ရန်ကုန်မြို့တွင် မေလ ၈ ရက်က လေပြင်းတိုက်ခတ်မှု များကြောင့်
သန်လျင်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ နေ အိမ်နှင့်
ရုံးအဆောက်အအုံအချို့ ပြိုလဲပြီး ဓာတ်တိုင် ၇၀ ခန့် ပျက် စီးသွားကြောင်း
သတင်းရရှိသည်။
မေလ ၈ ရက် ညနေသုံးနာ ရီခွဲခန့်မှ စတင်ကာ ၃ နာရီမိနစ်၅၀ ခန့်ထိ မိနစ် ၂၀ ကြာ
လေပြင်းတိုက်ခတ်မှုကြောင့် သန်လျင်မြို့ပေါ်နှင့် ပတ်ဝန်းကျင် ကျေးရွာရှိ
နေအိမ် ၁၇ လုံးနှင့် ဌာနဆိုင်ရာ ရုံးသုံးရုံး အပါအ၀င် မြို့ထဲရှိ
လျှပ်စစ်ဓာတ်တိုင်စုစု ပေါင်း ၇၀ ခန့်ပျက်စီးခဲ့ကာ အပင်
များပြိုလဲမှုဖြစ်ပွားခဲ့ကြောင်း သန် လျင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
‘‘လေတိုက်ချိန်က မိနစ်၂၀လောက်ပဲကြာတာ။ မြို့ထဲက တရားရုံး၊ မြေစာရင်းရုံးနဲ့
ဥပဒေရုံးတွေကတော့ အမိုးလန်တာ တွေ အပင်ပိလို့ ပေါက်ပြဲတာတွေ ဖြစ်သွားတယ်။
တစ်မြို့လုံးလည်းအပင်တွေပြို၊ ဓာတ်တိုင်တွေ ပြို လို့
မီးတွေအကုန်ပျက်နေတယ်။ မြို့နဲ့ နီးတဲ့ရွာတွေမှာတော့ အိမ် တွေပါထိတယ်’’ ဟု
သန်လျင်မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန် ကျ
ဝန်ထမ်းကိုအောင်မျိုးသန့်က ပြောသည်။
သန်လျင်မြို့နယ်အနီးရှိ ဗိုလ်ချုပ်ရွာ၊ ညောင်သုံးပင်ရွာ၊ ဘုရား
ကုန်းရွာနှင့် အလန်စွတ်ကျေးရွာ ရှိ နေအိမ်များပျက်စီးခဲ့ပြီး အဆို
ပါပျက်စီးဆုံးရှုံးမှုဖြစ်ပွားစေသည့် လေတိုက်နှုန်းမှာ တစ်နာရီလျှင်
ဆယ်နှစ်မိုင်နှုန်းခန့်သာရှိကြောင်း ကမ္ဘာအေး မိုးလေ၀သတိုင်းတာရေးစခန်းမှ
ထုတ်ပြန်သည်။
‘‘တစ်နာရီ ဆယ်နှစ်မိုင်နှုန်း တိုက်တယ်ပြောပေမယ့် ရန်ကုန် မြို့ထဲပိုင်းမှာ
အဲ့ထက်ပိုတိုက်ခဲ့ တယ်လို့ သိရပါတယ်။ အသေး စိတ်တော့ တိုင်းတာနေဆဲပါ’’ ဟု
မိုးဇလမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
‘‘လေကပြင်းတယ်။ အပင် တွေ အကုန် လဲကုန်တယ်။ ကြောက်လို့ အိမ်ထဲမှာပဲနေနေ တာ။
အပြင်မှာ ဘာတွေဖြစ်နေ လဲတော့ မသိဘူး။ မီးတွေလည်းပျက်ကုန်ပီ။
ခုလေငြိမ်သွားလို့ လဲသွားတဲ့အပင်တွေရှင်းဖို့ အ လုပ်သမားရှာနေတာ’’ ဟု သန်
လျင်မြို့ပေါ်တွင် နေထိုင်သူ ဒေါ် အုံးကြည်ကပြောသည်။
နိုင်ငံတစ်ဝန်းဧပြီလမှ စတင်၍ လေပြင်းတိုက်ခတ်မှုများဖြစ် ပွားလျက်ရှိပြီး
တစ်လအတွင်း လေပြင်းတိုက်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့သည့်
အိမ်ခြေ တစ်ထောင်ကျော်အထိ ရှိကြောင်း ကယ်ဆယ်ရေးနှင့် ပြန်
လည်နေရာချထားရေးဦးစီးဌာနမှ ကောက်ယူထားသော စာရင်းများ အရသိရသည်။







0 comments:
Post a Comment