Friday, October 4, 2013

ဒေါ်လာ ၁၁ ဘီလီယံကိစ္စ မသိရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ပြော Friday, October 04, 2013 Myanmar Express Group No comments




သတင်းစာနဲ့ ဂျာနယ်တွေမှာ ဖော်ပြနေတဲ့ မြန်မာနိုင်ငံက ဘဏ်စာရင်း အကောင့် ၅ခုနဲ့ နိုင်ငံခြားဘဏ်တွေမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားတယ်ဆိုတဲ့ကိစ္စ မသိရှိပါကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောပါတယ်။
ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သူက ခုလို ရှင်းပြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံပိုင်ဘဏ်၊ ပုဂ္ဂလိကဘဏ်တွေကနေ နိုင်ငံခြားဘဏ်တွေမှာ အပ်နှံထားတဲ့ နိုင်ငံခြား အရန်ငွေဟာ စက်တင်ဘာလ ၁၀ ရက်နေ့အထိ စုစုပေါင်း ၇ ဒဿမ ၆ ဘီလီယံပဲ ရှိပြီး ကျန်ဘဏ်စာရင်းနဲ့ ငွေစာရင်းတွေကိုတော့ မသိကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
အလားတူ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကလည်း သတင်းစာ တစောင်မှာ ရေးသားဖော်ပြထားတဲ့ မြန်မာနိုင်ငံက ဘဏ်အကောင့် ၅ ခုနဲ့ ဒေါ်လာ ၁၁ ဘီလီယံ ရှိတာကြောင့် ကမ္ဘာ့ဘဏ်ကနေ အကြွေးတွေ လျော်ပစ်တာ မလုပ်ခဲ့ကြောင်း ရေးသား ဖော်ပြချက်ဟာလည်း မှားယွင်းကြောင်း၊ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်အပေါ်မှာ တင်နေတဲ့ အကြွေးနဲ့ ပတ်သက်ပြီး ဖြေရှင်းမယ့် နည်းနာ ၄ ခု ရှိကြောင်း၊ ဒီအထဲကမှ အသင့်တော်ဆုံးလို့ ဆိုတဲ့ နိုင်ငံတခုခုကနေ ပေါင်းစည်းချေးငွေရယူပြီး ဖြေရှင်းတဲ့နည်းကို အသုံးပြုခဲ့ခြင်းသာ ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

0 comments:

Post a Comment

 
Twitter Bird Gadget