Friday, October 4, 2013

SEA Game ကြိုဆို ဂုဏ်ပြု တစ်ကိုယ်တော် ခရီးရှည် လမ်းရှောက်သူ မြိတ်မြိုသား ကိုအောင်သူ ကော့သောင်းမှ စတင်ထွက်ခွာ

မြိတ်ပုလဲမြေ


(၂၇)ကြိမ်မြောက် SEA Game ပွဲတော် ကို ကြိုဆို ဂုဏ်ပြု သော အားဖြင့် မြန်မာနိုင်ငံ တောင်ဖက် စွန်း ကော့သောင်းမြို့ မှ နေပြည်တော် အထိ တစ်ကိုယ်တော် ခရီးရှည် လမ်းရှောက်သူ မြိတ်မြို့၊ ကန်ဖျားရပ် မြေနီလမ်းနေ အသက်(၄၅) နှစ် အရွယ် ဦးအောင်သူ သည် လမ်းလျှောက် ခရီးစဉ် ကို အောက်တို့ဘာလ ၁ ရက် နေ့ နံနက် (၆) နာရီက ကော့သောင်းမြို့ ဘုရင့်နောင်အငူ (၀ိတိုရိယအငူ) ရှေ့ မှ စတင်ထွက်ခွာသွားပြီ ဖြစ်သည်။

အဆိုပါ SEA Game ပွဲတော် ဂုဏ်ပြု လမ်းလျှောက် သူ ဦးအောင်သူ အား ကော့သောင်းခရိုင် အားကစားနှင့် ကာယပညာ ကော်မတီမှ တာဝန် ရှိသူများ၏ ကူညီပံ့ပိုးမူ မြို့မိမြို့ဖ ပြည်သူများ ၊ ကျောင်းသူ/ ကျောင်းသား များ သောင်းသောင်းဖျဖျ အားပေး ဂုဏ်ပြုမှု ခွန်အားများဖြင့် စတင်ထွက်ခွာ ရာမှ ကော့သောင်းမြို့နယ်အတွင်း ကျေးရွာများသို့ ဖြတ်သန်းစဉ် ကျေးရွာ လုံးကျွတ် ကျေးလက်ပြည်သူများက ထပ်ဆင့်အားပေး ဂုဏ်ပြုခဲ့ကြသည်။

ဦးအောင်သူ သည် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Game ပွဲတော် ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် တစ်ကိုယ်တော် ခရီးရှည် လမ်းလျှေက်ခြင်း သည် ယခု အကြိမ်သည် ဒုတိယ အကြိမ်ဖြစ်ပြီး ကော့သောင်း မြို့ မှ နေပြည်တော်အထိ မိုင်ပေါင်း (၁⁠၁၈၂) မိုင် ကို (၅၅) ရက်ကြာ လမ်းရှောက် မည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

 
Twitter Bird Gadget