Friday, October 11, 2013

မိုးစက်ဝိုင် လည်း မယ်မဖြစ်သင့်ဘူး... ဒေါ်အောင်ဆန်းစုကြည် လည်း သမ္မတ မဖြစ်သင့်ဘူး..


မြန်မာနိုင်ငံမှာ ပြည်ထောင်စု တိုင်းရင်းသား လူမျိုး (၁၃၅) မျိုး ရှိပါသည်။

Miss universe Myanmar နှင့် နိုင်ငံတော် သမ္မတ သည် ထို တိုင်းရင်းသားများထဲမှဖြစ်သင့်သည်။ မြန်မာနိုင်ငံတွင် တစ်သက်လုံးနေထိုင်လာသူ၊ အိမ်ထောင်ရှိလျှင်လည်း တိုင်းရင်းသား ၁၃၅ မျိုးနှင့် လက်ထပ်ပေါင်းသင်းသူ၊ သားသမီးရှိလျှင်လည်း မြန်မာနိုင်ငံသား မှတ်ပုံတင်ထားသူ၊ မြန်မာစာ၊ မြန်မာစကား တတ်သူသာ  ဖြစ်သင့်သည်ဟု ယူဆပါသည်။


မြန်မာနိုင်ငံသည် တရုတ်လက်အောက်ခံပြည်နယ်မဟုတ်သလို၊ အင်္ဂလန် ရဲ့ လက်ကိုင်ဒုတ် လည်း မဟုတ်ပါ။

တရုတ်ပြည်သူ့ သမ္မတ မြန်မာနိုင်ငံလည်း မဟုတ်သလို၊ သမ္မတထိုင်ခုံထိုင်မယ့်သူကလည်း မစ္စစ်စုကြည် မဖြစ်သင့် သလို၊ မစ်ယူနီဘာ့စ် ကိုလည်း မိုးစက်ဝိုင် မဖြစ်သင့်ပါ။

ယခု ရွေးချယ်ထားသော miss universe myanmar ၏ လူမျိုးရင်းဖြစ်သော အင်အားကြီး လူမျိုးခြားနိုင်ငံတစ်ခု၏ အင်တာနက်စာမျက်နှာများ၊ မီဒီယာများက ရေးသားနေခြင်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ပြိတိန်၊ ဘူတန်၊ အမေရိကန် နှင့် အနောက်နိုင်ငံများက ၄င်းတို့၏ ငယ်မွေးခြံပေါက်သဖွယ် အမွှမ်းတင်ရေးသား ဂုဏ်ယူခြင်းအား အမျိုးသားရေးစိတ်ဓါတ်ဖြင့် ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း

0 comments:

Post a Comment

 
Twitter Bird Gadget