Miss Myanmar ဂုဏ်ရည်အေးကျော်ဧာ မလေးရှားနိုင်ငံမှာ ကျင်းပပြုလုပ်မဲ့ Asian
Tourism Forum ကို သွားရောက်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့်
တက်ရောက်ရမယ်ဆိုတာ နဲ့ပတ်သက်ပြီး ‘ဂုဏ်ရည် ဒီခရီးစဉ်ကို
ဇန်နဝါရီ၁၉ရက်နေ့မှာ သွားရောက်မှာ ဖြစ်ပြီးတော့ ဇန်နဝါရီ ၂၃ရက်နေ့မှာ
မြန်မာပြည်ကို ပြန်ရောက်မှာဖြစ်ပါတယ်။
ဒီဖိုရမ်မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့
တက်ရောက်ရတာ ဖြစ်သလို နောင်နှစ်မှာ မြန်မာနိုင်ငံမှာ ကျင်းပမဲ့
အဲဒီဖိုရမ်ပွဲအတွက် အလံကို ဂုဏ်ရည်က လွှဲပြောင်းယူရမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ Miss Myanmar Crown မလွှဲခင်အချိန်ထိ မြန်မာနိုင်ငံနဲ့
ပတ်သက်တဲ့ပွဲ၊ ဟိုတယ်နဲ့ခရီးသွားလာရေးနဲ့ ဆိုင်တဲ့ နိုင်ငံခြားပွဲတွေကို
ဂုဏ်ရည် တက်ရောက်ဖြစ်နေပါတယ်။ နောင်နှစ်မှာပြုလုပ်မဲ့ Miss Myanmar
ပြိုင်ပွဲကလည်း ရက်ရွှေ့လိုက်တဲ့ အတွက်ကြောင့် ဂုဏ်ရည်ရဲ့ Miss Myanmar
သက်တမ်းက ပိုရှည်သွားတာပေါ့နော်။ ဂုဏ်ရည့်အနေနဲ့ အရင်တုန်းကလည်း ဗီယက်နမ်၊
လာအို၊ ဂျပန်နိုင်ငံတွေကို သွားရောက်ခဲ့ပြီးပါပြီ။ ဒါကတော့
လေးကြိမ်မြောက်သွားရခြင်းပဲ ဖြစ်ပါတယ်။ လာအိုနိုင်ငံမှာတုန်းကတော့
ဂုဏ်ရည်စောင်းတီးပြခဲ့ ပါတယ်။ အခုဒီတစ်ခေါက်မှာတော့
စည်းလုံးခြင်းသည်အင်အားဆိုတဲ့ သီချင်းလေး အပြင် သင်္ကြန်သီချင်းတွေနဲ့
လည်းကပြသွားမှာဖြစ်ပါတယ်’လို့ သူမက ပြောပြသွားခဲ့ပါတယ်။
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment