Monday, January 20, 2014

မြန်မာနယ်စပ်ကိုသွားမယ့် ပါကိစ္စတန် အကြမ်းဖက်သမား ၃ ဦးကို ဘင်္ဂလာရဲက ဖမ်းဆီး

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji8DH4znC8s2-2HMuxAIcZ1zsa5WON7pXQ5xa8GNNSoRdd7e0P20wtNvcBXbMtIQYRHJ2pofd3tgoK_FzMgLMgwfMurFibb62lW5SDov8exghtfFMNbEgYa-pymspSL4TCSpcGGTP0wNY/s1600/7.jpg(နိရဉ္စရာ- ၂၀ ဇန်န၀ါရီလ ၂၀၁၃)

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ရဲတပ်ဖွဲ့က မြန်မာနယ်စပ်အနီးမှာ တည်ရှိတဲ့ တက်ကနက်မြို့ကို ဒက္ကားမြို့ကနေ သွားဖို့ကြိုးပမ်းတဲ့ ပါကိစ္စတန် နိုင်ငံက အကြမ်းဖက်သမားတွေလို့ ယူဆရသူ (၃) ကို ဖမ်းဆီးလိုက်တယ်လို့ banglanews24 သတင်းမှာ ဖေါ်ပြပါတယ်။

သူတို့သုံးဦးဟာ ပါကိစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့ TTP ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြပြီး ယမန်နေ့ညနေ ၁၀ နာရီက ဒက္ကာမြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ ၃ ဦးကတော့ မေဟ်မူဒ် (၂၆)နှစ်၊ အိုစမာန် (၂၃) နှစ်နဲ့ ဖောခရူလ် ဟာဆန် (၅၀) နှစ်တို့ ဖြစ်ကြတယ်လို့ banglanews24 သတင်းက ပြောပါတယ်။

သူတို့ဆီက လက်လုပ်ဗုံးလုပ်ရာမှာ အသုံးပြုတဲ့ နည်းပညာတွေပါဝင်တဲ့ အထောက်အထားတွေ  သိမ်းဆည်း ထားတဲ့ လပ်ပတော့ ကွန်ပျူတာတစ်လုံးကိုလည်းသိမ်းဆည်းရမိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မေဟ်မူဒ်နဲ့ အိုစမာန်ဆီက နိုင်ငံကူးလက်မှတ်ကို မတွေ့ရပေမဲ့ ဖောခရူလ် ဟာဆန်ဆီကတော့  ဗီဇာကုန်နေတဲ့ နိုင်ငံကူးလက်မှတ်တခုကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲအရာရှိက ပြောဆိုကြောင်း သတင်းမှာ ဖော်ပြပါတယ်။

0 comments:

Post a Comment

 
Twitter Bird Gadget