ပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့လေကြောင်းမှ အသစ်ထပ်မံ ၀ယ်ယူထားတဲ့ အမေရိကန်နိုင်ငံ ထုတ် caravan 208B လေယာဉ်သစ်နဲ့ အပျော်စီး
ခရီးစဉ် များနဲ့ ပုံမှန် ခရီးစဉ်များကို ပျံသန်းပြေးဆွဲ
တော့မှာဖြစ်တယ်လို့ မြန်မာ့လေကြောင်းမှ သတင်းထုတ်ပြန် ချက်အရ သိရပါတယ်။
ဒီလို ပျံသန်း ပြေးဆွဲရာမှာတော့ မန္တလေးတိုင်း ဒေသကြီးမှာရှိတဲ့ မန္တလေး
ချမ်းမြေ့သာစည် လေဆိပ်ကို အခြေပြုပြီး မန္တလေးမှ ညောင်ဦး၊ ဟဲဟိုး၊
လွိုင်ကော်၊ ကလေး၊ မကွေး၊ ကျောက်ထု၊ နမ့်စန်မြို့များကို ဒီဇင်ဘာလ ၁၂
ရက်နေ့မှ စတင်ကာ နေ့စဉ် ပျံသန်း ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း ဒေသကြီးမှာရှိတဲ့ ပြည်သူတွေအတွက် ရည်ရွယ်ပြီး
အပျော်စီး ခရီးစဉ်များကိုလည်း ပျံသန်း ပြေးဆွဲ ပေးမှာဖြစ်ပါတယ်။ ဒီလို
ပြေးဆွဲရာမှာတော့ မန္တလေး-ညောင်ဦး ပတ်ဝန်းကျင်၊ မန္တလေး ပတ်ဝန်းကျင် ဝေဟင်
မြင်ကွင်းအတွက် ငွေကျပ် တစ်သောင်းခြောက်ထောင် နိုင်ငံခြားသား များအတွက်
အမေရိကန်ဒေါ်လာ ၅၄ ဒေါ်လာတို့နဲ့ ပျံသန်းပြေးဆွဲသွားမှာ ဖြစ်တယ်လို့
သိရပါတယ်။







0 comments:
Post a Comment