

Desktop ပေါ်မှာ အလှုပ်အရှားလေးတွေနဲ့ အလှဆင်ပေးမယ့် Animated Wallpaper Maker

ကွန်ပျူတာရဲ့ desktop background ကို Animated wallpaper လေးတွေနဲ့ အလှဆင်ချင်တဲ့ သူငယ်ချင်းတွေအတွက် ဆော့ဝဲလေးတစ်ခု မျှဝေပေးချင်ပါတယ်

Animated wallpaper maker ပါ ..

ဒီဆော့ဝဲလေးကို Install လုပ်ပြီးတာနဲ့ ဆော့ဝဲနဲ့အတူ ပါလာတဲ့ Wallpaper တွေကို Desktop background အဖြစ် အသုံးပြုလို့ရသလို ကိုယ်တိုင်လည်း animated wall paper တွေကို ဖန်တီးပြီး Desktop background အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ..



Windows 8 အထိ အသုံးပြုလို့ရတာဖြစ်ပြီး ကျွန်တော် အသုံးပြုကြည့်ရသလောက်ကတော့
Windows 8 64bit မှာ တစ်ခါတစ်ခါ Wall paper ပြုတ်ကျသွားတဲ့ပြဿနာမျိုးတော့ရှိပြီး
ကျန်တဲ့ ပြဿနာ ဘာမှမရှိပါဘူး ..

ကဲ .. လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူလိုက်ပါ

 exe ဖိုင်ကို Install လုပ်ပြီး ဆော့ဝဲကို Run လိုက်ပါ .. ပြီးရင် အပေါ်ဘားတန်းထဲက သော့ပုံလေးကို
နှိပ်လိုက်ပြီး ပွင့်လာတဲ့ထဲက အောက်အကွက် Your license code ဆိုတဲ့အကွက်ထဲမှာ ကျွန်တော်ထည့်ပေးလိုက်တဲ့ Notepad ထဲက key တစ်ခုခုကို ထည့်ပေးလိုက်ပြီး Apply code ကို နှိပ်ပေးလိုက်တာနဲ့ Full version အဖြစ် အသုံးပြုလို့ ရသွားပါပြီ ..
ပြီးရင်တော့ သူ့ထဲမှာ ပေါ်ထားတဲ့ Animated wallpaper တစ်ခုခုကို Open လုပ်ပြီး ညာဖက်အောက်ဒေါင့်နားလေးက
Set as wallpaper ဆိုတာကို နှိပ်ပေးလိုက်တာနဲ့ Desktop background မှာ လှုပ်ရှားနေတဲ့ Animated Wallpaper ကိုမြင်တွေ့ရမှာ ဖြစ်ပါတယ် ..

ကဲ .. အဆင်ပြေကြပါစေဗျာ

0 comments:

Post a Comment

 
Twitter Bird Gadget