Tuesday, October 22, 2013
ဓာတ်ပုံခိုးရိုက်ကာ အင်တာနက်ပေါ် တင်လေ့ရှိတဲ့ NLD ပါတီအလုပ်အမှုဆောင် အတွင်းရေးမှူး တစ်ဦးကို ပြည်သူအချို့က ရိုက်နှပ်ဆုံးမ
တောင်ဒဂုံမြို့နယ်တွင် ဓာတ်ပုံခိုးရိုက်ကာ အင်တာနက်ပေါ် တင်လေ့ရှိတဲ့ NLD ပါတီအလုပ်အမှုဆောင် အတွင်းရေးမှူး တစ်ဦးကို ပြည်သူအချို့က ရိုက်နှပ်ဆုံးမလိုက်ကြောင်း သတင်းရရှိသည်။
ကိုလှသန်းဦးက ရာကျော်လမ်းရှိ သီတင်းကျွတ် မီးထွန်းပွဲတော်တွင် မိတ်ဆွေဖြစ်သူကိုအောင်နိုင်၏ သားသမီးများအား ဓာတ်ပုံရိုက်သည်ဟုဆိုက ဖုန်းကင်မရာဖြင့် အခြားသူများကို လိုက်ရိုက်နေသဖြင့် ဒေသခံပြည်သူအချို့က ဝိုင်းဝန်းရိုက်နှပ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် လက်သီးဖြင့် ထိုးကြိတ်မှုကြောင့် ၀ဲဘက်နားထင်၊ ယာလက်ကောက်ဝတ်တို့တွင် နာကျင်ဒဏ်ရာများ ရရှိကာ သင်္ဃန်းကျွန်းဆေးရုံတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရသည်။
အတိုင်အတောထူသည့် NLD ပါတီ အတွင်းရေးမှုးမှ ၎င်းတို့ကို အရေးယူပေးရန် ကိုလှသန်းဦးက စွပ်စွဲတိုင်တန်းထားသဖြင့် ရဲစခန်းက (ပ)၈၈၂/ ၂၀၁၃ ဖြင့် အမှုဖွင့်ပေးထားရသည်ဟုလည်း တိုင်းရဲတပ်ဖွဲ့ကဆိုသည်။
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment