
ဗုဒ္ဓဘာသာနိုင်ငံမှာ
သံဃာနဲ့ ထိပ်တိုက်တွေ့ရင် ထိလိမ့်မယ်၊ သံဃာအင်စတီးကျူးရှင်းကို အထင်သေးရင်
ကွဲပါမယ်ပြောတုန်းက ဒီလောက်တော့ မှုစရာမလိုပါဘူး။ NLD
အနေအထိုင်ရွေ့သွားစရာမရှိပါဘူး။ သက်သက်ချောက်ချနေတာပါလို့ အပြောခံခဲ့ရဖူးတယ်။
အခု
သံဃာ့ညီလာခံက ကြေညာချက်ထုတ်လိုက်တယ်။ ကြေညာချက် ၂မှာ
တိုက်ရိုက်မဆိုထားပေမယ့် သုံးနှုန်းထားတဲ့ စကားလုံးဟာ ၅၉(စ)ကို
ပြင်ဖို့သံဃာဘက်က လက်ခံတော့မှာ မဟုတ်ဘူးလို့ ငြင်းပယ်လိုက်ပြီ။
စစ်တပ်၊
သံဃာ့အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ အင်စတီကျူးရှင်း ၃ခု။ စစ်တပ်ရဲ့
တစ်သွေးတစ်သံတစ်မိန့် ဖွဲ့စည်းပုံနဲ့ နှစ်ပေါင်း ၂၅၀၀ကျော်လာတဲ့
သံဃာ့ဖွဲ့စည်းပုံ အင်စတီကျူးရှင်း၂ခုဟာ အခိုင်အမာရှိတယ်။ နိုင်ငံရေးပါတီဘက်
အခုချိန်ထိ ခိုင်မာမှုကို အသေအချာမပြနိုင်သေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ပါဝါသိပ်တက်နေချိန်မှာ စစ်တပ်နဲ့ အစိုးရဘက်က
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ လေသံပျော့သွားတယ်။ ၅၉(စ)ကိုပါ ထည့်ပြင်မလားဆိုတဲ့ သဘောထားပျော့ပြောင်းတဲ့အမူအရာတွေရှိလာခဲ့တယ်။
ဒါပေမယ့် အခု သံဃာဘက်က မီးစိမ်းပြလိုက်ပြီ။ ၅၉(စ)ကို ပြင်ဆင်ဖို့
ငါတို့မထောက်ခံတော့ဘူးတဲ့။ ပါဝါဂိမ်းမှာ အင်အားကြီးအဖွဲ့အစည်းတစ်ခု
ကိုယ့်ဘက်ပါလာတော့ နဂိုကတည်းက ပြင်ဆင်ဖို့စိတ်မပါတဲ့ စစ်တပ်ဘက်က ဘယ်လိုမှ
အလျှော့ပေးတော့မှာမဟုတ်ဘူး။
၅၉ (စ) ကိစ္စ အသံမထွက်လာခင်ကတည်းက
အွန်လိုင်းပေါ်က ဒီမိုဆိုသူတွေရဲ့လုပ်ရပ်ကို မရှင်းလင်းနိုင်ဘူးဆိုရင် NLD
ပြဿနာတက်လိမ့်မယ်ပြောခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း
မပြင်ဆင်တဲ့အပြင် ပြောတဲ့သူကပဲ ချောက်ချနေသယောင် ပြောခဲ့တယ်။ အခုတကယ်လည်း
သံဃာ့အဖွဲ့အစည်းက ကြေညာချက်ထုတ်လာတယ်။ စစ်တပ်နဲ့ သံဃာ
အင်စတီကျူးရှင်းနှစ်ခု ကျောချင်းကပ်သွားတယ်။ အဲဒီအခါမှာလည်း သူတို့ဘက်က
အရေးအသားနဲ့ တစ်ခြားလူတွေအကုန်လုံးက NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
အပုပ်ချနေတာပါဆိုတဲ့ လေသံကမပြောင်းလဲသွားသေးပြန်ဘူး။ သံဃာ့အဖွဲ့အစည်းဟာ ကိုယ်နဲ့မဆိုင်တာတွေ လျှောက်လုပ်နေပါတယ်ဆိုတဲ့ စကားသံတွေကိုပါ ထပ်ပြောလာတယ်။ ကိုယ့်ဘက်မပါမှန်းသိလာတဲ့အခါမှာ ထိပ်တိုက်မတိုးသင့်တဲ့သူတွေကိုတောင်
ရန်သူအသွင်ဆောင်လာတယ်။ ဒီလူတွေ ရှေ့ဆက်တိုးပါလိမ့်ဦးမယ်။
လက်ရှိအခြေအနေကို မမြင်နိုင်လောက်အောင် ဘက်အစွဲ ဆက်ဖုံးနေပါလိမ့်ဦးမယ်။
ဒီပုံစံနဲ့ဆို NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ကျော်ဖြတ်ရမယ့် ခရီးလမ်းဟာ မမျှော်မှန်းနိုင်လောက်အောင်ကို ခက်ခဲလာတော့မယ်ဆိုတာကို
မြင်အောင်ကြည့်ကြစေချင်တယ်။ ပြောတဲ့သူကို ကက်ကက်လန်အောင် ရန်တွေ့မယ့်အစား
ဘာလို့ဒီအခြေရောက်လာလဲဆိုတာကို သုံးသပ်ကြည့်စေချင်တယ်။
0 comments:
Post a Comment