Thursday, January 2, 2014

ဇန်န၀ါရီ ၁၁ မှာစတင် ယှဉ်ပြိုင်တော့မည့် အာရှဖလားယူ ၂၂ ဘောလုံးပွဲတွင် အာဆီယံ ဒေသ၏ တစ်သင်းတည်းသော ခြေစစ်ပွဲအောင် မြန်မာယူ ၂၂ အသင်း အံ့အားသင့်ဖွယ် ရလဒ် ယူဆောင်ပေးမည်ဟု မြန်မာအသင်း နည်းပြဆို




ဇန်န၀ါရီ ၁၁ ရက်တွင်စတင်မည့် အာရှယူ-၂၂ ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း၏ ဂျာမန်လူမျိုးနည်းပြမစ္စတာဂတ်ဇီဇီက ပြိုင်ပွဲတွင် အာရှအင်အားကြီးအသင်းများနှင့် ရင်ဆိုင် ကစားရသည့်တိုင် မြန်မာပရိသတ်များ ထင်မှတ်မထားသည့် အံ့သြသင့်ဖွယ်ရလဒ်မျိုးယူလာပြ မည်ဟု ကြုံးဝါးပြောဆိုလိုက်သည်။

မစ္စတာဂတ်သည် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ယခုအသင်းကို ကိုင်တွယ်မည့် ပတ်ဆောင်ဟွာ ထုတ်ပယ်ခံရခြင်းကြောင့် အစားထိုးတာဝန်ယူ ကိုင်တွယ်ခွင့်ရခဲ့သူ ဖြစ်သည်။ အာရှယူ-၂၂ ပြိုင်ပွဲ အတွက် ပြင်ဆင်ချိန် အနည်းငယ်သာရခဲ့သည့် မစ္စ တာဂတ်က “ကျွန်တော် ဒီအသင်းကို ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် အများကြီးမရခဲ့ပါဘူး။ ဒါပေမဲ့ ကလေး တွေက အချိန်တိုတိုအတွင်းမှာ ကျွန်တော်သင်ပြပေးထားတဲ့လိုချင်တဲ့ ပုံစံအတိုင်းလိုက်ကစားပြနိုင်ကြ ပါတယ်။ ကျွန်တော်တို့အုပ်စုမှာ တောင်ကိုရီးယားလို အာရှအင်အားကြီးအသင်းရယ် အိမ်ရှင်အိုမန်ရယ် ပါပါတယ်။ ဘယ်သူကမှ ကျွန်တော်တို့ကို အထင်ကြီးကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်သူမှ ထင်မ ထားတဲ့ရလဒ်မျိုးကို အံ့သြသင့်စရာကောင်းအောင် ကျွန်တော်ယူလာပြပါ့မယ်။ကျွန်တော့်ကလေးတွေ အပေါ် ယုံကြည်မှု အပြည့်ရှိပါတယ်” ဟု ပြောသည်။

မြန်မာလက်ရွေးစင်ယူ-၂၂ အသင်းသည် ယူ-၁၉ အသင်းကို အခြေခံဖွဲ့စည်းထားပြီး ဆီးဂိမ်းပြိုင်ပွဲဝင် အသင်းမှ ကစားသမားခုနစ်ဦးကို ပြန်လည်ခေါ်ယူထားသည်။ မြန်မာယူ-၂၂မှာ အာရှယူ-၂၂ ပြိုင်ပွဲ အုပ်စု (က) တွင်အိမ်ရှင်အိုမန်၊ တောင်ကိုရီးယား၊ ဂျော်ဒန်အသင်းတို့နှင့် အတူကျရောက်နေပြီး အဖွင့် ပွဲစဉ်ကို ဇန်န၀ါရီ ၁၁ ရက်တွင် အိမ်ရှင်အိုမန်နှင့် စတင်ကစားရမည် ဖြစ်သည်

0 comments:

Post a Comment

 
Twitter Bird Gadget