
ကိုယ်ကိုယ်တိုင်က စစ်သားပါ။ ဒါကြောင့် ကိုယ့် စစ်သားတွေကို ချစ်ပါတယ်။
ကိုယ့် အဖွဲ့စည်းကို ချစ်ပါ တယ်။ ကိုယ့် အလုပ်ကိုလည်း တန်ဖိုးထားတယ် ။
အဲဒါတွေ ထက် ပိုတာ က စစ်သားဘဝကို မြတ်နိုးမှု ပါ ။
လူကြီးသူမ စကားတွေ မှတ် ၊ စာအုပ်စာပေတွေ ဖတ် ၊ ကိုယ်တိုင်က ဆင်ခြင်တွေးခေါ်
မှုတွေ ကိုမြတ်နိုး တတ်တာကြောင့် မြန်မာ့သမိုင်းကိုပဲ ကြည့်ကြည့် ၊ လက်တွေ့
ဖြစ်နေတဲ့ နိုင်ငံ အခြေနေတွေကိုပဲ ကြည့် ကြည့် ဘယ်သူ့အပြစ် ဘယ်ဝါ့အပြစ်
ဆိုတာ ထက် ... ဘယ်လို အဆုံး သတ်နိုင်မလဲ ဆိုတဲ့ အယူအဆ က ပိုအရေးကြီး
တယ်လို့ မြင်မိတယ် ။ ဝမ်းသာ စရာကောင်းတာ က ကိုယ့်ခေါင်းဆောင် ကိုယ့် လူကြီး
တွေ ကိုယ်တိုင် က ... ပြဿနာကို အဖြစ်နိုင်ဆုံး နည်းလမ်းတွေ နဲ့
အဆုံးသတ်နိုင်ဖို့ ၊ ငြိမ်းချမ်း ဖို့ ၊ တိုးတက်ဖို့ အာသီသ ပြင်းပြနေတာ
တွေ့ရလို့ပါပဲ ။
ကိုယ်တိုင်က ယောကျာင်္းအချင်းချင်း ၊ စစ်သားအချင်း ဘယ်သူ့ကို မှ ဘယ်တုန်းက မှ
ဂရုမစိုက်ခဲ့ ဖူးသလို ၊ ကြောက်လည်း မကြောက်ခဲ့ဖူးဘူး ။ ကိုယ့်ရဲဘော်
ရဲဖက်တွေ ကျဆုံးတာ သိရ ကြားရတဲ့ခါ ၊ ကိုယ့် ညီကို တတွေ ကျဆုံးတာ သိရ
ကြားရတဲ့ခါ ဝမ်းနည်းတယ် ၊ ဒေါသထွက်တယ် ။ ဒါပေမဲ့ ... အမျိုးသားရင်ကြား
စေ့ရေး ဆိုတာတွေ ၊ ငြိမ်းချမ်းရေး ဆိုတာတွေ ရှေးရှု ပြီး
ကိုယ့်စိတ်ကိုထိန်းခဲ့တယ် ။ စစ်ပွဲတွေ ကို စစ်ပွဲလို့
ပဲမြင်နိုင်အောင်ကြိုးစားခဲ့တယ် ။ စစ်ပွဲ နဲ့ စစ်သား ကို
ခြားပြီးမြင်နိုင်အောင် ၊ ရန်သူ ၊ မိတ်ဆွေ မဟူ လူကိုလူလို့ မြင်နိုင်အောင် ၊
လက်နက်ကိုင် နဲ့ တိုင်းရင်းသားကိုခြား နားပြီး မြင်နိုင်အောင်
ကိုယ့်ကိုယ်ကို လေ့ကျင့် ခဲ့တယ် ။
ဒါပေမဲ့ ဒီနေ့ Lachid Kachin ဆိုတဲ့ ဖေ့စ်ဘုတ် ပေ့ခ်ျတစ်ခုကိုဝင်ကြည့်ဖြစ်တယ် ။
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် က မုန်းဒိန်ပါ ဒေသမှာရှိတဲ့ ...
စစ်ပြေးဒုက္ခသည်စခန်း နဲ့ စာသင်ကျောင်းတွေ ကို မြန်မာ့တပ်မတော် ကနေ
တိုက်ခိုက်ဖျက်ဆီးနေပါတယ်ဆို တဲ့ သတင်းတင်ထားတယ် ။ ဆိုလိုချင်တဲ့ သဘော က
မြန်မာ့တပ်မတော်ဟာ ဒုက္ခသည်စခန်းတွေ ၊ စာသင်ကျောင်းတွေ ၊
ဘာသာရေးအဆောက်အဦးတွေ ၊ အရပ်သားရွာတွေ မှာ ပြည်သူတွေရှိမှန်း သိသိ နဲ့
ပစ်ခတ်ဖျက်ဆီး နေပါတယ်လို့ မက်ဆေ့ခ်ျ ပေးလို ဟန်ရှိပါတယ် ။
ဒါပေမဲ့ ကျွန်တော် ဝင်ကြည့်တဲ့ ခါ ဓာတ်ပုံတွေမှာ သွားတွေ့ရတာက
ပုံမှာတွေ့တဲ့ တိုင်းပါပဲ ။ မြန်မာ့တပ်မတော် သားတွေ ကစဥ့်ကလျားပြေးရင်း
ကျန်ခဲ့ တဲ့ ယူနီဖောင်းတွေ ၊ စာရွက်စာတမ်းတွေ ၊ မှတ်စုစာအုပ်တွေ ကို ပါ
တွေ့ရပါတယ် ။
ကောင်းပြီ ။ ကျွန်တော်တို့ reflective tools ကိုသုံးပြီး textual analyze ၊
logical analyze လုပ်ကြည့်ရအောင် ။ အကယ် ၍ သာ အရပ်သားတွေ ရှိတဲ့ ရွာကို
မြန်မာ့တ်ာမတော် က လက်နက်ကြီးနဲ့ ထု ၊ ဝင် ရောက် ပစ်ခတ် ဖျက်ဆီး ခဲ့ တာ
မှန်ရင် ... အဲဒီယူနီဖောင်းတွေ ၊ စစ်သည်ပစ္စည်းတွေ ၊ စာရွက်စာတမ်းတွေ ဟာ ဘယ်
ကရ နိုင်သလဲ ။ ကျည် နဲ့ အတူ ရွာထဲကို ထည့်ပစ်လိုက်တာ လား ။ ဝင်ရောက်
ဖျက်ဆီး ပြီး ကိုယ့် ယူနီဖောင်းတွေ ၊ ပစ္စည်းတွေ ထားသွားတာလား ။
စဉ်းစားကြည့်ပါ။
တင်ထားတဲ့ ဓာတ်ပုံတွေ မှာ ဝန်းထံရံမှာ ချိတ်ထားတဲ့ ယူနီဖောင်း ၊ ခမောက်တွေ
ပါသလို ။ စစ်သည်တစ်ဦးချင်းမှာရှိရမဲ့ အိတ်ဆောင်ကဒ်တွေ ၊ စစ်သည်တွေ ရေးတဲ့
ဒိုင်ယာရီ စာအုပ်တွေပါပါတယ် ။ ဒါဆို ရင် ... ဒီရွာထဲမှာ စစ်သည်တွေရှိနေတယ် ။
နေနေ တယ်လို့ ... ကောက်ယူလို့ရ နိုင်သလား ။ စဉ်းစားကြည့်ပါ ။
တကယ်လို့ ရွာထဲမှာ မြန်မာ့တပ်မတော် က စစ်သည်တွေ အဝတ်အစားလေးတွေ လှန်းထားတယ်
။ ဒိုင်ယာ ရီ ရေးနေမယ် ။ ထုတ်ပိုးမထား တဲ့ ပစ္စည်းတွေ ကိုထား ခဲ့ ပြီး
အရေးတကြီး ဖြစ်လာတဲ့ခါ ဖြစ်သလို ကိုယ်လွတ် ရုန်းထွက်ပြေး ရတယ်ဆိုရင် ...
ဒီနေရာမှာ မြန်မာ့တပ်မတော် က နေနေ တယ် ၊ စခန်းချနေတယ်လို့ မှတ်ယူနိုင်မလား။
အဲဒါဆိုရင် ... ရွာကို (အဲဒီနေရာကို) လာတိုက်တာ ဘယ်သူတွေလဲ ။ ဝင်ရောက်လာတာ ဘယ်သူတွေလဲ ။ လှမ်းပစ်တာကရောဘယ်သူတွေ ဖြစ်မလဲ ။
ကိုယ်တိုင် ပဲ စဉ်းစားပါ ။
ဓာတ်ပုံတွေ အရ ပဲ ကျွန်တော် ပြောပြပါ့မယ် ။
အဲဒီ ရွာ ၊ အဲဒီဒေ သမှာ မြန်မာ့တပ်မတော် စခန်းချနေလိမ့်မယ် ။ ယာယီဖြစ်စေ ၊
အခြေပြု နေရာဖြစ်ပေါ့ ။ အဲဒီ အချိန် ဝင်တိုက် ခံရလိမ့်မယ် ။ အမှတ်မထင်
တိုက်ခံရတဲ့ ချိန်မှာ ဆုတ်ခွါ ကြရမယ် ။ အဲဒီအခါ ပစ္စည်း တွေ ဗရမ်းဗတာ
ကျန်ခဲ့လိမ့်မယ် ။ အဲဒီ ပစ္စည်းတွေ ကို အဲဒိရွာထဲ ဝင်လာသူတွေက ရလိမ့်မယ် ။
တွေ့လိမ့်မယ် ။ ဓာတ်ပုံ ရိုက် လိမ့်မယ် ။
ကျွန်တော်တို့ စစ်ပွဲကို စစ်ပွဲလို့မြင်ပါတယ် ။ စစ်ပွဲ မှာ
အပြန်အလှန်ပစ်ခတ်မှုရှိမယ် ။စစ် ကြောင့် ပြည်သူတွေ
ဒုက္ခရောက်ရတာလည်းရှိလိမ့်မယ် ။ ဒါပေမဲ့ စစ်သား က ရိုးသားဖို့ လိုတယ် ။
အွန်လိုင်းမှာ မြန်မာ့တပ်မတော် က အရပ်သားတွေပါ မရှောင် ပစ်ခတ် နေပါတယ် ၊
ရွာတွေကိုဝင်ရောက် ဖျက်ဆီးနေပါတယ် ၊ ဘာသာရေးအဆောက်ဦးတွေပါ မကျန်
ဖျက်ဆီးနေပါတယ် လို့ ဝါဒဖြန့်ချင်ရင် ဒီထက် အဆင့်မြင့်မြင့် နည်းတွေသုံးပါ
။
အွန်လိုင်းမှာ ရှိနေတာ အရာအားလုံး မျက်စိ မှိတ် ယုံ မဲ့ ငတုံးတွေလို့ မထင်ပါနဲ့ ။
ရုပ်ဆိုး






0 comments:
Post a Comment