Tuesday, October 22, 2013
ရန်ကုန် - ဘန်ကောက် ကားဖြင့် တိုက်ရိုက်သွားနိုင်ပြီ
ရန် ကုန်-ထားဝယ်-ကန်ချနာဘူရီမြို့ (ထိုင်းနိုင်ငံ)သို့ ကားဖြင့် သွား ရောက်လည်ပတ်နိုင်ပြီဖြစ်ကြောင်း Dawei Beauty Travels & Tours ခရီးသွားလုပ်ငန်းမှ သိရ သည်။ ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံ ကြား နယ်စပ်ဂိတ်လေးခုတွင် တစ်ခုအပါအဝင်ဖြစ် သည့် ထီးခီးနယ် စပ်မှ နိုင်ငံခြားသားခရီးသည်များ ကို ခရီးသည်တင်ကားဖြင့် ဝင် ထွက်ခွင့်ပေးခဲ့ပြီး တစ်လအကြာ တွင် အဆိုပါအလည်အပတ်ခရီး စဉ်အား စတင်ခဲ့ ခြင်းဖြစ် ကြောင်း အဆိုပါ ခရီးသွား လုပ်ငန်း၏ ဒုတိယ ဥက္ကဋ္ဌ ဦးညီညီနိုင်က ပြောသည်။
Dawei Beauty Travels & Tours ခရီးသွားလုပ်ငန်း ဒု-ဥက္ကဋ္ဌ ဦးညီညီနိုင်က ''အခု ထားဝယ် ဘက်ကလဲ ငြိမ်းချမ်းနေပြီ။ သွား ရေးလာရေးကလဲ အရင်လို သိပ် မခက်ခဲတဲ့အတွက် ခရီးသွားလုပ် ငန်းလုပ်ဖို့ စတင်တာပါ။ လူတိုင်း က ပုဂံဆိုတာသိပေမယ့် ပင်လယ် အလှအပတွေဝန်းရံထားတဲ့ ထား ဝယ်ကို သိပ်မသိကြဘူး။ အခု ထီးခီးနယ်စပ်ကနေ ကန်ချနာဘူရီ အထိ အလွယ်တကူ ကားနဲ့သွား နိုင်တဲ့အတွက် ခရီးသွားလုပ်ငန်း လုပ်ဖို့ ဆုံးဖြတ်လိုက်တာ''ဟု ဆို သည်။
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment