Sunday, October 6, 2013

အင်တာနက် စောင့်ကြည့်ရေး ဝန်ထမ်းနှစ်သန်း တရုတ်အစိုးရ ခန့်ထား၊ မြန်မာနိုင်ငံတွင်လည်း စောင့်ကြည့်ရေးဝန်ထမ်း ၂ သောင်းခန့် ထားရှိသင့်

အမေရိကန်နှင့် အနောက်နိုင်ငံများရှိ ကွန်ပျူတာ ကွန်ရက်ကို ဖောက်ထွင်း၍ သတင်းအချက်အလက်များ ခိုးယူလျက် ရှိသည်ဟု စွပ်စွဲခံထားရသော တရုတ်အစိုးရသည် အင်တာနက် အသုံးပြုမှုများကို စောင့်ကြည့်ရန် လူဦးရေ နှစ်သန်းခန့်ကို အစိုးရ ဝန်ထမ်းအဖြစ် အလုပ်ခန့်ထားကြောင်း တရုတ်အစိုးရပိုင် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

တရုတ်အစိုးရထုတ် The Beijing News တွင် ဖော်ပြထားချက်အရ အင်တာနက် အတွေးအမြင် သုံးသပ် လေ့လာသူများဟု နာမည်ပေးထားသော အဆိုပါ ဝန်ထမ်း နှစ်သန်းခန့်ကို အစိုးရ၏ လခပေးသော စာရင်းတွင် ထည့်သွင်းထားသည်ဟု ဆိုသည်။

တရုတ်နိုင်ငံတွင် သန်းရာနှင့်ချီသော အင်တာနက် အသုံးပြုသူများသည် Sina Weibo ကဲ့သို့သော အင်တာနက်ဘလော့ ဝက်ဘ်ဆိုက်များကို အသုံးပြု၍ တရုတ်အစိုးရကို ဝေဖန်မှုများ ပြုလုပ်လျက်ရှိသည်။

အဆိုပါ အင်တာနက် စောင့်ကြည့်သူများသည် ဝက်ဘ်ဆိုက်များတွင် ရေးသားထားသည်များကို ဖျက်ပစ်သည့် အလုပ်ကို လုပ်ရခြင်းမဟုတ်ဘဲ ၎င်းအရေးအသားများကို သိမ်းဆည်း၍ တာဝန်ရှိသူများထံသို့ ပို့ပေးရခြင်း ဖြစ်သည်။

အင်တာနက် စောင့်ကြည်သူများ အလုပ်လုပ်သောရုံး၌ အသုံးပြုသော ဆော့ဖ်ဝဲလ်များမှာ အလွန်အဆင့်မြင့်ပြီး ၎င်းတို့သည် တရုတ်ပြည်တွင်း အင်တာနက်ကိုသာမက ပြည်ပရှိ ဝက်ဘ်ဆိုက်များကိုလည်း စောင့်ကြည့်လျက် ရှိကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

အင်တာနက် စောင့်ကြည့် စစ်ဆေးမှုနှင့် ပတ်သက်၍ လည်းကောင်း၊ အဆိုပါ နည်းပညာရှင်များ၏ ကျွမ်းကျင်မှုကို လည်းကောင်း အသေးစိတ် အချက်အလက်များကို တရုတ်အစိုးရ အနေနှင့် ထုတ်ဖော်ပြောကြားလေ့ မရှိပေ။

ယခုဖော်ပြထားသော အင်တာနက် စောင့်ကြည့်သူ နှစ်သန်းခန့်မှာ အင်တာနက် ထိန်းချုပ်ရေးကို အဓိက လုပ်ဆောင်နေသော တရုတ်တပ်မတော်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယူဆနိုင်သည်။

တရုတ်နိုင်ငံတွင် လူသုံးများသော မိုက်ကရိုဘလော့ ဝက်ဘ်ဆိုက်မှာ ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့သော Sina Weibo ဖြစ်ပြီး ယင်းဝက်ဘ်ဆိုက်တွင် အသုံးပြုသူ စာရင်းသွင်းထားသူ အရေအတွက်မှာ သန်း ၅၀၀ ရှိကာ၊ နေ့စဉ် သတင်းရေးသားချက် မက်ဆေ့ခ်ျပေါင်း သန်း ၁၀၀ ခန့်ရှိသည်။

အဆိုပါ သတင်းရေးသားချက် မက်ဆေ့ခ်ျများတွင် လူတစ်ဦးချင်း၏ ဝါသနာများ၊ ကျန်းမာရေး ကိစ္စများ၊ ထင်ပေါ် ကျော်ကြားသူများ၏ အကြောင်းအရာများမှအစ တရုတ်အစိုးရ အရာရှိများ လာဘ်စားသည့် ကိစ္စကဲ့သို့သော နိုင်ငံရေးအရ အထိမခံသော ကိစ္စများ ရေးသားကြသည်။

Facebook Video များကို ဆော့ဝဲမလိုပဲ အလွယ်ဒေါင်းနည်း ကျွန်တော်တို့ အင်တာနက်ကို ပုံမှန်ဒေါင်းသူတွေ အများစုက IDM ကိုစက်ထဲမှာ သွင်းထားတဲ့ အတွက် Video ဒေါင်းတာတွေနဲ့ပက်သတ်ရင် အခတ်အခဲမရှိပါဘူး ဒေါင်းမလားဆိုတာ အလိုလိုပေါ်လာပါတယ် ဒါပေမယ့် မိမိကိုယ်ပိုင်စက်မဟုတ်ဘဲ အင်တာနက်ဆိုင်မှာသုံးသူတွေ ကျတော့ လိုင်းမကောင်းရဲ့ကြားထဲ IDM ပါ ထပ်ဒေါင်းရမယ်ဆို အဆင်မပြေဘူး ဒါကြောင့် ဒီနည်းလေးကို ကျွန်တော်သိသလောက် တင်ပြလိုက်ရတာပါ။ facebook video တွေကို ဒေါင်းနိုင်တဲ့ နည်းလမ်းပေါင်းများစွာရှိပေမယ့် အခုနည်းလေးကတော့ လက်ရှိအချိန်မှာ အဆင်ပြေနေဆဲမို့ပါ ကွန်ပျူတာ အခြေခံကိုသေချာမသိသူတွေအတွက်ပါ အဆင်ပြေအောင် ရေးပေးလိုက်ပါတယ် သယ်ချင်းတို့ရေ။ စစခြင်း ကျွန်တော်တို့ လိုချင်တဲ့ ဗီဒီယိုကိုဖွင့်လိုက်ပါ အောက်ကပုံအတိုင်း သူ့အပေါ်က address bar က လိပ်စာအကုန် Select ပေးပြီး ကော်ပီကူးလိုက်ပါ ပြီးရင်တော့ http://www.downvids.net/ ကိုသွားလိုက်ပါ ပြီးရင် အောက်ကပုံမှာပြထားသလိုပဲ ခုနက ကော်ပီယူခဲ့တဲ့ Address ကို Paste လုပ်ပြီး အနီနဲ့ဝိုင်းပြထားတဲ့ Download ကို နှိပ်လိုက်ပါ ဒါဆို အောက်ကပုံလေးအတိုင်း မရပါဘူးလို့ ပြောပါတယ် စိတ်မညစ်ပါနဲ့။ မရပါဘူးပြောတဲ့ Option 2 က နံပါတ်(၁)မှာ သူပေးတဲ့ လင့်ကို နှိပ်လိုက်ပါ ခုနက သူပြောတဲ့ လင့်လေးကိုနှိပ်လိုက်တော့ ကိုယ်ဒေါင်းချင်တဲ့ ဗီဒီယို မူရင်းလင့်နေရာကိုရောက်သွားပါတယ် အဲဒီအခါ လွတ်တဲ့ နေရာလေးမှာ Right click နှိပ်ပြီး View page source ကိုနှိပ်လိုက်ပါ အောက်ကပုံလေးအတိုင်း page source code တွေပေါ်လာပါတယ် အကုန် Select လုပ်ဖို့ ကီးဘုတ်က Ctrl+A ကိုတွဲနှိပ်လိုက်ပါပြီးရင် copy လုပ်ပါ(Ctrl+C) အိုကေ ကော်ပီကူးပီးသွားပြီဆိုရင် ခုနက အကွက်လေးဆီပြန်သွားပါ အောက်ကပုံလေးပြထားသလိုပေါ့ အဲဒီအကွက်လေးမှာ right click နှိပ်ပြီး paste လုပ်လိုက်ပါ ကော်ပီကူးခဲ့တဲ့ ကုဒ်တွေကို တွေ့ရပါလိမ့်မယ် ပြီးရင်တော့ အောက်က Download ဆိုတာကိုနှိပ်လိုက်ပါ ခဏစောင့်လိုက်ရင် ဒေါင်းဖို့အတွက်လာပြောပါလိမ့်မယ် Save လုပ်ရုံပါပဲ မှတ်ချက်။ တစ်ခါတစ်ရံမှာ save မပြပါဘူး web player နဲ့ ဗီဒီယိုချည်း သက်သက် လာပြပါတယ် အဲဒီအခါ File Menu ထဲက save page as(Ctrl+S) ကိုနှိပ်လိုက်ရင် Save လုပ်ဖို့မေးပါလိမ့်မယ် အဲဒီအခါ .mp4 နဲ့ဆုံးလား ကြည့်လိုက်ပါ မှန်တယ်ဆိုရင်တော့ save ကိုသာ ရဲရဲနှိပ်ပစ်လိုက်ပါ။ ~~~~~~~~~~~~~~~~~~~~~~ အားလုံးကိုကျေးဇူးတင်ပါတယ် အောင်ကျော်ခိုင်(ပုသိမ်) ၂၀.၇.၂၀၁၃(၉း၀၀) ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

Source: http://www.aungkyaw.net/2013/07/facebook-video.html
www.aungkyaw.net မှ ပြန်လည်မျှဝေသည်
Facebook Video များကို ဆော့ဝဲမလိုပဲ အလွယ်ဒေါင်းနည်း ကျွန်တော်တို့ အင်တာနက်ကို ပုံမှန်ဒေါင်းသူတွေ အများစုက IDM ကိုစက်ထဲမှာ သွင်းထားတဲ့ အတွက် Video ဒေါင်းတာတွေနဲ့ပက်သတ်ရင် အခတ်အခဲမရှိပါဘူး ဒေါင်းမလားဆိုတာ အလိုလိုပေါ်လာပါတယ် ဒါပေမယ့် မိမိကိုယ်ပိုင်စက်မဟုတ်ဘဲ အင်တာနက်ဆိုင်မှာသုံးသူတွေ ကျတော့ လိုင်းမကောင်းရဲ့ကြားထဲ IDM ပါ ထပ်ဒေါင်းရမယ်ဆို အဆင်မပြေဘူး ဒါကြောင့် ဒီနည်းလေးကို ကျွန်တော်သိသလောက် တင်ပြလိုက်ရတာပါ။ facebook video တွေကို ဒေါင်းနိုင်တဲ့ နည်းလမ်းပေါင်းများစွာရှိပေမယ့် အခုနည်းလေးကတော့ လက်ရှိအချိန်မှာ အဆင်ပြေနေဆဲမို့ပါ ကွန်ပျူတာ အခြေခံကိုသေချာမသိသူတွေအတွက်ပါ အဆင်ပြေအောင် ရေးပေးလိုက်ပါတယ် သယ်ချင်းတို့ရေ။ စစခြင်း ကျွန်တော်တို့ လိုချင်တဲ့ ဗီဒီယိုကိုဖွင့်လိုက်ပါ အောက်ကပုံအတိုင်း သူ့အပေါ်က address bar က လိပ်စာအကုန် Select ပေးပြီး ကော်ပီကူးလိုက်ပါ ပြီးရင်တော့ http://www.downvids.net/ ကိုသွားလိုက်ပါ ပြီးရင် အောက်ကပုံမှာပြထားသလိုပဲ ခုနက ကော်ပီယူခဲ့တဲ့ Address ကို Paste လုပ်ပြီး အနီနဲ့ဝိုင်းပြထားတဲ့ Download ကို နှိပ်လိုက်ပါ ဒါဆို အောက်ကပုံလေးအတိုင်း မရပါဘူးလို့ ပြောပါတယ် စိတ်မညစ်ပါနဲ့။ မရပါဘူးပြောတဲ့ Option 2 က နံပါတ်(၁)မှာ သူပေးတဲ့ လင့်ကို နှိပ်လိုက်ပါ ခုနက သူပြောတဲ့ လင့်လေးကိုနှိပ်လိုက်တော့ ကိုယ်ဒေါင်းချင်တဲ့ ဗီဒီယို မူရင်းလင့်နေရာကိုရောက်သွားပါတယ် အဲဒီအခါ လွတ်တဲ့ နေရာလေးမှာ Right click နှိပ်ပြီး View page source ကိုနှိပ်လိုက်ပါ အောက်ကပုံလေးအတိုင်း page source code တွေပေါ်လာပါတယ် အကုန် Select လုပ်ဖို့ ကီးဘုတ်က Ctrl+A ကိုတွဲနှိပ်လိုက်ပါပြီးရင် copy လုပ်ပါ(Ctrl+C) အိုကေ ကော်ပီကူးပီးသွားပြီဆိုရင် ခုနက အကွက်လေးဆီပြန်သွားပါ အောက်ကပုံလေးပြထားသလိုပေါ့ အဲဒီအကွက်လေးမှာ right click နှိပ်ပြီး paste လုပ်လိုက်ပါ ကော်ပီကူးခဲ့တဲ့ ကုဒ်တွေကို တွေ့ရပါလိမ့်မယ် ပြီးရင်တော့ အောက်က Download ဆိုတာကိုနှိပ်လိုက်ပါ ခဏစောင့်လိုက်ရင် ဒေါင်းဖို့အတွက်လာပြောပါလိမ့်မယ် Save လုပ်ရုံပါပဲ မှတ်ချက်။ တစ်ခါတစ်ရံမှာ save မပြပါဘူး web player နဲ့ ဗီဒီယိုချည်း သက်သက် လာပြပါတယ် အဲဒီအခါ File Menu ထဲက save page as(Ctrl+S) ကိုနှိပ်လိုက်ရင် Save လုပ်ဖို့မေးပါလိမ့်မယ် အဲဒီအခါ .mp4 နဲ့ဆုံးလား ကြည့်လိုက်ပါ မှန်တယ်ဆိုရင်တော့ save ကိုသာ ရဲရဲနှိပ်ပစ်လိုက်ပါ။ ~~~~~~~~~~~~~~~~~~~~~~ အားလုံးကိုကျေးဇူးတင်ပါတယ်

0 comments:

Post a Comment

Twitter Bird Gadget