Thursday, January 9, 2014

NLD မင်းသမီးနှင့် လူကြမ်းများ


ထုံးစံ အတိုင်းပေါ့.. ဒေါ်စု ဘယ်သွားသွား အဆင် ပြေရင် သူ့သားသမိးတွေက ဂုဏ်တွေ လွှတ်တင်ပြီး စောင့်ကြွားမြောက်ကြွားနဲ့ မပြေရင် လူကြမ်းတွေက ပေါ်လာတတ် စမြဲပါ... လူကြမ်းတွေက စစ်တပ်ရယ်.. လက်ရှိ အစိုးရရယ်... ကြံ့ဖွတ်ရယ်... 
ဒေါ်စုသားသမီးတွေက တော့ အမှန်တရားကို မြတ်နိုးသူ မဟုတ်မခံ သူတွေပေါ့.. ဒေါ်စုနဲ့ NLD ကလူတွေက တော့ ခြောက်ပစ်ကင်း သဲလဲ စင် နေတဲ့ သနားစရာ ကောင်းလှတဲ့ ယုန်သူငယ်လေးတွေ.... 

ဇာတ်လမ်းကတော့ ဒရမ်မာ ဇာတ်တွေ ခင်းကြတာပါ... သူတို့ရဲ့ ဇာတ်လမ်းတွေထဲမှာ လူကြမ်း တွေ ဖြစ်ကြတဲ့ အစိုးရရယ်.. စစ်တပ်ရယ်... ကြံ့ဖွတ်ရယ်က ယုတ်မာ မိုက်ရိုင်းပြီး လူမဆန်တဲ့ ကောင်တွေပေါ့... မင်းသမီး ဖြစ်တဲ့ ဒေါ်စုနဲ့ NLD တွေက ခံရတယ်ပေါ့.. သနားစရာ ကောင်းတယ် ပေါ့ ပေးဆပ် ရတယ်ပေါ့... အနစ်နာခံတယ်ပေါ့လေ...

(ဒါပေမယ့် တိုင်းပြည်နဲ့ ပြည်သူတွေ အတွက် ဘာ ရလဒ် ကောင်းတွေမှ မရပဲ ကိုယ်ကျိုးအတွက် လုပ်နေကြရင်း ဒုက္ခရောက် တာပါ) 

တကယ်တော့ ဒေါ်စု ဟားခါးသွားတာ အစိုးရ အားကိုးပြီး သွားတာလား ?
အစိုးရ စီမံမှု့နဲ့ သွားတာလား? ကိုယ့်လူကိုယ် NLD အားကိုးပြီး သွားတာလား ? ချင်းပြည်နယ်မှာ NLD က လူတွေ မရှိတော့ဘူးလား...?? ကြိုစီစဉ်ထား တယ် ဆိုရင် အဲဒီ က နယ်ခံ NLD တွေက ကြိုတင် ဟော်တယ် မငှားထားကြဘူးလား?? နောက်ပြီး ဟော်တယ် မရဘူးဆိုရင်တောင် အိမ် ကောင်း ကောင်းတွေ မရနိုင်ဘူးလား?? ဒီတစ်ခု ဖြစ်မလာရင် နောက်ဘယ်လို လုပ်ကြမလဲ ဆိုတဲ့ အရန် အစီအစဉ်တွေကို ရော အစီအစဉ် ဆွဲတဲ့ သူတွေက မဆွဲထား ကြဘူးလား? အခုလို ဖြစ်ရတာက ဒေါ်စု ခရီးစဉ် အစီ အစဉ်ဆွဲတဲ့ သူတွေ... စီစဉ်တဲ့ သူတွေ ညံ့တဲ့ ကိစ္စပါ...

တကယ်လို့ ဒေါ်စုသာ လမ်းခရီးမှာ အိမ်သာတက်တုန်း အီးတစ်နေရင်တောင် အစိုးရ အကောက်ကြံ ၀မ်းပိတ်ဆေးကျွေးတာပါလို့ ပြောကြမယ်ပုံပဲ...

အင်းလေ... ယက်တောတောင် လက်ခံတဲ့ သူက လက်ခံခဲ့လို့ ၂ ညနဲ့ သုံး ရက် ၀င် အိပ်သွားတာကို အစိုးရ နဲ့ စစ်တပ်က လုပ်တာပါ လို့ လွဲချ စွပ်စွဲနေကြတာ ဆိုတော့ ကာ.. 

အင်းပေါ့... ခင်ဗျားတို့ အမေ ဒေါ်စု နဲ့ NLD တွေက နတ်ဘုရား တွေ လို ဘာပြစ်ချက်မှ မရှိအောင် တော်လွန်းပါတယ် ဗျာလို့ပဲ ပြောရတော့မှာပဲ
 

0 comments:

Post a Comment

 
Twitter Bird Gadget