
Friday, November 29, 2013
မြန်မာရွှေ့ပြောင်း ကျောင်းသူ နှစ်ဦးအား ကျောင်းအုပ်ဖြစ်သူက အဓမ္မပြုကျင့်

ထိုင်း- မြန်မာနယ်စပ်မဲဆောက်မြို့တွင်အသက်၁၂နှစ်အရွယ် မြန်မာရွှေ့
ပြောင်းကျောင်းသူလေး နှစ်ဦးအား သွေးဆောင် ဖြားယောင်ခြိမ်း ခြောက်ပြီး
သားမယားပြုကျင့်ခဲ့ သောအမှု တစ်ခု ပေါ်ပေါက်ခဲ့ ကြောင်း သိရ သည်။
ပြစ်မှုကျူးလွန် သူမှာ စော ဒေးဗစ်ခေါ် ဒေးဗစ်မင်းနိုင်ဖြစ်ပြီး
မိဘမဲ့ကလေးများအတွက် ဖွင့်လှစ် ထားသည့် အာကာဘေကျောင်းကို
စတင်တည်ထောင်ခဲ့သူဖြစ်ပြီး လက် ရှိတွင် အာကာဘေကျောင်း၏
ကျောင်းအုပ်ဖြစ်ကြောင်း သိရ သည်။အမှုဖြစ်ပွားပုံ မှာ စောဒေး ဗစ်က
ညစဉ်ညတိုင်း အဆောင်နေ...
သက်တော် ၁၀၄ နှစ် ဆရာတော်ကြီးဦးသြဘာသ၏ ဆင်ဖြူတော်ကျောင်းတိုက်သို့ သာသနာပြုမြွေကြီးရောက်ရှိနေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဘီးလင်း တန်း
ရပ်ကွက်၊ ပေါက်ကုန်း၊ ဆင်ဖြူတော် ဘုန်းတော် ကြီး ကျောင်း
တိုက်(သက်တော်ရှည်)၊ သက်တော် (၁၀၄)နှစ်ရှိ ဆရာတော်ကြီး ဘဒ္ဒန္တသြဘာသ၏
ကျောင်းတိုက်တော်ကြီးသို့ ၂၁-၁၁-၂၀၁၃နေ့ ညနေ (၆း၁၅)နာရီခန့်က
လုံးပတ်(၁၀)လက်မ၊ အရှည် (၈)ပေရှိ စပါးကြီး မြွေမကြီးတစ်ကောင် မထင်မှတ်ဘဲ
ရောက်ရှိ လာခဲ့သည်။သမိုင်းဖြစ်စဉ်မှာ ယခုပေါက်ကုန်း၊ ဆင်ဖြူတော်
ဘုန်းတော်ကြီး ကျောင်းတိုက်ကြီး၏ လက်ရှိဆရာတော် သက်တော်(၁၀၄)နှစ်ရှိ...
ထိုင်းနယ်စပ်ဒုက္ခသည်စခန်းရှိ မြန်မာနိုင်ငံသားများကို ဒီဇင်ဘာတွင် ပြန်ခေါ်မည်

ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင် ရောက်ရှိနေသော မြန်
မာနိုင်ငံသားများကို ဒီဇင်ဘာလအ တွင်း ပြည်တွင်းသို့ပြန်လည်ခေါ်ဆောင် သွားရန်
အစီအစဉ်ရှိကြောင်း သီတဂူ အထောက်အကူပြုအဖွဲ့ အာရှတော် ဝင်ဆေးရုံ၏
အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာမြတ်သူက ပြောသည်။''ထိုင်းနယ်စပ်ဘက်က
camp တွေကို ဆက်သွယ်ဖို့ အစီအစဉ်လည်း ရှိတယ်။ အဲဒီမှာလည်း camp တွေက
အများကြီး။ အဲဒီက မြန်မာနိုင်ငံသားတွေ သူတို့ရဲ့ဆန္ဒပဲ။ ပြန်ချင်တယ်ဆို ရင်
ခေါ်ထုတ်မယ်။ မပြန်ချင်ဘူးဆိုတဲ့ လူအတွက်တော့...
တရုတ် လေတပ်ကို တပ်လှန့်

တရုတ် အစိုးရ လေကြောင်း ကာကွယ်ရေး ဇုန် ပေါ် ဂျပန်နဲ့ တောင် ကိုရီးယား
စစ်လေယာဉ် တွေ ဖြတ်ကျော် ပျံသန်းတဲ့ သတင်းတွေ ထွက်လာ ပြီးနောက် တရုတ်
တိုက်ခိုက်ရေး စစ်လေယာဉ်တွေ ဒီနယ်မြေ မှာ ချထား လိုက်ပြီလို့ တရုတ် ဘက်က
ကြေညာ ခဲ့ပါတယ်။လေယာဉ်တွေ ပုံမှန် အတိုင်း ကင်းလှည့် တာအပြင် လေတပ် ကိုလည်း တပ်လှန့် ထားတယ်လို့ ဆင်ဟွာ တရုတ် သတင်းဌာနက ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ဂျပန်နဲ့
တောင်ကိုရီးယား ဘက်ကတော့ တရုတ် ဘက်က တောင်းဆို သလို ဘာမှ အကြောင်းမကြားဘဲ
အဲဒိ လေကြောင်း...
သမီးရတာ နာခဲ့သော ကျုပ်တို့ ဗိုလ်ချုပ်

မြန်မာ့ တပ် မတော် ဖခင်ကြီး၏ သမီးရတနာ..... ဒေါ် အောင်ဆန်း စုကြည် တဲ့ ဗျာ ... ရင်နာလို့ မဆုံးပါဘူး....ထပ်မေးလိုက်ချင်တယ်..... မြေး ငနာလေးတွေ ကိုရော .....ဘယ်လိုချီးမြောက်ကြမှာလဲ..... ဗိုလ်ချုပ်က အင်္ဂလိပ်ကို ရွံမုန်းလို့ တိုက်ထုတ်ခဲ့တယ်..... သမီးက အင်္ဂလိပ်ကို ချစ်လွန်းလို့ လက်ထပ်ခဲ့တယ်..... ဗိုလ်ချုပ်က တိုင်းပြည်ကို တိုးတက်စေချင်ခဲ့တယ်..... သမီးက တိုင်းပြည်ကိုလာမယ့်ရင်းနှီးမြုပ်နှံမှုတွေကို တားဆီးခဲ့တယ်..... ဗိုလ်ချုပ်က လူမျိုးရေး ဘာသာရေးကို တန်ဘိုးထားခဲ့တယ်........
"ဒေါ်စု သမ္မတဖြစ်သွားရင် တိုင်းပြည် ဖယိုဖရဲ ဖြစ်သွားနိုင်တယ်၊ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး" ~ ဦးဝီရသူ

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူသည် ၂၀၁၅ ခုနှစ်
ရွေးကောက်ပွဲအပြီး ဖြစ်လာမည့် သမ္မတသစ်ရာထူးကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဖြစ်သင့်ကြောင်း
တရားဟောနေသည်ဟု သတင်းများပေါ်ထွက်နေသောကြောင့် ဧရာဝတီက
တိုက်ရိုက်စုံစမ်းမေးမြန်းခဲ့ပါသည်။ “ဦးဇင်းဟော တာက စောင့်လေမျိုးနွယ်နဲ့
ပက်သက်ပြီးပဲ ဟောတာပါ။ ဒေါ်စုရဲ့ အိမ်ထောင်ဘက်သာ
တိုင်းရင်းသားဖြစ်ခဲ့ မယ်ဆိုရင် စစ်အစိုးရလက်ထပ်မှာ နိုင်ငံခြားသားကို
ယူခဲ့လို့ တိုက်ခံတာကို ခံရမှာ...
ဒေါ်စု သမ္မတဖြစ်ရင်တော့ တိုင်းပြည် ငါးပါးမှောက်မယ်လို့ ဦးဝီရသူပြော

ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ
ဖြစ်လာမယ် ဆိုရင် တိုင်းပြည် ငါးပါးမှောက်လိမ့်မယ်လို့ မန္တလေး မစိုးရိမ်
တိုက်သစ်က ဦးဝီရသူက ပြောလိုက်ပါတယ်။
ဒီအပြင် ဦးဝီရသူပြောတာက သမ္မတ
ဦးသိန်းစိန် သာ ပြန်ပြီး သမ္မတအဖြစ် ရွေးချယ်ခံရင် သူက ထောက်ခံမှာ ဖြစ်ပြီး
တကယ် လို့ ဦးသိန်းစိန်က ဆက်ပြီး အရွေးမခံတော့ဘူးဆိုရင်တော့ သူရ
ဦးရွှေမန်းကို ထောက်ခံမှာဖြစ်တယ်လို့ ဧရာဝတီကိုပြောပါသေးတယ်။
ဦးဝီရသူက ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အကောင်းနဲ့ မြန်မာ့နိုင်ငံရေး...
ရခိုင်တွင် ရိုဟင်ဂျာများရှိကြောင်း ပြောသည့် ဒေါ်စုအား ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်လေဆိပ်မှ စောင့်ကြိုဆန္ဒပြမည်

ရခိုင်တွင်
ရိုဟင်ဂျာများရှိကြောင်း ပြောသည့် ဒေါ်စုအား ဒီဇင်ဘာ ၂ ရက်တွင်
ရန်ကုန်လေဆိပ် မှ စောင့်ကြိုဆန္ဒပြမည် ဖြစ်ကြောင်း ရခိုင်အမျိုးသား
ကွန်ယက်မှ သတင်းရရှိသည်။
သြစတြေးလျနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်မှ ရိုဟင်ဂျာနှင့်ပတ်သက်၍ မေးမြန်းမှုတွင် ရခိုင်ပြည်နယ်တွင် ခိုးဝင်ဘင်္ဂါလီ ၅၀ ခန့်သာရှိ၍ ရိုဟင်ဂျာဆိုသည်များသာ ရှိကြောင်း
သြစတေးလျခရီးစဉ်၌ ပြောကြားသွားပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏
ဖြေကြားမှုနှင့်ပတ်သက်ပြီး...
အာဆီယံနိုင်ငံများသို့ ခေါ်ဆိုနိုင်မည့် ကျပ် ၂၀၀၀၀ တန် ဂျီအက်စ်အမ် ဆင်းမ်ကတ် များ စတင်ရောင်းချပြီ

အာဆီယံနိုင်ငံများသို့ ခေါ်ဆိုနိုင်မည့် ကျပ် ၂ဝဝဝဝတန် ဂျီအက်စ်အမ်ဆင်းမ် ကတ်များ စတင်ရောင်းချပြီဖြစ်ကြောင်း မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းမှသိ ရသည်။
အဆိုပါဆင်းမ်ကတ်များ အား ဆီးဂိမ်းပွဲတော် တွင် နိုင်ငံတ ကာမှ လာရောက်ကြ
မည့်ဧည့် သည် များနှင့် ပြည်ပမှလာရောက် ယှဉ်ပြိုင်မည့် အားကစားသမား၊
နည်းပြ၊ အုပ်ချုပ်သူများအသုံးပြု နိုင်ရန်အတွက် ရည်ရွယ်ရောင်း
ချပေးခြင်းဖြစ်ပြီး ဒီဇင်ဘာလမှ စတင်၍ ဖေဖော်ဝါရီလအထိ
သက်တမ်းသုံးလသာအသုံးပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။ ...
ကိုးတန်းကျောင်းသူတစ်ဦးကို အဓမ္မသားမယားပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်ထား

ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်နေ အသက်(၂၁)နှစ်အရွယ် ကိုပြည့်ဖြိုးအောင် ဆိုသူသည် ကလေးမြို့နယ်၊မွန်းလိုင်ကျေးရွာနေ ကိုးတန်းကျောင်းသူတစ်ဦးကို အဓမ္မသားမယားပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်ခံထားရကြောင်း ကလေးမြို့၊ မြို့နယ်ရဲစခန်းမှ သိရသည်။ "ကိုပြည့်ဖြိုးအောင်ကိုတော့ (ပ)၅၃၂/၂၀၁၃၊ ပြစ်မှုပုဒ်မ - ၃၇၆ အရ ဖမ်းဆီးထားပြီး စစ်ဆေးနေပါပြီ။ မ .......ကိုလည်း ဆေးစစ်ဆေးမှု ခံယူနိုင်ရေးသဘောထားမှတ်ချက်ရယူပေးဖို့မြို့နယ်တရားသူကြီးထံမှာ ခွင့်ပြုမိန့်ရယူနေပါပြီ။ တရားခံအဖြစ်ယူဆထားတဲ့...
ရန်ကုန်ခိုးဝင် ဘင်္ဂါလီ လူမျိုး ၇ ဦးကို မှတ်ပုံတင်ရေးဥပဒေဖြင့် အရေးယူ

ရခိုင်ပြည်နယ်
ကျောက်တော်မြို့မှ ရန်ကုန်သို့ ခွင့်ပြုချက်လက်မှတ်မပါဘဲရောက်ရှိလာသည့်
ဘင်္ဂါလီလူမျိုး (၇)ဦးကိုပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သူများ
မှတ်ပုံတင်ရေးဥပဒေဖြင့်နိုဝင်ဘာလ ၂၇ ရက်နေ့က
အမှုဖွင့်အရေးယူထားသည်ဟုရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
နိုဝင်ဘာလ ၂၆
ရက်နေ့ နေ့လယ် ၁ နာရီခန့်က မှော်ဘီမြို့နယ်အမှတ်(၄)လမ်းဆုံရှိ
စစ်ဆေးရေးဂိတ်ကို ဖြတ်သန်း၍ ပြည်ဘက်မှရန်ကုန်ဘက်သို့မောင်းနှင်လာသော
၃ဂ/၈၄၄၉ Pajero ခဲရောင်ယာဉ်ပေါ်၌ရှိလာခြင်းဖြစ်ကြောင်း...
နောက်အိမ်ထောင်ပြုမည်စိုးသဖြင့်ကွာ ရှင်းပြတ်စဲထားသည့်ဇနီးကိုဓားဖြင့်ထိုးသတ်

မော်လမြိုင်မြို့နယ် ဖက်တန်းရပ်ကွက်တွင် ယခုလ ၂၃ ရက်က
ကွာရှင်းပြတ်ဆဲထားပြီးသော လင်မယားနှစ်ဦး နောက်အိမ်ထောင်ပြု
ခြင်းနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ယခုလ ၂၃ ရက် ညနေ ၄ နာရီတွင် မော်လမြိုင်မြို့
ဖက်တန်းရပ်ကွက် မြိုင်ရတနာ လေးထပ်ဈေး အနောက်ဘက်လမ်းရှိ ပလက်ဖောင်းပေါ်တွင်
ဈေးရောင်းနေသော မဇင်ဇင်အောင် (၃၂)နှစ် (ဘ)ဦးသိန်းဇံထံသို့ လင်မယားအဖြစ်မှ
ကွာရှင်းပြတ်စဲထားပြီးဖြစ်သူ လင်းလင်း(ခ)ငပြူး (၃၁)နှစ်ရောက်ရှိလာပြီး...
ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ကို အာဇာနည်ကုန်းမှာ သစ္စာဆိုရန် တိုက်တွန်းခဲ့သော်လည်း ငြင်းဆန်ခဲ့ခြင်းကြောင့် ဇတ်ကားတွင် ကျော်သူမပါဝင်ခြင်းဖြစ်

နိုဝင်ဘာ ၂၄ ရက်နေ့က မြဝတီမြို့ နာရေးကူညီမှုအသင်း ၉ နှစ်ပြည့်အခမ်း
အနားသို့တက်ရောက်လာခဲ့သော ရန်ကုန် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူ အား
တွေ့ဆုံမေးမြန်းခဲ့ရာ- မေး - ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ
ရုပ်ရှင်ရိုက်ကူးဖို့ ကိုကျော် သူကို ကမ်းလှမ်းတာကို ကိုကျော်သူ က
ငြင်းလိုက်တယ်လို့ သိရတယ်။ ဘာ ဖြစ်လို့ပါလဲ။ ဖြေ -
ဗိုလ်ချုပ်ရုပ်ရှင်က တကယ့် ကိုကြီးမားတဲ့လုပ်ငန်းတစ်ခုပါ။ ဒေါ်အောင်
ဆန်းစုကြည်ဖွဲ့စည်းပေးထားတဲ့ ဗိုလ် ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအ
...
Eleven Media Website ဆဌမအကြိမ်မြောက် တိုက်ခိုက်ခံရ၊ အချိန် ၈ နာရီကျော်ကြာ ပြင်နေသော်လည်း ပြင်မရသေး

ပြည်တွင်း အခြေစိုက် သတင်းဌာန တစ်ခုဖြစ်သည့်
eleven media group ၏ website မှာ ယခု မိနစ်ပိုင်းအတွင်းကပင် DCMN Hacker
အဖွဲ့၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။ အဆိုပါ တိုက်ခိုက်ခံရမှုအတွက်
Eleven Media အား ဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာ Web Team မှ ပြန်လည်
ပြင်ဆင်မှုများ ပြုလုပ်နေပြီး လိုအပ်ပါက သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း
ပြောကြားသ...
Thursday, November 28, 2013
ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာသော ဘင်္ဂါလီ ခုနစ်ဦးကို မှော်ဘီမြို့တွင် ဖမ်းမိ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ဘက်မှ ရန်ကုန်မြို့တော်သို့ ခိုးဝင်လာသူ
ဘင်္ဂါလီ ခုနစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ပြည်လမ်း
တပ်ကြီးကုန်းကျေးရွာ လေတပ်ကွေ့ ကားမှတ်တိုင် အနီးတွင် နိုဝင်ဘာလ ၂၆ ရက်
မွန်းလွဲ ၁ နာရီခွဲခန့်က ဖမ်းမိခဲ့ကြောင်း မှော်ဘီမြို့မရဲစခန်းမှ
ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ယင်းမြို့နယ် အမှတ်
(၄) လမ်းမကြီးရှိ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ပါဂျဲရိုးယာဉ်ကို တရားမဝင်
ကျွန်းသစ်များ သယ်ဆောင်လာသည်ဟု သံသယရှိ၍ စစ်ဆေးရန်...
မြန်မာ - ထိုင်း ဗီဇာမဲ့ အပြန်အလှန် သွားလာခွင့် မကြာမီ ခွင့်ပြုမည်ဟု ထိုင်းသံအမတ်ကြီးဆို

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ အခက်အခဲ
အတားအဆီးမရှိ အပြန်အလှန် သွားလာခွင့်ကို မကြာမီ အချိန်အတွင်း
ခွင့်ပြုတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr.
Pisanu Suvanajata က The Voice နှင့် သီးခြား တွေ့ဆုံရာတွင် အတည်ပြု
ပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ် ထားပြီး
ဖြစ်ကြောင်း နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး၌
၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“နယ်စပ်ဒေသမှာလည်း...
နိုင်ငံတော် သမ္မတဦးသိန်းစိန်အား ထိုင်းတက္ကသိုလ်နှစ်ခုမှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်မည်

ရန်ကုန် ။ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတဦးသိန်း စိန်အား ထိုင်းနိုင်ငံ မယ့်ဖလောင်း တက္ကသိုလ် (Mae
Fah Luang University) မှ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဂုဏ်ထူးဆောင်ပါရ
ဂူဘွဲ့ (Hournay Doctorate Degree in Public Administration) ၊ နရာဆွမ်
တက္ကသိုလ် (Naresuan University)မှ ပြည်သူ့ရေးရာနိုင်ငံရေးသိပ္ပံ
ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ Hournary Doctorate Degree in Political Science
ကို မကြာမီ ပေးအပ်မည်ဖြစ်ကြောင်း ဘန် ကောက်မှလာသော သတင်းတစ် ရပ်အရသိရသည်။...
လမ်းခင်းရန်မြေကြီးဝယ်ရာမှ လက်ပစ်ဗုံးအလုံး ၅ဝ ကျော်ရောပါလာ

ယနေ့နံနက်
၁ဝနာရီက မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ရပ်ကွက် ခရေပင်လမ်းရှိ အိမ် အမှတ်
၂၇၄မှ အိမ်ပိုင်ရှင်ဒေါ်အေး အေးမွန် လမ်းခင်းရန်အတွက် ဝယ်ယူသော
မြေကြီးများနှင့် ရော နှောကာ လက်ပစ်ဗုံး ၅၈ လုံး ပါလာခဲ့ကြောင်း၊
မြေကြီးများကား ပေါ်မှချချိန်တွင် တွေ့ရှိခြင်းဖြစ် ကြောင်း
ဝေဘာဂီမြို့နယ်ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တင့်ထူးက ပြော
သည်။မြေကြီးများကိုမင်္ဂလာဒုံခုတင် ၃ဝဝဆံ့ ဆေးရုံမှ ဝယ်ယူခြင်းဖြစ် ကြောင်း
သိရသည်။
''အရင်ရက်က ဝယ်ခင်းတော့ လဲ သူတို့ဆီကပဲ မြေကောင်းတာနဲ့...
ရမ်းဗြဲတွင် အစိုးကိုထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲပြုလုပ်

ကုလသမဂ္ဂ
တိုက်တွန်းချက်ကို လက်မခံသည့် မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည့်
ဆန္ဒဖော်ထုတ်ပွဲကို ရခိုင်ပြည်နယ် ရမ်းဗြဲတွင် ယနေ့ နံနက် ၉နာရီက
လူအင်အား၉၀၀ ရာကျော်ဖြင့် ဆန္ဒ ဖော်ထုတ်ခဲ့ကြောင်းဦးဆောင်သူ ဦးထွန်းကြည်က
People Power သတင်းစာသို့ ပြောကြားသည်။ ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို လေးစားရန်လိုအပ်ကြောင်း၊ရိုဟင်ဂျာကို
အသိမှတ်မပြုကြောင်း ၁၉၈၂ မြန်မာ နိုင်ငံသား ဥပဒေ အတိုင်းဆောင်ရွက်ရေး
စသည့်ကြွေးကျော်သံများ...
အခြေခံဥပဒေပြင်ဆင်ရေး တွေ့ဆုံဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်မေတ္တာရပ်ခံချက် သမ္မတနှင့်ကာချုပ်ငြင်းဆို

ရန်ကုန်- ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံသားအားလုံးအတွက်အရေးကြီးပြီး အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ တစ်ခုတည်းသာမက တရားဝင်ပါတီအားလုံးနှင့် သက်ဆိုင်သောကြောင့် အားလုံးပါဝင်ဆွေးနွေး ရမည့်ကိစ္စဟု ယုံကြည်ကြောင်း သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့်တွေ့ဆုံရန် ဒေါ်အောင်ဆန်း စုကြည်၏ မေတ္တာရပ်ခံချက်အပေါ် ၎င်းတို့နှစ်ဦးက တုံ့ပြန်လိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဟာ နိုင်ငံသားအားလုံးအတွက်...
လေးပွင့်ဆိုင်ဆွေးနွေးရေး မသင့်လျော်သေးဟု နိုင်ငံတော်သမ္မတပြောကြား

ပြည်သူတွေ အတွက် အလွန်အရေးကြီးသော
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင် ဆင်ရေး လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေး ရန်
ဒေါ်အောင်ဆန်း စုကြည်၏ မေတ္တာရပ် ခံစာမှာ ကောင်းမွန် သင့်မြတ်သောကြောင့်
မူအားဖြင့် လက်ခံကြောင်း၊ သို့သော် ပါတီ ဥက္ကဌတစ်ဦးအနေဖြင့် ပေးပို့လာသည့်
စာဖြစ်နေပြီး ပါတီ ၅၈ ခုလုံး၏ သဘော ထား ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း
နှင့် ဖွဲ့စည်းပုံ အရ ပေါ်ပေါက် လာသော ပြည်ထောင်စု လွှတ်တော်၏
လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်လုပ်ဆောင်လိုခြင်းမရှိပဲ ဖွဲ့စည်းပုံ...
တိုင်းပြည်ကံကြမ္မာကို ထိပ်သီးလေးဦးက ဆွေးနွေးမည့်အပေါ် ပါတီ၊ လူမှုအဖွဲ့အစည်းနှင့် တိုင်းရင်းသားများကြား ဝိဝါဒ ကွဲပြားနေ

ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော်
ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်
ဆွေးနွေးရေးကိစ္စအပေါ် နိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်း
နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ဝိဝါဒ ကွဲပြားလျှက်ရှိပြီး
တိုင်းပြည်ကံကြမ္မာကို လေးဦး၏ လက်ထဲတွင် ဆုံးဖြတ်ရန် ရည်ရွယ်ခြင်းကို
လက်မခံဟု ပြောကြားမှုများ ရှိလာခဲ့ကြောင်း သတင်းရရှိသည်။
...
အခြေခံဥပဒေပြင်ဆင်ရေး ကြီးလေးကြီးတွေ့ရန် လွှတ်တော်အစီရင်ခံစာ စောင့်သင့် ဟု သမ္မတပြောရေးဆိုခွင့် ရှိသူဆို

ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး NLD ပါတီက မေတ္တာရပ်ခံ ထားသော
နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌနှစ်ဦး၊
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ဒေါ်အောင်ဆန်း စုကြည်
တွေ့ဆုံဆွေးနွေးအဖြေရှာရေး အစီအစဉ်ကို "ပြည်ထောင်စုလွှတ်တော်က
ဖွဲ့စည်းထားသော ၂၀၀၈ ခုနှစ် အခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီ၏
အစီရင်ခံစာထွက်သည့်အချိန်အထိ စောင့်ဆိုင်းသင့်ကြောင်း"
နိုင်ငံတော်သမ္မတကိုယ်စား ၄င်း၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က
ပြောကြားသည်။ ယင်းသို့...
ဒေါ်စုကို ဘာလို့ မုန်းတာလဲ

မေးတဲ့သူရှိတော့ ဖြေရတာပေါ့ဗျာ ဒေါ်စုကို ဘာလို့ မုန်းတာလဲ လူကြီးခိုင်းလို့ လားဆိုတာကြောင့်ပါ ၁။ ဒေါ်စု ကအမျိုးမစောင့်ဘူး အဲရစ်နဲ့လက်ထက်ဖို့ ကိစ္စ မှာ ဘယ်သူ မှတားဆီးမရအောင် ငြင်းဆန်ပြီး ဘာသာတရားရဲ့အဆုံးအမနဲ့ အမျိုးဂုဏ်ဇာတိဂုဏ်ဆိုတဲ့ အချက်ကို လစ်လျူလျူ့ခဲ့တယ် ၂။ မောက်မာတယ် (အတွင်းစိတ်ကောက်တယ်) မိန်းမတစ်ယောက်ဟာ သူတို့ ရဲ့အားနွဲ့တယ်ဆိုတဲ့အချက်ကို သူတို့ တတ်တဲ့ပညာ အရည်အချင်းတွေ လုပ်ဆောက်နိုင်စွမ်းတွေနဲ့ ဂုဏ်ပကာသန စတာတွေနဲ့ ဖုံးကွယ်ချင်ကြတယ် ဒေါ်စု...
Wednesday, November 27, 2013
ငွေစက္ကူအတုထုတ်လုပ်သူများအား ဗဟိုဘဏ်ဥပဒေဖြင့် အမှုဖွင့်

တစ်ထောင်ကျပ်တန်ငွေစက္ကူအတု ကျပ်နှစ်သိန်းကို ထုတ်လုပ်သုံးစွဲသူ
အမျိုးသားငါးဦးတို့အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေဖြင့်
အမှုဖွင့်ရေးယူထားကြောင်း သတင်းရရှိသည်။ သန်လျင်မြို့နယ်၊
ဘုရားကုန်းကျေးရွာအုပ်စုအတွင်း အမျိုးသားတစ်ဦးထံမှ တစ်ထောင်ကျပ်တန်အတု
၁၆ရွက်ကို စတင်ဖမ်းဆီးမိရာမှ ကွင်းဆက်တရားခံများကို
ထပ်မံဖမ်းဆီးမိခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။အဆိုပါအမျိုးသားကို
စစ်ဆေးသောအခါ သင်္ဃန်းကျွန်းမြို့ နယ်နှင့်...
ရခိုင်ပြည်နယ်ရှိ အကူအညီ ပေးသူများကို အုပ်စုဖွဲ့ နှောင့်ယှက် ခြိမ်းခြောက်မှုများ ရှိနေဟုဆို

လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့သည့်
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများတွင် လူသားချင်း စာနာထောက်ထားမှု
အကူအညီများ ပေးအပ်ရန် ရောက်ရှိနေသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို
အုပ်စုဖွဲ့ နှောင့်ယှက် ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု ဥရောပသမဂ္ဂ
အကြီးတန်း အရာရှိတစ...်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ်၏
အခြေအနေများကို လေ့လာရန် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ်
ရောက်ရှိခဲ့သည့် ဥရောပသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ...
Tuesday, November 26, 2013
ယနေ့ မြန်မာစစ်တပ်အတွက် ရင်နင့်စရာ ဖြစ်ရပ်တစ်ခု

လက်ရှိမြန်မာ့တပ်မတော်မှာ
တစိမ့်စိမ့်တွေးလေ၊ ရင်နင့်စရာကောင်းလေဖြစ်နေတဲ့ ဖြစ်ရပ်တစ်ခု ရှိပါတယ်။
ဗြိတိန်ဘုရင်မကြီးရဲ့မြေး ဝီလီယံဟာ ဗြိတိန်တပ်မတော်မှာ
စစ်မှုထမ်းပြီးဖြစ်ပါတယ်။ ထိုင်း ဘုရင့်သားဟာလည်း ထိုင်းတပ်မတော်မှာ
တာဝန်ထမ်းဆောင်ပြီးဖြစ်ပါတယ်။ KNLA စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်
တာမလာဘောရဲ့ သမီးဖြစ်သူ နော်စီဖိုးရာစိန် ဟာလည်း KNU မှာ ဒုဥက္ကဌအဖြစ်
တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေပါတယ်။ ဒေသတွင်းနိုင်ငံများဖြစ်တဲ့
မြောက်ကိုရီးယား၊ ဗီယက်နမ်၊...
သူရိယနေ၀န်း နှင့် ဦးတေဇ ပြဿနာ ပိုမိုကြီးထွားလာပြီလား

အစိုးရနှင့် နီးစပ်သော စီးပွားရေး
လုပ်ငန်းရှင် ခရိုနီများကို ပြင်းထန်စွာ ဝေဖန်သည့် သူရိယနေ၀န်း ဂျာနယ်အား
ထူးကုမ္ပဏီ အုပ်စု ဥက္ကဌ ဦးတေဇက တရားစွဲဆိုမည့် ဖြစ်စဉ်အပေါ် ပြည်တွင်း
စာနယ်ဇင်းများနှင့် လူမှုကွန်ရက် စာမျက်နှာများ၌ စိတ်ဝင်တစား ရေး သား
ဖော်ပြလာကြောင်း တွေ့ရသည်။ယခင်စစ်အစိုးရ အကြီးအကဲ အငြိမ်းစား
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟု လူအများက ပြောဆိုနေသော ဦးတေဇ
ကလည်း သူ၏ လူမှု ကွန်ရက် စာမျက်နှာ ကိုယ်ပိုင် ဖေ့စ်ဘုတ်မှတဆင့်
တုံ့ပြန်ထားသည်။“ယခုလို...
ထိုင်းဆန္ဒပြသမားတွေ အစိုးရရုံးတွေကို ဆက်လက်သိမ်းပိုက်

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ ကြိုးစားနေကြတဲ့ အတိုက်အခံ
ဆန္ဒပြသူတွေဟာ ဘန်ကောက်က အရေးပါတဲ့ အစိုးရအဆောက်အဦးတွေကို ဆက်ပြီး
သိမ်းပိုက်ဖို့ ကြိုးစားနေကြသလို ဝန်ကြီးချုပ် ယင်းလတ်ရှင်နဝပ် (Yingluck
Shinawatra) ဟာလည်း လွှတ်တော်တွင်း အယုံအကြည်မရှိ မဲပေးမှုတွေနဲ့
ကြုံနေရပါတယ်။ဆန္ဒပြသူထောင်ပေါင်းများစွာဟာ အင်္ဂါနေ့မှာ
ပြည်ထဲရေးဝန်ကြီးရုံးကို ဝိုင်းထားပြီး တညလုံး ဆက်ပြီး ဆန္ဒပြမယ်လို့
ကြွေးကြော်နေကြပါတယ်။ ဘန်ကောက်က ဘဏ္ဍာရေးဝန်ကြီးရုံးနဲ့...
အပစ်ရပ်ဖို့က ပထမလို့ တိုင်းရင်းသားတွေ သဘောတူ

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို အရင် လက်မှတ်ထိုးပြီးမှ
နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ကို တိုင်းရင်းသား လက်နက်ကိုင်တွေက
ဒီကနေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ
သဘောတူလိုက်ပါတယ်။ချင်းမိုင်မြို့မှာ ဒီကနေ့ကစပြီး ၃ ရက်ကြာ
ဆွေးနွေးမှာဖြစ်တဲ့ လိုင်ဇာ သဘောတူညီချက်နဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး
အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အကောင်အထည် ဖေါ်ဆောင်ရေး ကော်မတီ အစည်းအဝေးက
ခုလို သဘောတူလိုက်တာဖြစ်ပါတယ်။နိုင်ငံရေး...
ကမ္ဘာ့ အစောဆုံး ဗုဒ္ဓ ဘုရားကျောင်း တူးဖေါ်တွေ့ရှိ

ကမ္ဘာပေါ်မှာ အစောဆုံးတည် ရှိခဲ့တဲ့ ဗုဒ္ဓ ဘုရားကျောင်း တခုကို ဘုရား ဖွားတော်
မူ ခဲ့တဲ့ နေရာအောက်မှာ ရှေးဟောင်း သုတေသီတွေ ကနေ တူးဖေါ် တွေ့ ရှိခဲ့ပြီ
ဖြစ်ပါတယ်။
နီပေါနိုင်ငံ လုမ္ဗိနီ ဥယျာဉ်က မယ်တော် မာယာဒေဝီ ကျောင်းတော် အတွင်း
လွန်ခဲ့တဲ့ ဘီစီ ၆ ရာစုက တည်ထား ကိုးကွယ်ခဲ့တဲ့ သစ်သားဘုရားကျောင်း
ပုံစံကို တူးဖေါ် တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ ဘုရားကျောင်းမှာ သစ်ပင် တပင် ရှိခဲ့တဲ့ပုံပေါ်ပြီး ဒါဟာ မယ်တော်
မာယာဒေဝီ အင်ကြင်းကိုင်းကို ကိုင်ပြီး မွေးဖွားတော်...
အာဖဂန်တွင် ကျောက်တုံးဖြင့်ပစ်ပေါက် သေဒဏ်ပေးမှု ပြန်ကျင့်သုံးဖွယ်ရှိ

အာဖဂန် နစ္စတန်တွင် လူမှုရေး ဖောက်ပြန်သူများကို ကျောက်တုံးဖြင့် ပစ်ပေါက်
သေဒဏ်ပေးသော အလေ့အထကို ပြန်လည် ကျင့်သုံးရန် စဉ်းစားနေကြောင်း သတင်းများ
ထွက်ပေါ်လာခဲ့သည်။ လွန်ခဲ့သော (၁၂)နှစ်က အာဖဂန်ကို တာလီဘန်တို့ ကြီးစိုးစဉ်က
ကျင့်သုံးခဲ့သော ဘာသာရေးနှင့် ဆက်နွယ်သည့် ပြစ်ဒဏ်ကို လူ့အခွင့်အရေး
အဖွဲ့များက ပြင်းထန်စွာ ရှုတ်ချထားသည်။ ယခုအခါ နိုင်ငံ၏ ပြစ်မှုဆိုင်ရာ
ဥပဒေတွင် ယင်းနည်းလမ်းဟောင်းကို တစ်ကျော့ပြန် အသုံးပြုရန် ဆွေးနွေးမှုများ
ရှိနေပြီး ဥပဒေ မူကြမ်းကိုပင်...
Subscribe to:
Posts (Atom)