
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ အမျိုးသမီးလေးဦးကို တရုတ်နိုင်ငံရှိ KTV တစ်ခုတွင် အလုပ်ရမည်ဟု ပြောဆို စည်း
ရုံးပြီး ရန်ကုန်သို့ခေါ်ဆောင်လာရာ ယင်းအမျိုးသမီး လေးဦးထဲမှ မတင်တင်အေးဆိုအမျိုးသမီး၏ တိုင်းတန်းမှုကြောင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးခဲ့သည်ဟုရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးကသတင်းထုတ်ပြန်ထားသည်။
ြ ပြစ်မှုကျူးလွန်သူမှာ တာချီလိတ်မြို့ရှိ KTV မန်နေဂျာ ကျော်သက်ထွေး(ခ)
အချောင်ဆိုသူဖြစ်ပြီး မတင်တင် အေး အပါအ၀င် အမျိုးသမီးလေးဦးကို
တရုတ်နိုင်ငံ၊ ချင်မြို့ရှိ KTV ဆိုင်တစ်ခု၌ တစ်လလျှင် စရိတ်ငြိမ်း
တရုတ်ယွမ်သုံးသောင်းရရှိမည်ဟုဆိုကာ စည်းရုံးခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
အထက်ပါ အမျိုးသမီးလေးဦးကို တရုတ်နိုင်ငံ၊ ချင်မြို့သို့ ပို့ဆောင်ရန်
ရန်ကုန်သို့ မေ ၂၉ ရက်က ခေါ် ဆောင်လာခဲ့ပြီး လှိုင်မြို့နယ်အတွင်းရှိ The
Moon ဟိုတယ်တွင် ခေတ္တတည်းခိုနေစဉ် မတင်တင်အေးက တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု
ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ပြည်ပအကျိုးဆောင် လုပ်ငန်းလိုင်စင်မရှိပဲ တရုတ်နိုင်ငံသို့ ပို့ဆောင်ရန်
ဆောင်ရွက်ခဲ့သူ ကျော်သက်ထွေး (ခ)အချောင်ကို အရေးယူပေးပါရန် မတင်တင်အေး၏
တရားလိုပြု တိုင်တန်းချက်ကို လှိုင်နယ်မြေရဲစခန်း က (ပ)၃၁၂/၁၄၊ ၁၉၉၉ ခုနှစ်
ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိ သည်။
0 comments:
Post a Comment