Monday, December 16, 2013

ဆီးဂိမ်းပြိုင်ပွဲမှ စည်းမျဉ်းနှင့်စည်းကမ်းများကို မသိဟု ဟတ်ဆောင်ဟွာဆို။


တိုင်နဲ့ ခေါင်းနဲ့ သာဆောင့်လိုက် ရှုံးရင်လည်း အုပ်စုတက်မယ်ထင်နေတာ


ဆီးဂိမ်းပြိုင်ပွဲမှ စည်းမျဉ်းနှင့်စည်းကမ်းများကို မသိဟု ဟတ်ဆောင်ဟွာဆို။
===============================================
မြန်မာတစ်မျိုးသားလုံး၏နှလုံးသားအားနှုတ်ယူမှုအတွက် တောင်းပန်စရာစကားရှိလျင်တောင်းပန်ချင်
===============================================================

ဆီးဂိမ်းပြိုင်ပွဲ အုပ်စုအဆင့်မှနှုတ်ဆက်ခဲ့ရပြီးနောက် မြန်မာနည်းပြပတ်ဆောင်ဟွာက မိမိအနေဖြင့် အင်ဒိုနှင့်မတိုင်မိ ကျော်ကိုကိုနှင့်ပြသနာဖြစ်ခဲ့ခြင်းကြောင့်
၎င်းအားပွဲအစတွင်ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆီးဂိမ်းပြိုင်ပွဲ၏ စည်းမျဉ်းနှင့်စည်းကမ်းများကိုသိရှိခြင်းမရှိခဲ့ကြောင်း၊ သရေ သို့မဟုတ် ရှုံးနိမ့်ခဲ့လျင်ပင် နေပြည်တော်သို့
အရောက်သွားနိုင်မည်ဟု ထင်ခဲ့ကြောင်း၊ မိမိ၏ အမှားများအတွက် တောင်းပန်ခဲ့ခြင်ကြောင်း၊ ကစားသမားများ၌အမှားမရှိပဲ မိမိတစ်ဦးတည်း၌သာ ပြသနာရှိကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။
ထို့အပြင် ၄င်းအနေဖြင့် အများများစွာပြုလုပ်ခဲ့သည် အပေါ်မြန်မာ တစ်မျိုးသားလုံးအားတောင်ပန်ကြောင်းလည်း ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ဖွင့်ဟသွားခဲ့သည်။
နည်းပြ ပတ်ဆောင်ဟွာက '' မြန်မာတစ်မျိုးသားလုံးအတွက် တောင်းပန်ပါတယ်။ ကတိအတိုင်းအိမ်ပြန်ပါမယ်ဆိုတာတွေထက် ပိုကောင်းတဲ့စကားရှိရင်ကျွန်တော်တောင်းပန်ခဲ့ခြင်ပါတယ်။
ကျွန်တော်အနေနဲ့ ဒီထက်ပိုလုပ်ဆောင်ပေးဖို့ ရည်မှန်းခဲ့တာပါ။ စည်းမျဉ်းတွေကိုသာကြိုသိခဲ့ရင် ဒီလိုလုပ်မှာမဟုတ်ပါဘူး။ ကစားသမားတွေမှာ အပြစ်မရှိပါဘူး။ အရာအားလုံးကကျွန်တော့်ပေါ်မှာပဲ ပြသနာရှိခဲ့တာပါ''
ဟု ထုတ်ဖော်ပြောကြားသွားခဲ့သည်။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲအား မလုပ်ရန်ပင် အစောပိုင်းကရှိခဲ့သော်လည်း သတင်းထောက်များနှင့် မီဒီယာတာဝန်ခံကြားညှိနှိုင်းနေစဉ်မှာပင် ပတ်ဆောင်ဟွာရောက်ရှိလာခဲ့ကာ
သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ခြင်းဖြစ်သည်။ သတင်းစာရှင်းလင်းပွဲတွင်လည်းပတ်ဆောင်ဟွာ၏ စည်းမျဉ်းနှင့်စည်းကမ်း (Rule and Regulation) မသိရှိမှုမေးခွန်းအပေါ် မြန်မာမိဒီယာသမားများ အထူးအံ့သြခဲ့ရသည်
အထိ ရှိခဲ့ကြောင်းသိရှိရသည်။


မြန်မာအသင်းနည်းပြ ပတ်ဆောင်ဟွာက ဒုတိယပိုင်း ပွဲပြီးချိန်နား အထိ သူပုံစံက ဘောင်းဘီအိတ်ကပ်ထဲ လက်နှိက်ပြီး နေနိုင်သေးတယ်နော်

မြန်မာပရိတ်သတ်တွေက အားလုံး ရင်ခုန်စွာနဲ့ ဖြစ်နေချိန်မှာ သူက အဲလို နေနေတာတော့ မကောင်းပါဘူးဗျာ...

သူ့ဘယ်လိုစိတ်ကူးမျိုးနဲ့ အဲလို လုပ်လိုက်တယ် ဆိုတာ မတွေးတတ်တာ အမှန်ပဲ

အဲလို လုပ်ဖို့ရာ စိတ်ကူးရှိတာကို မြန်မာအသင်းသားတွေက ပြန်ပြောဖို့ မကြိုးစားကြတာလား

ဒါမှမဟုတ် သူတို့ကကော နိုင်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ငြိမ်နေကြတာလား...

မတွေးတတ်တော့ဘူးဗျာ....

အရမ်းပဲ စိတ်ကုန် လက်ပမ်းကျနေပီ....

0 comments:

Post a Comment

 
Twitter Bird Gadget