Thursday, January 16, 2014

ဗုဒ္ဓဘာသာ မသင်ရင် တိုင်းပြည်က အရမ်းရိုင်းစိုင်းသည် ထင်၍ စာသင်ကျောင်းများတွင် ပြန်လည် သင်ကြားပေးရန် နိုင်ငံတော် အကြံပေးလိုလား




အခြေခံပညာ ကျောင်းများမှစ၍ ဗုဒ္ဓဘာသာကို ဘာသာရပ် တစ်ခုအနေဖြင့် မြန်မာနိုင်ငံတွင် ထည့်သွင်း ပြဋ္ဌာန်း သင်ကြား ပေးသင့်ကြောင်း နိုင်ငံေ တာ် သမ္မတ အကြံပေး ဒေါက်တာဖေဉာဏ်က မြန်မာသံတော် ဆင့်သို့ ပြောကြား လိုက်သည်။

လက်ရှိအခြေအနေတွင် ဖြစ်ပွားလျက် ရှိသော လူမှုဆက်ဆံရေး ဆုတ်ယုတ်လာသော အခြေအနေအရ ““ဗုဒ္ဓဘာသာ မသင်ရင် တိုင်းပြည်က အရမ်းရိုင်းစိုင်း နေတာလေ။ ရိုင်းစိုင်းတာကို အကုန်လုံးက သဘော ပေါက်သွားအောင် ဆိုပြီးတော့၊ ပညာရေး ၀န်ကြီးကလည်း ဖြည့်ဆည်းပေးတယ်။ သူတို့လည်း သဘော ပေါက်တယ်။ ဘယ်ကနေစပြီးတော့ လုပ်လို့လုပ်ရမှန်းမသိဘူး အဲလိုဖြစ်တာ””ဟု ဒေါက်တာ ဖေဉာဏ်က ပြောသည်။ စာသင်ကျောင်းများတွင် ဗုဒ္ဓဘာသာ ထည့်သွင်း သင်ကြားရန်အတွက် ““မူလ တန်းဆိုရင် မူလတန်းနဲ့ ပတ်သက်တဲ့ အခြေခံလေးတွေကို သင်ပေးရတာပေါ့။ မင်္ဂလသုတ်က အခြေခံအကျဆုံးလေ။ ဂါရဝေါစ၊ နိဝါတောစ၊ နောက် မိဘကို လုပ်ကျွေး ရမယ်။ သားသမီးကို ဘယ်လိုထောက်ပံ့ ရမယ်ပေါ့။ ဇနီး မယားပေါ်မှာ သစ္စာရှိရမယ်။ အဲဒါတွေလည်း အကုန်လုံးအပြည့် အစုံ မင်္ဂလသုတ်မှာပါတယ်။ အလယ်တန်း လောက်ကျတော့ မေတ္တသုတ်ပေါ့။ လူတွေချမ်းသာပါစေ။ ကျန်းမာပါစေ။ အထက် တန်းကျတော့ ရတန သုတ်ပေါ့။ အတွေး အခေါ်ပေါ့။ တက္ကသိုလ်ကျတော့လည်း အဘိဓမ္မာပေါ့။ ပဋိ စ္ဆသမုပ္ပာဒ်ပေါ့။ …

ဝန်ကြီးချုပ်ဦးနုတို့ လက်ထက်မှာ ဒေါက်တာသိန်းမောင် ဆိုတာရှိတယ်။ တရား သူကြီးချုပ်။ ပြည်ဒေါက်တာ သိန်းမောင်၊ ဦးနု၊ ဦးဘဦးတို့ ပေါင်းပြီးတော့ သင်္ဂါယနာ တင်ပေးပါဦး။ ဦးနုကတော့ သိတဲ့အတိုင်းပဲ။ သူကပြောစရာ များတယ်။ ဦးသိန်းမောင်တို့ တစ်စိုက်မတ်မတ်လုပ်သွားတာ သာသနာကို။ ဒေါက်တာ သိမ်း မောင်ဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းတွေ ရှိတယ်။ ဘုန်းကြီးလောကမှာထင်ရှားတယ်။ အဲဒါတွေကို အခြေခံပြီး တော့ ကျောင်းတွေမှာပြဋ္ဌာန်းသွားရင် ဒါတွေက လုပ်ရမှာလေ။ ၁၉၆၁၊ သြဂုတ်လ ၂၆ ရက်နေ့မှာ ဗုဒ္ဓဘာသာ နိုင်ငံတော် ဥပဒေကို သမ္မတမန်းဝင်းမောင် ပြဋ္ဌာန်းတယ်။ ဗုဒ္ဓဘာသာကို သင်ကြားတဲ့ဥပဒေ တွေ လည်းရှိပြီးသား။ ဗုဒ္ဓဘာသာတွေပဲ ကျောင်းတွေမှာမသင်တာ။ တခြားဘာသာ တွေဆိုရင် ၉ နှစ်က ၁၅ နှစ်ဆိုရင် အကုန်လုံးနားလည်သွားပြီ။ နောက်ဆုံး အမှုအခင်းမျိုးစုံလိုက်ရှင်းရတာ။ ကျောင်းတွေမှာ ပညာ မသင်ကြားခဲ့လို့ပဲ။ ဘယ်လောက်ဆိုးလဲ ဆိုတော့ ဆရာ၊ ဆရာမ တွေကိုယ်တိုင်လည်း မသင်ဖူးဘူး။ သူတို့ လည်းမယဉ်ကျေးဘူး”” ဟု ဒေါက်တာ ဖေဉာဏ်က ၎င်း၏အမြင်ကို သုံးသပ်ပြော ကြားသည်။

၁၉၆၁ ခုနှစ်၊ နိုင်ငံတော်ဘာသာ သာသနာချီးမြှောက်ထောက်ပံ့ရေး အက် ဥပဒေတွင် ပြည်ထောင်စု နိုင်ငံအတွင်းရှိ အစိုးရ စာသင်ကျောင်းအားလုံး၌ ဗုဒ္ဓဘာသာဝင် စာသင်သားများအတွက် ဗုဒ္ဓဘာသာ တရားစာမေးပွဲများ ကျင်းပစေရမည်။ အဆိုပါ စာမေးပွဲ အောင်မြင်သူများအား အောင်လက်မှတ် ချီးမြှင့် ရမည်။ အဆိုပါ စာမေးပွဲကို ထူးချွန်စွာ အောင်မြင်သူများအား ဆုများချီးမြှင့်ရမည်။ ပြည်ထောင်စု နိုင်ငံ အတွင်းရှိ တက္ကသိုလ်အားလုံးနှင့် ထိုတက္ကသိုလ်များ လက်အောက်ရှိ ကောလိပ်များတွင် ဗုဒ္ဓဘာသာ ကျမ်းစာများ သင်ယူ လိုသူ အလုံအလောက်ရှိလျှင် ထိုသူတို့အား အခြားဘာသာရပ်များ သင်ယူဖြေဆိုသည့် နည်းတူ သင်ယူ ဖြေဆိုခွင့်ပြုရမည် …အစိုးရအသံလွှင့် ဌာနသည် ဥပုသ်နေ့များတွင် တစ်နေ့လျှင် အနည်းဆုံးတစ်နာရီ အောက်မနည်း အချိန်ခွဲ၍ဖြစ်စေ၊ တစ် ဆက်တည်းဖြစ်စေ ဗုဒ္ဓဘာသာတရား တော်ကို အသံလွှင့်ရမည်…ဟူ၍ ဖော်ပြ ပါရှိသည်။

အဆိုပါ ဥပဒေပါအရ မြန်မာနိုင်ငံတွင် အင်အားအများဆုံး ဗုဒ္ဓဘာသာဝင် နိုင်ငံသားများ၏ ယဉ်ကျေးမှု အစဉ်အလာ ကောင်းများ တည်တံ့စေရန်အတွက် ရည်ရွယ်ချက် ကောင်းထား၍ စာသင်ကျောင်းများတွင် ဗုဒ္ဓဘာသာကို ယဉ်ကျေးမှုသင်ခန်း စာတစ်ရပ်အနေဖြင့် သင်ကြား သင့်ပြီဖြစ်ကြောင်း၊ ၁၉၉၂ တွင် ဥပဒေ များကို ရုပ်သိမ်းသည် ဥပဒေ၌ အဆိုပါ အက်ဥပဒေ မပါဝင်ကြောင်း၊ အစိုးရနှင့် တာဝန်ရှိသူ များအပိုင်းက မိမိတို့နိုင်ငံနှင့် လူမျိုးအတွက် စဉ်းစား ဆောင်ရွက်သင့်ကြောင်း ယခင် နယက(တပ်မတော်) အစိုးရ လက် ထက်က ယဉ်ကျေးမှုဝန်ကြီးဌာန၏ အကြံပေးလည်း ဖြစ်ခဲ့သူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အကြံပေး ဒေါက်တာဖေဉာဏ်က မြန်မာသံတော်ဆင့်သို့ပြောသည်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် ဘုန်းတော်ကြီး ကျောင်းများ၌သာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းနှင့် စာမေး ပွဲများ ကျင်းပလျက်ရှိပြီး လက်ရှိအခြေအနေတွင် အစိုးရ စာသင်ကျောင်းများ၌မူ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဘာသာရပ်ကို သီးခြားပြဋ္ဌာန်း စာအုပ်ဖြင့် သင်ကြားခြင်းမရှိသေးပေ။

By မြန်မာသံတော်ဆင့်

0 comments:

Post a Comment

 
Twitter Bird Gadget