ပန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ စာကြည့်တိုက် များမှာ Mini e-Libray များကို ပထမအဆင့် အနေနဲ့ တပ်ဆင်ပေး သွားမှာ ဖြစ်တယ်လို့
ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ သတင်း ထုတ်ပြန်ချက် အရ
သိရပါတယ်။ ဒီလို တပ်ဆင်ရာ မှာတော့ တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများ၊
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသများရဲ့ ရုံးစိုက်ရာ
မြို့များ၊ နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီး
များရှိ မြို့နယ်၊ ရုံးများမှာ လာမယ့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ လကုန်မှာ
အလုံး ၅၀ စတင် တပ်ဆင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကျန်ရှိနေတဲ့ ခရိုင်မြို့များ ကိုလည်း ၂၀၁၄ ဖေဖော်ဝါရီ လကုန်မှာ အလုံး ၅၀
ထပ်မံ တပ်ဆင် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး တော့လည်း ၂၀၁၅
ခုနှစ် ဘတ်ဂျက် အရ ကျန်ရှိနေတဲ့ မြို့နယ်များမှာ တပ်ဆင်ပေးဖို့ စီစဉ်
ဆောင်ရွက်လျက် ရှိတယ် လို့လည်း သိရပါတယ်။ အဆိုပါ အီး-လိုက်ဘရီ တစ်လုံးဟာ
တန်ဖိုးအားဖြင့် ငွေကျပ် နှစ်သိန်း ခွဲရှိပြီး အလုံး ၁၀၀ အတွက်
ကျပ်သိန်းပေါင်း ၂၅၀ ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို မီနီ
အီး-လိုက်ဘရီ တပ်ဆင်ပေး ရတာဟာ အင်တာနက် လိုင်းမလိုဘဲ ပြည်သူတွေ အနေနဲ့
မိမိတို့မှာ ရှိပြီးသား ဖြစ်တဲ့ မိုဘိုင်းဖုန်းများ၊ လက်(ပ်)တော့
ကွန်ပျူတာများ၊ နုတ်ဘုတ်များနဲ့ ၀ိုင်ဖိုင်မှ ဗဟုသုတများ ရှာဖွေ သိမ်းဆည်း
နိုင်အောင် စာပေ၀န်ဆောင်မှု ပေးခြင်း ဖြစ်ကြောင်း သိရပါတယ်။






0 comments:
Post a Comment