Thursday, November 7, 2013

အင်္ဂလိပ်ကို တိုက်ထုတ်ခဲ့သည့် ၉၃ နှစ်အရွယ် သခင်လှကြိုင် ပဲခူးတံတားပေါ်တွင် တောင်းစားနေ




ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး။
ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေတဲ့ အဖိုးကြီးတစ်ယောက်
ကိုအင်တာသွားဗျူးတာလေး တင်ပေးလိုက်ပါတယ်။

မေး။ ။အဘနံမည်ဘယ်လို ခေါ်ပါသလဲ?အသက်ဘယ်လောက်ရှိပြီလဲ ?
ဖြေ။ ။သခင်လှကြိုင်ပါ။အသက်က ၉၃ နှစ်ကွဲ့။

မေး။ ။အဘကစစ်မှု့ထမ်းဟောင်းလား?
ဖြေ။ ။တော်လှန်ရေးရဲဘော်ပါ။ဗိုလ်ရန်နိုင်ရဲ့ တစ်ပည့်ပါ။

မေး။ ။ဘယ်မှာနေလဲ ?ဘယ်သူနဲ့နေလဲ?
ဖြေ။ ။အိုးလေးစုထဲမှာနေတယ်။မုဆိုးမသမီးနဲ့ မြေးနဲ့နေပါတယ်။

မေး။ ။ဘာလို့ပိုက်ဆံတောင်းတာလဲ?ဘယ်လောက်ကြာပြီလဲ?
ဖြေ။ ။အဆင်မပြေလို့ပါ။ တစ်နှစ်လောက်ရှိပြီ။

မေး။ ။နိုင်ငံတော်က မထောက်ပံဘူးလား?။မော်ကွန်းဝင်လက်မှတ်တွေ
ဘာတွေ မရှိဘူးလား?
ဖြေ။ ။မထောက်ပံပါဘူး။ဦးနေ၀င်း ပေးခဲ့တဲ့ ဂုဏ်ပြုလွှာတော့ရှိပါတယ်။

မေး။ ။မျက်စီတစ်လုံးက ဘာဖြစ်တာလဲ?။
ဖြေ။ ။မမြင်ရတော့ဘူး။

မေး။ ။တစ်နေ့ဘယ်လောက်ရလဲ?။
ဖြေ။ ။သုံးထောင်လောက်ရပါတယ်ကွယ်။

( သခင်လှကြိုင်၏ နေအိမ်နှင့် သူ့ပုံများ )

Posted by Kyi Linn
 








နယ်ချဲ့ကိုတိုက်ထုတ် ခဲ့တာ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်တည်း မဟုတ်ပါဘူး။ လွတ်လပ်ရေးရခဲ့တာ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်တည်း လုပ်ခဲ့လို့မဟုတ်ပါဘူး။ မြန်မာ့မျိုးချစ် တော်လှန်ရေးသမားတွေ အများအပြား အသက်ပေါင်းများစွာ ပေးဆပ်ပြီး လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့လို့ပါ။   ဒါပေမယ့် အခု လွတ်လပ်ရေးရချိန်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ လူတစ်စုကိုသာ အသိအမှတ်ပြုခံရပြီး အသက်မရှိတဲ့လူတွေကိုတော့ ငွေကုန်ခံ ပန်းခွေတွေချ၊ ဗိမ္မာန်တွေလုပ်ထားကြပါတယ်။ တစ်ချိန်က တိုက်ပွဲဝင်ခဲ့ပြီး အသက်မသေပဲ ကျန်ခဲ့တဲ့ တော်လှန်ရေးသမားတွေကတော့ တောင်းစားနေရပါတယ်။ သခင်အောင်ဆန်း အရှိန်နဲ့ သမီးစုကြည် ကို လူတွေက သမ္မတလုပ်ခိုင်းနေကြပြီး သခင်လှကြိုင်တို့တောင်းစား တာကိုတော့ ကြည့်နေကြပါတယ်။ လျှပ်စစ်မီးမရှိလို့ တီဗွီမကြည့်ရ၊ ပန်ကာမဖွင့်ရတဲ့ လူတွေအတွက် ၅ ယောက်တစ်ဖွဲ့ ဖွဲ့ထားတဲ့ ခေါင်းစဉ်မျိုးစုံ အဖွဲ့ပေါင်းစုံက လက်တွေ ဖယောင်းရည်အပူခံပြီး ဆန္ဒပြကြပါတယ်။ သူများနိုင်ငံတွေလိုတော့ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒမပြရဲကြပါဘူး။ လစာ ၆ သိန်းလိုချင်ပြီး လွတ်လပ်ရေး ဘယ်လိုရခဲ့လဲ့ မသိဘဲ မနေ့တနေ့ ကမှ ဒီမိုကရေစီထအော်တဲ့ လွှတ်တော်အမတ်တွေက လျှပ်စစ်မီးအတွက် တင် သွင်းကြ၊ ဆွေးနွေးကြပါတယ်။ မိမိတို့ကို လွတ်လပ်ရေးရအောင် တိုက်ပွဲဝင်ခဲ့တဲ့ သခင်လှကြိုင် တောင်းစားနေ တာကိုတော့ လစ်လျူရှုထားကြပါတယ်။ လွှတ်တော်အမတ်များ၊ ဆန္ဒပြအဖွဲ့များ နဲ့ ပြည်သူများအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက်တည်းကို အာဇာနည်သူရဲကောင်းလို့ မထင်ကြပါနဲ့၊ ရန်ကုန်လူထု တစ်ခုတည်းကို မြန်မာလူထုလို့ မထင်ကြပါနဲ့ တောင်းစားနေသူ၊ ဆင်းရဲမွဲတေနေသူ လွတ်လပ်ရေးတိုက်ပွဲဝင် သက်ရှိ အာဇာနည်များကို ဦးစားပေး ကြပါ။ လျှပ်စစ်မီးဆိုတာ လုံးဝမမြင်ဖူးသေးတဲ့ မြို့ငယ်များ၊ ကျေးရွာများ ကို ဦးစားပေးကြပါ။ သေသွားတဲ့ လူတွေအတွက် ကုန်ကျမယ့် ပန်းခွေတွေ၊ အထိမ်းအမှတ်ပွဲတွေ အစား သက်ရှိ ဆင်းရဲသူများကို ပေးကြပါ။ မိမိတို့ ပိုပေးလိုက်ရတဲ့ အလှူငွေကြောင့် မှောင်မဲနေတဲ့ ရွာတွေမှာ မီးချောင်း တစ်ချောင်း၊ နှစ်ချောင်း လင်းသွားတယ်ဆိုတာ ပီတိဖြစ်စရာပါ။ ပုံမှန် ၃ ချောင်း ထွန်းထားတာကို တစ်ချောင်းပိတ်လိုက်ပြီး မလင်းသေးတဲ့နေရာတွေကို တစ်ချောင်းပေးထွန်းလိုက်ပါ။ သူတို့တွေ ကျေးဇူးတင်နေကြပါလိမ့်မယ်။

0 comments:

Post a Comment

 
Twitter Bird Gadget