Monday, December 16, 2013

ယခုနှစ် အတွက် ရွှေစင်ရွှေပြား အလေးချိန်ပေါင်း ၁ ပိဿာ ၃၆ ကျပ်သားအား ရွှေတိဂုံ စေတီတော်သို့ ကပ်လှူပူဇော် သွားမည့် ရတနတ္တသမဂ္ဂ ၀တ်အသင်းကြီး

 
စမ်းချောင်းမြို့နယ် သီရိခေမာ ရပ်ကွက်ရှိ ရတနတ္တယ သမဂ္ဂ၀တ် အသင်းကြီးမှ ယခုနှစ်မှာ ၆၃ ကြိမ်မြောက် အဖြစ် ရွှေစင်ရွှေပြား သင်္ကန်းတော်
အလေးချိန်ပေါင်း ၁ ပိဿာ ၃၆ ကျပ်သားခန့်ကို ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ကပ်လှူ ပူဇော် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလို ကပ်လှူ မပူဇော်ခင်မှာ အဆိုပါ ရွှေစင်ရွှေပြား များအား မြို့နယ် ရပ်ကွက်များ အတွင်း လှည့်လည် အပူဇော်ခံမှုကို နိုဝင်ဘာလ ၁၄ ရက်နေ့က ကြည့်မြင်တိုင် မြို့နယ် အတွင်း ပြုလုပ်ခဲ့ ပါတယ်။
 
အဆိုပါ ၀တ်အသင်းကြီး အနေနဲ့ ယခုတစ်ကြိမ် လှူဒါန်းမှုမှာ စုစုပေါင်း အလေးချိန် ၁ ပိဿာ ၃၆ ကျပ်သား ရှိတဲ့ ၁ ပေ ပတ်လည်ရှိ ၃ ကျပ်သား ရွှေပြား သင်္ကန်းတော် ၄၀ ပြား၊ ၁ ကျပ်သား ရွှေပြား သင်္ကန်းတော် ၁၆ ပြား တန်ဖိုး အနေနဲ့ ငွေကျပ်သိန်းပေါင်း ၈၁၆ သိန်းခန့်ကို လှူဒါန်း သွားမှာ ဖြစ်ပါတယ်။ ဒီလို လှည့်လည် ပူဇော်ခံမှုများ အပြီး မှာလည်း တရားပွဲများ၊ ဆွမ်းတော်ကြီး တင်လှူပွဲနဲ့ စာရေးတံမဲပွဲ များကို ပြုလုပ် သွားမှာ ဖြစ်ပြီး ရွှေတိဂုံ စေတီတော်မြတ်ကြီး ကိုလာမယ့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ အတွင်း ကပ်လှူပူဇော် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရတနတ္တသမဂ္ဂ၀တ် အသင်းကြီး အနေနဲ့ ရွှေစင်ရွှေပြား သင်္ကန်းတော်များ လှူဒါန်းမှုကို ပြီးခဲ့တဲ့ ၆၂ ကြိမ်မြောက် အထိ ရွှေပြား သင်္ကန်းတော်ပေါင်း ၃၀၃ ပြား၊ ရွှေအလေးချိန်ပေါင်း ၉ ပိဿာနဲ့ ၆၁ ကျပ်သားခန့်ကို ရွှေတိဂုံ စေတီတော်မြတ်ကြီးသို့ လှူဒါန်း ပူဇော်ခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

0 comments:

Post a Comment

 
Twitter Bird Gadget