ဘ၀ နှင့် ရင်းပြီး ပြည်ပသို့ အိမ်ဖေါ် အလုပ်လုပ် ရင်း တွေ့ကြုံလာရသည့်
ခေါင်းပုံဖြတ်၊ ဂုတ်သွေးစုပ် အမြတ် ထုတ်နေသည့် အိမ်ဖေါ် ပွဲစားများ၊
စင်ကာပူနိုင်ငံမှ အိမ်ရှင် တချို့၏ ဆိုးရွားလှသော လူ့အခွင့် အရေး ဖေါက်ဖျက်
အနိုင်ကျင့်မှုများ အကြောင်းကို မနေ့ညနေ (ဇန်န၀ါရီလ ၈ ရက် ညနေ) လေယာဉ်ဖြင့်
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာအမျိုးသမီး နှစ်ဦးက
ယခုလို ရင်ဖွင့် ပြောဆိုခဲ့ပါသည်။
ရုပ်/သံ ကြည့်ရန် ဒီနေရာကို နိပ့်ပါ
အချို့က အကြံပေးပါသည်။ အဆိုပါ မြန်မာအမျိုးသမီးငယ်တို့ မျက်နှာကို
မဖေါ်ပြသင့်ကြောင်း လူ့အခွင့် အရေး အရ စာနာကာကွယ်ပေးသင့်ကြောင်း ဆိုပါသည်။
ကျနော့်တွင်လည်း မျက်နှာတခုကိုသာ ကွက်ပြီး ဖုန်းပေးသည့် ဆော့ဖ်ဝဲ
နည်းပညာကလည်း မရှိသည်က တကြောင်း ကျနော့်အိမ်သို့ ရုတ်ခြည်းရောက်လာ
ရင်ဖွင့်ရှာသော သူတို့ကို ကျနော် ကူညီပေးနိုင်သည်မှာ ယခုလို
အများပြည်သူသိအောင် ထပ်ဆင့် တင်ပြပေးခြင်း တခုကိုသာ လုပ်နိုင်သည်မို့
တကြောင်း။
အဆိုပါ အမျိုးသမီးတို့မှာ ကိုယ်ကို ရောင်းစား အကျင့်ပျက်ပြားသူများ မဟုတ်ပဲ
ရိုးသားစွာ ၀မ်းစာရှာရေး အတွက် အိမ်အကူ အလုပ်ဖြင့် အသက်မွေးရာတွင်
လူမဆန်သော နိုင်ငံခြားသား အလုပ်ရှင်၏ အငတ်ထား ၊ အလွန်ပင်ပန်းစွာ
အလုပ်စေခိုင်းခြင်းများကြောင့် မခံမရပ်နိုင် မလုပ်နိုင်ပဲ ကျမ်းမာရေး
ယိုယွင်းကာ ပြန် လာခဲ့ရသည်ဖြစ်ပြီး သူတို့တွင် အပြစ်မရှိဟု ခံယူသည်က
တကြောင်းတို့ကြောင့် မျက်နှာအမူအရာတို့ပါ ဖေါ်ပြသည့် ပုံကို
တင်ပြရခြင်းဖြစ်ပါသည်။
လူသားချင်း မစာနာသည် လုပ်ရပ် မဟုတ်ပါကြောင်း နိုင်ငံသား အချင်းချင်း
ကိုယ်ချင်း မစာနာသည့် မြန်မာ့ အေးဂျင့်က လျော်ကြေးအဖြစ် မြောက်များစွာငွေ
ငွေကို တောင်းခံခြင်းမှာ မဖြစ်သင့်ဟု ထင်သည့် အတွက်တင်ပြရခြင်းဖြစ်ပါသည်။
ယခုလို အိမ်အကူအဖြစ် လူတယောက်ကို မဖြစ်မနေ ရအောင် လွတ်ပေးလိုက်တိုင်း
တလလျှင် ဒေါ်လာ ငါးရာဖြင့် ငါးလစာ ဒေါ်လာနှစ်ထောင့်ငါးရာ ရနေသည့်
အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ၏ ၀င်ငွေ ကို တွက်ဆကြည့်ပါက မနည်းလှသလို၊
လူကုန်ကူးခြင်းသဘောသက်ရောက်ပြိး လုပ်အားခ မတန်တဆ ခေါင်းပုံဖြတ်သည့်
စနစ်ကို ခွင့်ပြုပေးထားသော ပြည်ပ အလုပ်အကို ရှာဖွေရေး ဆိုင်ရာ ပြဌာန်းချက်
ဥပဒေ များကိုလည်း မိမိတို့ လေ့လာပြင်ဆင်ရန် သင့်ပြီဟု ယူဆသောကြောင့်
တင်ပြခြင်းဖြစ်သည်။
ယနေ့ နေ့လည်က အဆိုပါ အမျိုးသမီးများ နှင့် အတူ တာမွေရဲစခန်းသို့
ကျနော်ကိုယ်တိုင် လိုက်ပါပြီး အမှုဖွင့် တိုင်ကြားခဲ့ပြီး သူတို့အား
စင်ကာပူသို့ တဆင့်ခံ ပွဲစားသဘောဖြင့် အေဂျင်စီ တခုထံ ဆက်သွယ် ပေးခဲ့သော
ပွဲစားအားလည်း ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပြီးဖြစ်သည်။ သန်ဘက်ခါ တွင်
တာမွေ ရဲစခန်းသို့ လာရောက်ရန် ချိန်းဆိုထားပြီး နစ်နာမှု လျော်ကြေး များ
အကြောင်းနှင့် အလုပ်လုပ်ရန် ပြည်ပ သို့ မထွက်ခွါမှီ ချုပ်ဆိုရသော
စာချုပ်များ၊ မထွက်ခွါမှီက ပြောဆိုစည်းရုံးသည့် အလုပ်သဘောသဘာဝ
ရပိုင်ခွင့်များနှင့် ပြည်ပရောက်သော အခါ တွေ့ကြုံရသည့် ခံစားခွင့်
ကွဲလွဲမှုများ၊ တာဝန်ယူမှု အကာ ကွယ်နှင့် လူသားချင်း စာနာထောက်ထားမှု
လူ့အခွင့်အရေး အလုပ်သမား အခွင့်အရေး ဆိုင်ရာ စည်းမျဉ်း များနှင့် ကိုက်ညီမှု
ရှိမရှိ လေ့လာ စောင့်ကြည့် ကူညီမည်ဖြစ်ပြီး၊ အိမ်အကူ လုပ်သားအဖြစ် ပြည်ပ
နိုင်ငံ များစွာသို့ သွားရောက်နေရသော မြန်မာ့ အမျိုးသမီးငယ်များ ဘ၀ကို
သုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။
မြန်မာ့လူမှု ဘ၀ တိုးတက်မြင့်မားရေး အသင်း (ယာယီ)







0 comments:
Post a Comment