Monday, June 9, 2014

မူးယစ်ဆေးကွန်ရက်တခုကို ထိုင်းမြန်မာနယ်စပ်မှာ နှိမ်နင်း


  ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ မူးယစ်ဆေးမှုတွေနဲ့ ဆက်နွယ်မယ်လို့  ယူဆရတဲ့ အမျိုးသမီးတယောက်ကို ဘတ် သန်း ၂ဝဝ တန်ဘိုးရှိတဲ့ ပိုင်ဆိုင်မှုတွေနဲ့အတူ တနင်္ဂနွေနေ့မှာ ဖမ်းမိတယ်လို့ ထိုင်းနိုင်ငံ အွန်လိုင်းသတင်းတွေမှာ ရေးထားပါတယ်။ 


  • ဓာတ်ပုံများ - http://board.postjung.com
(ဘတ်သန်း ၂ဝဝ = ကျပ် သန်း ၆,ဝဝဝ ခန့်)

သူ့ကို ဖမ်းဖို့ မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့ဝင် အင်အား ၁ဝဝ ဝန်းကျင်ကို သုံးခဲ့တယ်လို့ ဆိုတယ်။
ဒီလို စီးနင်း ဖမ်းဆီးဖို့အတွက် ONCB လို့ ထိုင်းမှာ ထင်ရှားတဲ့ ထိုင်း မူးယစ်ဆေး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံးရဲ့ အတွင်းရေးမှူးချုပ် ရဲဗိုလ်ချုပ် Pongsapat Pongcharoen ကိုယ်တိုင် ကွင်းဆင်း ဦးစီးခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာ အွန်လိုင်းမှာ ရေးပါတယ်။

မဲဆောက်မြို့နားက မယ်တော် အရပ်က အသက် ၅၂ အရွယ် Manee Khampeera ဆိုတဲ့ အမျိုးသမီးရဲ့ အိမ်ကို ၀င်စီးတာပါ။

သူက Nakhon Manee 786 လို့ အမည်ရတဲ့ ကုမဏီပိုင်ရှင်ဖြစ်တယ်၊ သူ့ ပိုင်ဆိုင်မှုက ဘတ် သန်း ၂ဝဝ ကျော်မယ်၊   ပိုင်ဆိုင်မှုထဲမှာ အိမ်၊ မြေ၊ မော်တော်ယာဉ်တွေ ပြီးတော့ ... ဘဏ်စာအုပ် ၇၀ ကျော် စတာတွေကို သတင်းထဲ ဖော်ပြထားတာပါ။

 ONCB  ရဲ့ စုံစမ်းထောက်လှမ်းချက်အရ ဆိုရင် ဒီအမျိုးသမီးက  မူးယစ်ဆေးလုပ်ငန်းကွန်ရက်တခုကနေ ရန်ကုန်မြို့မှာ သူတို့ ထူထောင်ထားတဲ့  ကု
မ္ပဏီကို ငွေလွဲမှုမှာ ပါဝင် ပတ်သက်ဖူးတယ်၊
တနှစ်ကို ဒီကွန်ရက်ကနေ စီးဆင်းတဲ့ ငွေပမာဏက ဘတ် ၂ သန်းခွဲခန့် ရှိတယ်လို့ ဆိုတယ်။  

 


ဒီသတင်းက မြန်မာပြည်နဲ့လည်း သက်ဆိုင်တာကြောင့် ဧရာဝတီဘလော့ ပရိသတ်အတွက် ဘန်ကောက်ပို့စ်ကို ကိုးကား ဘာသာပြန်ရရင် ... ဒီအမျိုးသမီးနဲ့ ဆက်စပ်ပြီး
ထိုင်းနိုင်ငံရောက် မြန်မာပြည်သား တချို့ကို သံသယဖြစ်မိတယ်၊  သူတို့ကို ဖမ်းဖို့ ၀ရမ်း ထုတ်ထားတယ်လို့ ဆိုတယ်။

သတင်းတွေထဲမှာ ရေးသားချက်အရ ဆိုရင် နာမည်တွေက

  • ဒေါ်စားဖီးယားဘီး
  •  ဒေါ်ထိဒါးချို
  • ဦးနေလင်း
  •  မင်းကိုနိုင်
  •  ဒေါ်မိုးမိုးအေး
  •  ဦးကျန်း (ခ) ကျတ်ခ်ဖန်း စကွန်းချိုးတီမနီး
တို့ ဖြစ်ပါတယ်။

အဲဒီလူတွေက ဒီအမျိုးသမီးထောင်ထားတဲ့ကု
မ္ပဏီရဲ့ ၀န်ထမ်းများဖြစ်တယ် လို့ ဆိုတယ်။ (သူတို့ထဲမှာ တယောက်ရဲ့ နာမည်က ၈၈ ပွင့်လင်းအဖွဲ့က ခေါင်းဆောင်တယောက်နာမည်နဲ့ သွားပြီး ဆင်တူနေပါတယ်။ 
ဒီနာမည်နဲ့ ဆင်တူမှုက ရှားရှားပါးပါး ဖြစ်ရပ်ပါပဲ)

ကုမ္ပဏီပိုင်ဆိုင်မှုတွေကလည်း မူးယစ်လုပ်ငန်းကရတဲ့ငွေနဲ့ ဆက်စပ်နေမယ်လို့ ရဲတပ်ဖွဲ့က ယူဆပါတယ်။

ဒီလို ဖမ်းဆီးရမိတဲ့အတွက် မြန်မာပြည်ဘက်က မူးယစ်ကွန်ရက်ရဲ့ ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်ရေးအတွက် အထောက်အကူ ဖြစ်ခဲ့တယ်လို့  ရဲဗိုလ်ချုပ် Pongsapat က ပြောပါတယ်။

 

0 comments:

Post a Comment

 
Twitter Bird Gadget