Thursday, December 12, 2013

ဆီးဂိမ်း ဖွင့်ပွဲကို အားပေးခဲ့ကြသည့် ရန်ကုန် ပရိသတ်များ

 
၂၇  ကြိမ် မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲရဲ့ ဖွင့်ပွဲကို ရုပ်သံလိုင်းတွေက တိုက်ရိုက် ထုတ်လွှင့်မှုတွေကို ရန်ကုန်မြို့ ရှိ ပြည်သူတွေ လွယ်လင့်တကူ
ကြည့်ရှုနိုင်ဖို့ အတွက် ရန်ကုန်မြို့ ရှိ လူစည်ကားရာ နေရာ အချို့ရှိ LED ဘုတ်တွေမှာလည်း ပြသခဲ့ကျပါတယ်။ ဒီလို LED ဘုတ်တွေမှာ ပြသမှု တွေသာမက ရန်ကုန်မြို့က ပြည်သူ အချို့က  အဆိုပါ ဖွင့်ပွဲကို နေပြည်တော်မှာ သွားရောက် ကြည့်ရှုလိုတဲ့ ဆန္ဒတွေလည်း ရှိနေကြပါတယ်။ ၂၇ ကြိမ် မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲဟာ မြန်မာနိုင်ငံမှာ ၄၄  နှစ် ကြာမှ ပြန်လည် ကျင်းပတဲ့ အတွက် ဖွင့်ပွဲကို နေပြည်တော်မှာ သွားရောက် မကြည့်ရှု နိုင်ပေမဲ့လည်း ရုပ်သံလိုင်းတွေက တိုက်ရိုက် ထုတ်လွှင့်မှုတွေကို ရန်ကုန်မြို့ရှိ ပရိသတ်တွေက ၀မ်းပန်းတသာ စောင့်မျှော် ကြည့်ရှု ခဲ့ကြတယ်လို့ သိရပါတယ်။

0 comments:

Post a Comment

 
Twitter Bird Gadget