Thursday, January 9, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံ ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ








နေပြည်တော် ဇန်နဝါရီ ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီး H.E. Mr. Yoshitaka SHINDO နှင့် အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား အဆင့်မြှင့်တင်ရေးအတွက် ဂျပန်နိုင်ငံမှ နည်းပညာဆိုင်ရာ အကူအညီပေးရေး၊ ဆက်သွယ်ရေးကဏ္ဍတွင် မြန်မာနိုင်ငံ၏ စာပို့တိုက်လုပ်ငန်း ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးနှင့် နည်းပညာများ ကူညီပံ့ပိုးပေးရေးနှင့် နည်းပညာ သင်တန်းများကို မြန်မာနိုင်ငံတွင် လာရောက် ဖွင့်လှစ်ပို့ချနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဂျပန်နိုင်ငံ ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးဆောင်သော အဖွဲ့နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Mikio NUMATA တက်ရောက် ခဲ့သည်။

0 comments:

Post a Comment

 
Twitter Bird Gadget