Friday, October 11, 2013

သရုပ်ဆောင် မင်းခန့်ကျော်ကို သရဝဏ် ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးက တရားစွဲမည်


သရဝဏ်ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ သရုပ်ဆောင် မင်းခန့်ကျော်ကို နှစ်ဦးသဘောတူ စာချုပ်ဖြင့် ရိုက်ကူးပေးရန် အပ်နှံထားသော ဗီဒီယိုဇာတ်ကား ငါးကားကို အချိန်မီအပ်နှံခြင်း မရှိဘဲ ရှောင်လွှဲနေသည့်အတွက် ပုဒ်မ-၄၂၀ (လိမ်လည်မှု) ဖြင့် ကျောက်တံတား တရားရုံးတွင် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ယင်းရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး၏ မန်နေဂျာက The Voice သို့ ပြောကြားသည်။
“သူက ကျွန်မတို့ သရဝဏ်က ထုတ်လုပ်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ဒုတိယမင်းသားအနေနဲ့ ၁၀ ကားကျော်လောက် ရိုက်ဖူးပါတယ်။
သူက ခေါင်းဆောင်မင်းသား အနေနဲ့ ကန်ထရိုက်ယူပြီး ရိုက်ခွင့်ပေးပါဆိုလို့ ပထမဆုံး ဇာတ်ကားကို သိန်း ၂၀၊ နောက်ထပ်လေးကားကို ၂၃ သိန်းစီနဲ့ သုံးလအတွင်း မာစတာခွေအပြီး အပ်ပါမယ်ဆိုပြီး နှစ်ဦးသဘောတူ စာချုပ်ချုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီဇာတ်ကားတွေကို သုံးနှစ်လောက် ကြာတဲ့အထိ မအပ်နှံဘဲ ရှောင်ပြေးနေတဲ့ အတွက် အခုလို တရားစွဲရတာပါ” ဟု ဒေါ်သင်းသင်းအေးက ထပ်လောင်းပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ The Voice က သရုပ်ဆောင် မင်းခန့်ကျော်ကို ဆက်သွယ်မေးမြန်းရာ ဇာတ်ကားများကို သတ်မှတ်ချိန်အတွင်း မအပ်နှံနိုင်ခြင်းမှာ ကားဆက်ခန်းတွင် ဇာတ်ကားများကို အလှည့်ကျ ကားဆက်ရသည့်အတွက် စောင့်ဆိုင်းနေရခြင်း ဖြစ်ကြောင်း၊ တာဝန်ယူထားသော ဇာတ်ကား ငါးကားအနက် နှစ်ကားပြီးသွားပြီ ဖြစ်ပြီး၊ သုံးကားမှာ ကားဆက်သည့် အဆင့်တွင် ရောက်နေပြီ ဖြစ်ကြောင်း၊ ယခုကိစ္စမှာ နားလည်မှု လွဲမှားခြင်းကြောင့် ဖြစ်သည်ဟု မှတ်ယူပြီး နှစ်ဖက်ညှိနှိုင်း ဆွေးနွေးပြီးပါက အဆင်ပြေသွားမည်ဟု ယူဆကြောင်း ပြန်လည် ဖြေကြားသည်။

0 comments:

Post a Comment

 
Twitter Bird Gadget