Sunday, January 12, 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ဘုတလင်မြို့တွင် ယာဉ်တိုက်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့ အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ဇန်န၀ါရီလ(၁၀)ရက် နေ့လည်(၁၂း၄၅) နာရီအချိန်က ကျောင်းသူလေးတစ်ဦးအား အရှိန်ပြင်းထန်စွာ မောင်းနှင် လာသော ခရီးသည်တင်ယာဉ်တစ်စီးမှ တိုက်မိခဲ့ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ မန်တလေးမြို့မှ ထွက်ခွာလာသည့် အောင်ရတနာကားအသင်းမှ စည်သူမြင့် အမြန်ယာဉျ၊ ယာဉျအမှတ်(၉ခ/------)သည် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့ အခြေခံပညာ အထက်တန်းကျောင်း မြောက်ဘက် မုဒ်ဦးရှေ့အရောက်တွင် ကျောင်းတက် ရန် လမ်း၏ ဘယ်ဖက်မှ ညာဘက်သို့ စက်ဘီးဖြင့် လမ်းဖြတ်ကူးသူ (မ-----)အား တိုက်မိခဲ့ပြီး နေရာတွင် သေဆုံးခဲ့သည်။

အဆိုပါ ကျောင်းသူလေးမှာ ဘုတလင်မြို့နယ်၊ သီးပင်အိုင် ကျေးရွာအုပ်စု၊ အုတ်ကျင်းကျေးရွာမှ ဘုတလင်မြို့ အထကကျောင်း ဒဿမတန်း(-)တွင် လာရောက်ပြီး ပညာသင်ယူနေသူ တစ်ဦးဖြစ်သည်။

ယာဉ်ကို မဆင်မခြင်ဖြင့် အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ယာဉျမောင်းဖြစ်သူ(ဦး-----)၊ အသက်(၂၃)နှစ်အား ဘုတလင်မြို့နယ် ရဲစခန်းက ပုဒ်မ၃၀၄(က)ဖြင့် အရေးယူထားကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးက လည်း``ကျောင်းအနီးမှာ (LED)သတိပေး ဆိုင်းဘုတ်တွေ တပ်ပြီး သတိပေးထားတယ်။ အခုလိုယာဉ်ကို အရှိန်ပြင်းစွာဖြင့် မဆင်မခြင် မောင်းနှင် တဲ့အတွက် အပြစ်မဲ့တဲ့ ကျောင်းသူလေး သေဆုံး ခဲ့ရတယ်။ မြို့တွင်းမှာ သူ့သတ်မှတ်အရှိန်နှုန်းအတိုင်း မောင်းနှင်ရင် အခုလိုအန္တရာယ် ဖြစ်ပေါ်လာမှာမဟုတ်ဘူး၊ လမ်းဖြတ်ကူးသူ ကျောင်းသား/သူလေးတွေအတွက် အရမ်းစိတ်ပူမိပါတယ်လို့ ´´သူ့ရဲ့ စိုးရိမ်စကားကို ဖွင့်ဟခဲ့ကြောင်း သတင်းရရှိသည်

0 comments:

Post a Comment

 
Twitter Bird Gadget