မန္တလေး ချမ်းအေးသာစံမြို့နယ်၂၇-၂၈ လမ်းကြား ၈၄ လမ်း ဈေးချို မန်းမြန်မာ ပလာဇာ ၂၅ ထပ်ပေါ်တွင် အမျိုး အမည်မသိ ထူးခြားသော ငှက် တစ်ကောင်ကို ဇန်နဝါရီ ၁၁ရက် ညနေ ၃ နာရီက မန္တလေး ပြည်ကြီး ရန်လုံ ရပ်ကွက်နေ အဆောက်အအုံ ကန်ထရိုက်ဦးဇော်ဝင်း
(ဆေးဆရာ)မှ တွေ့ရှိခဲ့သည်။
အဆိုပါ ထူးခြားသောအသွင်သဏ္ဌာန်ရှိ အမျိုးအမည် မသိ ငှက်သည် ကြောင်ခေါင်း သဏ္ဌာန် ရှိပြီး လည်ပင်းတွင် အဖြူရစ်ပါရှိသည်။ အတောင်နှစ်ဖက်ဖြန့်လျှင် သုံးပေခန့်ရှည်လျားပြီး အမြီးနှင့် အတောင် တို့တွင် ဒေါင်းမြီးများ ကဲ့သို့ လှပသောပန်းကွက်များပါရှိသော ထူးခြား သည့်ဆောင်းခို ငှက် တစ်ကောင်ဖြစ်မည်ဟုယူဆရသည်။ ၎င်းငှက်ကို စိတ်ပါ ဝင်စားသူများနှင့် ကလေးသူငယ်များကြည့်ရှုလေ့လာနိုင်ရန်အတွက် ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီတွင်မန္တလေး အောင်မြေသာစံမြို့နယ် ၁၂လမ်းရှိ ရတနာပုံ တိရ စ္ဆာန် ဥယျာဉ်သို့ သွားရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။







0 comments:
Post a Comment