Sunday, September 22, 2013

စောင်းနေတဲ့ Video Clip တွေကို လိုချင်တဲ့ ဒီဂရီအတိုင်း လှည့်မယ် တည့်မယ်

Facebook Page မှာ မေးထားတာလေးပါ
တော်တော်များများအတွက်လည်း အသုံးဝင်မယ့်
နည်းပညာလေးမို့ ဘလော့မှာ တင်ပေးလိုက်တာပါ
Dear visitor,
I've shared a trick "To rotate a video clip by any degree".
If you are the one who doesn't know Burmese, watch the
tutorial video at the end of this article in which I've discribed in English.
Be enjoy!


To download the required program.

This Link is it website.(about 2 MB)

This Link is the file I uploaded ( added the required plug ins).(about 7 MB)


အကြောင်းကြောင်းကြောင့် မှတ်တမ်းတင်ရိုက်ကူးထားတဲ့
ဗွီဒီယိုဖိုင်တွေမှာ View စောင်းနေတာတွေကို ပြန်တည့်ပေးမယ့်နည်းလေးပါ
Video Rotater လို ဆော့ဝဲတော်တော်များများ ရှိပေမယ့် အဲဒီဆော့ဝဲတွေက
90 degrees ... 180 degrees ... Flip .. အဲဒီလို သတ်မှတ်ထားတဲ့ ဒီဂရီပမာဏအတိုင်းပဲ
ပြန်လှည့်လို့ ရတာဖြစ်တဲ့အတွက် ကြားခုလပ်က ပမာဏလောက် တိမ်းစောင်းနေတာမျိုးတွေကိုတော့
အဆင်ပြေအောင် လုပ်မပေးနိုင်ပါဘူး ..
အခု ကျွန်တော် တင်ပေးထားတဲ့ ဆော့ဝဲလေးကတော့ Free လည်း ရတဲ့အပြင် ကိုယ်လိုချင်တဲ့ Degree အတိုင်း ပြန်တည့်လို့ရပါတယ် ..

ကဲ .. ဆော့ဝဲကို ကိုယ့်စိတ်ကြိုက် Update ဒေါင်းချင်ရင် သူ့ရဲ့ မူရင်းဆိုက်ဖြစ်တဲ့ ဒီနေရာ မှာ ၀င်ရှာပြီး ဒေါင်းယူပါ ( 2 MB ကျော် ရှိပါတယ် )

အဲ .. သုံးလို့ အဆင်အပြေဆုံးဖြစ်အောင် လိုအပ်တဲ့ Plug In တော်တော်များများကို ထည့်သွင်းထားပြီးတဲ့ ရှယ်ဆော့ဝဲကို လိုချင်ရင်တော့ ဒီမှာ တင်ပေးထားပါတယ် .. ( 7 MB ကျော်ရှိပါတယ် )

Install လုပ်စရာမလိုပဲ အထဲမှာရှိတဲ့ VirtualDub ဆိုတဲ့ exe ဖိုင်လေးကို ဖွင့်သုံးရုံပါပဲ

ကဲ .. အသုံးပြုနည်း အကြမ်းဖျဉ်းလေး ပြောပြပါမယ် ..

VirtualDub  ဆိုတဲ့ Application ဖိုင်လေးကို Run လိုက်ပါ
ပထမဆုံး Run တဲ့အချိန်မှာ တက်လာတဲ့ ပထမ Box ကို Ok နှိပ်ပေးလိုက်ပါ
ဒုတိယ Box မှာတော့ Start VirtualDub ကို နှိပ်ပေးလိုက်ပါ
ပြီးရင်တော့ ပွင့်လာတဲ့ထဲက File ကနေ Open video file ကိုနှိပ်
ကိုယ်ပြင်ချင်တဲ့ ဗွီဒီယိုဖိုင်ကို ဖွင့်ပေးလိုက်ပါ
ပြီးရင် Video ဆိုတာကို နှိပ်လိုက်ပြီး ကျလာတဲ့ထဲက အပေါ်ဆုံးမှာရှိတဲ့ Filters ကိုနှိပ်ပါ ..
ပွင့်လာတဲ့ထဲက Add ဆိုတာကို နှိပ်လိုက်ပြီး ပွင့်လာတဲ့ထဲက rotate 2 ကိုရွေးပါ
ပြီးရင်တော့ ကိုယ် တည့်ချင်တဲ့ပမာဏကို တွက်ချက်ပြီးထည့်ပေးပါ
ဒီနေရာမှာ ဘယ်ဖက်ကို လှည့်ချင်တယ်ဆိုရင် သာမာန် ကိန်းဂဏန်းကိုပဲ ရိုက်ထည့်ရပြီး
ညာဖက်ကိုလှည့်မယ်ဆိုရင်တော့ ကိန်းဂဏန်းရှေ့မှာ အနှုတ်လက္ခဏာလေး ထည့်ပေးရမှာပါ
ပြီးရင် ကိုယ့်ဗွီဒီယိုဖိုင်ထဲက Background အရောင်နဲ့အနီးစပ်ဆုံးအရောင်ကို ရွေးပေးပြီး
Ok တွေကို နှိပ်ပေးလိုက်ရင် ဗွီဒီယိုဖိုင်ဟာ ကိုယ်သတ်မှတ်ပေးလိုက်တဲ့ ဒီဂရီအတိုင်း
လှည့်သွားပါလိမ့်မယ် ..
ကိုယ်မှန်းဆပြီးထည့်လိုက်တဲ့ ဒီဂရီက မမှန်လို့ ဗွီဒီယိုဖိုင်ဟာ ကွက်တိမဖြစ်သွားဘူးဆိုရင်
အရင်အဆင်အတိုင်းပဲ Video >> Filters >> Add >> rotate 2 လို့ အဆင့်ဆင့်ပြန်သွားပြီး
အရင်အဆင့်မှာထည့်ခဲ့တဲ့ Filter မှတ်ချက်ကို ကလစ်ပေးပြီး ညာဖက်ထဲက Delete ကိုနှိပ် Ok ကိုနှိပ်လိုက်ရင် အရင်အဆင့်တုန်းက ပြင်ခဲ့တာတွေ ပျက်သွားပါမယ် ..
အဲဒီတော့ Video >> Filters >> Add >> rotate 2 လို့ အဆင့်ဆင့်ပြန်သွားပြီး ဒီဂရီ အတိုးအလျှော့ နဲ့
Background အရောင်တွေကို ပြန်လည်ချိန်ညှိပေးရမှာ ဖြစ်ပါတယ် ...
အားလုံးကို သဘောကျတဲ့အနေအထား ရသွားပြီဆိုရင်တော့ File ကနေ Save as AVI ကိုနှိပ်ပြီး
ဖိုင်နံမည်ပေးပြီး Save လိုက်ရင် ပြုပြင်ထားပြီးသား ဗွီဒီယိုဖိုင်လေးဟာ My Videos ဆိုတဲ့ ဖိုဒါထဲမှာ .avi ဖိုင်အဖြစ်နဲ့ ရောက်ရှိသွားမှာဖြစ်ပါတယ် ...

0 comments:

Post a Comment

 
Twitter Bird Gadget