တောင် အာဖရိ က နိုင်ငံ ကိပ် တောင်း မြို့ မှာ အ သက် ၁၅ နှစ် အ ရွယ် မိန်း
ကလေး တစ် ဦး ကို အဓမ္မပြု ကျင့် ခဲ့တယ် လို့ စွပ်စွဲခြင်း ခံရသူ ကို
မြို့ခံ လူထု က မကျေ မနပ် ဖြစ် ကာ သတ် ပစ် ခဲ့ကြ တယ် လို့ ဒေး လီးမေးလ်
သတင်း တစ်ရပ် မှာ ရေးသား ခဲ့ပါ တယ်။ အဓမ္မ ပြုကျင့် ခံရပြီး နောက် တစ် နေ့
မှာ ပြစ်မှု ကျူး လွန် သူ လို့ ယူဆ ရ တဲ့ အသက် ၃၂ နှစ် အရွယ် အမျိုးသား တစ်
ဦး ကို မြို့ခံ တွေ က ဖမ်း ဆီး ခေါ် ဆောင် သွား ခဲ့ ပြီး ကျောက်ခဲ တွေနဲ့
ပစ်ပေါက် သတ်ပစ် ခဲ့တာ ဖြစ်ပါ တယ်။ ဒေသခံ တစ်ဦး က ပြစ်မှု ကျူးလွန် သူကို
သတ်ပစ် ဖို့ စုဝေး တိုင်ပင် ခဲ့ကြောင်း၊ ဒီလို လူမျိုး ကို သတ် ပစ်
လိုက်ခြင်း အ တွက် နောင် တ မရမိ ကြောင်း ပြော ကြား ခဲ့ပါ တယ်။
အသက် ၁၅ နှစ် အရွယ် မိန်း ကလေး နဲ့ သူငယ်ချင်း ဖြစ် သူ ဟာ အမျိုးသား
နှစ်ဦး ရဲ့ အဓမ္မပြု ကျင့် မှု ကို ခံလိုက် ရတာ ဖြစ် ပါတယ်။ အဓမ္မပြု ကျင့်
ခံရတဲ့ မိန်းကလေး တစ်ဦး ရဲ့ အဒေါ် က ကျွန်မ ရဲ့တူမ ကို အမျိုးသား နှစ်ဦး က
ဓားထောက်ပြီး စော်ကား သွား တာဖြစ်ပါ တယ်။ ပြန်ပြော ရင် လည်း သတ် ပစ် မယ်
လို့ ခြိမ်း ခြောက် သွားခဲ့ တယ် လို့ ဆို ခဲ့ပါ တယ်။ အခင်း ဖြစ်ပြီး နောက်
တစ်နေ့ မှာ အဓမ္မ ပြု ကျင့် ခဲ့ သူ လို့ ယူ ဆ ရတဲ့ သူ ကို အရက် ဆိုင် မှာ
တွေ့ ရှိ ပြီး ရိုးရာ အစဉ် အလာ အတိုင်း ကျောက် ခဲ နဲ့ ပစ် ခတ် သတ် ပစ်
လိုက် တာဖြစ် ပါတယ်။ အသတ် ခံလိုက် ရတဲ့ မိသားစု က လည်း ပြန်လည် လက်စား ချေ
မှု တွေ ပြုလုပ် နိုင် တာ မို့ အဓမ္မ ပြု ကျင့် ခံရတဲ့ မိန်းကလေး ရဲ့ မိသားစု
ကို လုံခြုံ ရေး ပေးထား ရတယ် လို့ သိရ ပါတယ်။ အဓမ္မ ပြုကျင့် ခံရ တဲ့
မိန်းကလေး ရဲ့အစ်ကို က ပြန် လည် လက်စား ချေ တဲ့အနေ နဲ့ သတ် ဖြတ် မှု ကို
ဦးဆောင် ခဲ့ တယ် လို့ စွပ်စွဲ ခံထား ရပေ မယ့် သူ့ ရဲ့ အမေဖြစ် သူ က အခင်း
ဖြစ်တဲ့ အချိန် မှာ သား ဖြစ် သူ ဟာ အလုပ် ဆင်း နေ ကြောင်း ဆိုခဲ့ ပါ တယ်။
ဒီ လူသတ်မှု နဲ့ ပတ်သက်ပြီး စုံစမ်းမှု တွေ စတင်ပြု လုပ် နေ ပေမယ့် ရဲတပ်
ဖွဲ့က ဖမ်း ဆီးမှု တော့ ပြုလုပ်ခြင်း မရှိသေး ဘူး လို့ သိရ ပါ တယ်
0 comments:
Post a Comment