Thursday, May 8, 2014
အမျိုးစောင့်ဥပဒေကို ထောက်ခံကြောက် လက်မှတ်ရေးထိုး စာရင်းပေးသွင်းရန်
အမျိုးစောင့်ဥပဒေကို အဖွဲ့အစည်း ( ၉၇) ခုက ကန့်ကွက်တယ်ဆိုပြီး မီဒီယာများ က ဝေဝေ ဆာဆာဖော်ပြကြပါတယ်။ ဘယ် အဖွဲ့တွေဖြစ်တယ်၊ အဖွဲ့တစ်ဖွဲ့စီမှာ အဖွဲ့ဝင် ဘယ်နှဦးရှိတယ်၊ ဘယ်သူခေါင်းဆောင် တယ် ဆိုတာကိုတော့ ဘယ်သူမှမဖော်ပြကြပါဘူး။ အခု မြန်မာနိုင်ငံတွင်းက နယ်မြို့တွေမှာ အဲဒီသတင်းကြောင့် သို့လောသို့လောတွေ ဖြစ်နေပါတယ်။ ဖြစ်ရပ်မှန်က အဖွဲ့အစည်း (၉၇) ခုဆိုတာ တစ်ကြိမ်တစ်ခါမှ မကြားဖူးတဲ့ အဖွဲ့တွေဖြစ်ပြီး မြန်မာလူထုအတွက် ဘာမှမလုပ်နိုင်တဲ့ ၃ ဦးတစ်ဖွဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။
BBC, VOA, DVB, RFA, Mizzima, Irrawaddy, The Voice, D-Wave, သူရိယနေဝန်း, မွန်းတည့်နေ နဲ့ အခြားဂျာနယ်များက ဝေဝေဆာဆာဖော်ပြကြပါတယ်။ အဆိုပါ အဖွဲ့ ၉၇ ဖွဲ့မှ အချို့ကို ကောက်နှုတ်ဖော်ပြရလျှင်-
၁၆။ Good Sleep
၁၇။ Rainbow
၁၉။ Color Rainbow
၂၀။ Kings and queen
၂၁။ ပေါင်းကူး
၂၂။ burma partnership
၂၃။ Friendship
၂၄။ DNH Alumni Network
၂၅ ။ CDCE Alumni Network
၂၉။ Generation Waves ( NLD အမတ် ဇေယျာသော်၏ အဖွဲ့ )
၃၃။ Sunflower Group Social Enterprise
၃၄။ Charity Oriented Myanmar
၃၅။ ပြည်ကြီးခင်(Pyi Gyi Khin)
၃၈။ ရတနာ့မေတ္တာ
၃၉။ ComReg
၄၁။ Ninu
၄၆။ Myanmar Mobile Training Team
၄၇။ အလင်းစေတမာန်
၄၈။ Safety Net
၄၉။ ပဒေသာမိုး
၅၀။ ပျိုးခင်းသစ် မအူပင်
၅၃။ Point
၅၄။ Youth Circle
၆၂ ။ Chapter-8
၆၃။ Twig
၆၅။ Women for Justice
၈၈။ Green Light ( စစ်ကိုင်း)
၈၉ ။ တာကပေါ ( ထားဝယ်)
၉၆။ Women Galaxy
၉၇။ Sex Workers Network in Myanmar
တို့ဖြစ်ပါတယ်။ အဆိုပါအဖွဲ့များသည် ရှိလို့ရှိမှန်းတောင် မြန်မာပြည်သူများ မသိရပါဘူး။ ဒါ့အပြင် ပြည်ပအခြေစိုက် မြန်မာသတင်းဌာမများက အင်္ဂလိပ်ဘာသာနဲ့ ရေးသားမှုကြောင့် အမျိုးစောင့်ဥပဒေကို မြန်မာအဖွဲ့အစည်း ၁၀၀ လောက်က ကန့်ကွက်တယ်ဆိုတဲ့ သတင်းက ပျံ့နှံ့နေပြီး အမျိုးစောင့်ဥပဒေ နှင့် ဆရာတော်များအပေါ် အထင်အမြင်လွှဲမှားနေကြပါတယ်။
အမျိုးစောင့်ဥပဒေဟာ ဘယ်ဘာသာကိုမှ ထိခိုက်ခြင်းမရှိပဲ၊ ဒုက္ခပေးခြင်းမရှိပဲ အနာဂါတ် ကျွန်ုပ်တို့၏ သမီးလေးများ၊ မြေးမလေးများ နှင့် ထေရဝါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံ၏ အမျိုး၊ ဘာသာ၊ သာသနာ ကို ဥပဒေအရ ကာကွယ်နိုင်ရန်အတွက်သာ ဖြစ်တာကြောင့် မြန်မာလူထု တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ ထောက်ခံကြောင်း စာရင်းသွင်းပေးကြပါ။ သတင်းထုတ်ပြန်၍ သမ္မတကြီး၊ လွှတ်တော်ဥက္ကဌကြီးများနှင့် မီဒီယာများကို ဖြန့်ဝေသွားပါမည်။ သို့ဖြစ်ပါ၍ ထောက်ခံသူများမှလည်း တသီးပုဂ္ဂလဖြစ်စေ၊ အဖွဲ့အစည်းဖြင့်ဖြစ်စေ အောက်တွင် စာရင်းသွင်းပေးပါရန်...
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment