မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများကို ပိုမိုကာကွယ်မှု ပေးနိုင်ရန်နှင့်
လူဦးရေမြင့်မားသည့် အိမ်နီး ချင်း တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏
အန္တရာယ်မှ ပိုမိုကာကွယ်ပေးနိုင်ရန် ၁၉၅၄ ခုနှစ် ဗုဒ္ဓ ဘာသာ
မြန်မာအမျိုးသမီးများ အထူးထိမ်းမြားသည့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို
လက်ရှိ လွှတ်တော် ကာလအတွင်း တင်ပြသွားမည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးသိန်းညွန့်က The Daily Eleven ကို ပြောကြားသည်။
မြန်မာနိုင်ငံမှမြန်မာအမျိုးသမီးများ အနေဖြင့် နိုင်ငံခြားသားများနှင့်
လက်ထပ်သည့် အခါတွင် အခွင့်အရေးများ၊ရပိုင်ခွင့်များမဆုံးရှုံးစေရန်နှင့်
ယခုခေတ်ကာလနှင့်မကိုက်ညီတော့သည့် အချက် များကို ပြင်ဆင်ချက်
တင်သွင်းသွားမည်ဖြစ်ပြီး လက်ရှိ ပထမအကြိမ် လွှတ်တော်ကာလအတွင်းဖြစ်သည့် ၂၀၁၅
ခုနှစ် ဇန်န၀ါရီတွင် တင်သွင်းသွားမည်ဟု ၎င်းကပြောကြားသည်။ “အခုတိုင်းပြည်ဟာ
သန်း ၁၃၀၀ ရှိတဲ့ တရုတ်နိုင်ငံနဲ့သန်း ၁၅၀ ရှိပြီး ရှမ်းပြည်လောက်သာရှိတဲ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ ကပ်နေတယ်။ အထူးသဖြင့် တရုတ်ပြည်ဟာ ကလေးတစ်ယောက်
ပေါ်လစီပဲဖြစ်တော့ မိန်းကလေးဆိုရင်ကိုယ်ဝန်မှာ ကတည်းက ဖျက်ချပစ်တာတွေ
ရှိတယ်။ အဲဒီတော့ တရုတ်ပြည်မှာ လူပျိုချည်း သန်း ၉၀ လောက် ပိုနေ တယ်။
အဲတော့ အဲဒီသန်း ၉၀ အတွက် တို့ဆီက အမျိုးသမီးတွေကို လူကုန်ကူးပြီးတော့
တရုတ်အမျိုးသား တွေနဲ့ ပေးစားတဲ့ လုပ်ငန်းတွေရှိတယ်။ ဖြစ်ပျက်နေတယ်။ တို့က
တစ်ပြည်လုံးမှ သန်း ၆၀ ပဲ ရှိတာလေ။ အဲဒါကြောင့် ဒီအန္တရာယ်တွေကိုလည်း
တို့တွက်ရမယ်” ဟု ဦးသိန်းညွန့်က ပြောကြားသည်။ ယင်းအချက် များအပြင်
လက်ရှိတွင် ဈေးကွက်စီးပွားရေးကို ဖွင့်လိုက်သည့်အတွက် နိုင်ငံခြားသားများ
တိုင်းပြည်တွင်းသို့ ၀င်လာလိမ့်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက်
လာကြသည့် နိုင်ငံခြားသားများ ရှိသကဲ့သို့ မြန်မာ တိုင်းရင်းသူများကို
ဈေးပေါပေါနှင့်တရားမ၀င်နည်းဖြင့် ပေါင်းသင်းမည့် သူမျိုးများလည်းအများကြီး
ပါလာ လိမ့်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအတွက် အဓိကရေရှည်တွင်
မြန်မာတိုင်းရင်းသားများ၏ လူမျိုး၊ ဘာသာ၊ သာသနာ တည်တံ့စေရန် သံဃာတော်များ
ထောက်ပြနေသည့် အချက်များကို အလေးအနက် စဉ်းစားကာ တိုင်းပြည်တည်သရွေ့
လူမျိုးမပျောက်စေရန် ရည်ရွယ်ကြောင်း ၎င်းကပြောကြားသည်။ ၎င်း အနေဖြင့်
လက်ရှိလွှတ်တော် ကာလအတွင်း ဥပဒေကြမ်းသုံးခုကို တင်သွင်းရန်
ရည်ရွယ်ထားကြောင်း၊ လက်ရှိတွင် တိုင်းပြည်၌ မုဒိမ်းမှုများ
အလွန်များပြားလာခြင်းနှင့် ကလေးသူငယ်များကို မုဒိမ်းကျင့်သည့် ကိစ္စများမှာ
မကြားဝံ့မနာသာ ကိစ္စများ ဖြစ်လာသည့်အတွက်အဆိုပါကိစ္စများကို လွှတ်တော်တွင်
တင်ပြခဲ့ ကြောင်း၊ သို့သော် ပယ်ချခြင်းများ ခံခဲ့ရသည့်အတွက်လိင်မှုဆိုင်ရာ
အမျိုးသမီးများကို ကာကွယ် သည့် ဥပဒေကြမ်းကို တင်သွင်းသွားမည်ဖြစ်ကြောင်း၊
နောက်ထပ်ဥပဒေကြမ်း တစ်ခုကိုမူ ထုတ်မပြောလို သေးကြောင်း ဦးသိန်းညွန့်က
ပြောကြားသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်အနေဖြင့်
ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်အဋ္ဌမပုံမှန် ပြည်သူ့လွှတ်တော်အစည်းအဝေး
ကာလအတွင်း ကလေး သူငယ်များအပေါ် မုဒိမ်းကျင့်သူများကို သေဒဏ်ပေးရန်
ဥပဒေကြမ်းတစ်ခု တင်သွင်းခဲ့သော်လည်း ဆွေးနွေးရန်မသင့်ဟုဆိုကာ
ပယ်ချခံခဲ့ရကြောင်း သိရသည်။






0 comments:
Post a Comment