Thursday, November 7, 2013

မီးလုံးဝမရသေးတဲ့ နယ်မြို့များ မီးပေးမည့်အစီအစဉ်ကို မီးအမြဲရနေတဲ့ ရန်ကုန်သားများ ဆန္ဒပြ



မီးလုံးဝမရသေးတဲ့ နယ်မြို့များ မီးပေးမည့်အစီအစဉ်ကို မီးအမြဲရနေတဲ့ ရန်ကုန်သား ၁၅၀ ကျော်က ဆန္ဒပြမှု ဆက်လက်ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာလ ၇ ရက်၊ ညနေ ၆ နာရီကျော်က ရန်ကုန်မြို့၊ မြေနီကုန်းမှ စတင်ကာ အလုံ လျှပ်စစ်ဓာတ်အားပေးရေး ရုံးအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ယင်းသို့ ဆန္ဒပြရာတွင် လျှပ်စစ်မီတာခ လျှော့ချရေး၊ လျှပ်စစ်မီတာတက်၍ ကုန်ဈေးနှုန်း ကြီးလာနိုင်ခြင်း၊ ပြည်သူများ ကြုံတွေ့ရမည့် ဆင်းရဲဒုက္ခများ ပိုမိုမဖြစ်ပွားစေရေး စသည်တို့ကို ကြွေးကြော်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

"ကျွန်တော်တို့ အနေနဲ့ မီတာခကို ပုံမှန်အတိုင်း မသတ်မှတ်သရွေ့ နေ့တိုင်း လမ်းလျှောက်ဆန္ဒပြသွားမှာပါ" ဟု ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုအဖွဲ့မှ ကိုတင်မောင်ကြည်က ပြောပါသည်။
 

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးလုံးဝမရရှိသေးသည့် မြို့နယ်၊ ကျေးရွာအများအပြားရှိပြီး ပြည်သူ ၇၀ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိရန်အတွက် လျှပ်စစ်ဝန်ကြီးဌာနမှ စတင်အကောင်အထည်ဖော်လျှက်ရှိရာ လျှပ်စစ်မီး အမြဲရနေသည့် တစ်ကိုယ်ကောင်းဆန်သော ရန်ကုန်သားများက နယ်မြို့နေ ပြည်သူများ လျှပ်စစ်မီးရရှိရေးကို ကန့်ကွက် ဆန္ဒပြနေကြခြင်း ဖြစ်သည်။

0 comments:

Post a Comment

 
Twitter Bird Gadget