တောင်တရုတ်ပင်လယ်
ရေပိုင်နက်ပြဿနာမှာ တရုတ်နိုင်ငံက ဒေသတွင်းမတည်ငြိမ်အောင်
ပြဿနာရှာကြံနေသည်ဟူသော အမေရိကန်နိုင်ငံ၏ စွပ်စွဲချက်ကို တရုတ်နိုင်ငံက
ဒေါသတကြီး ပြန်လည်တုံ့ပြန်လိုက်သည်။
တောင်တရုတ်ပင်လယ် ရေ ပိုက်နက်အငြင်းပွားမှုမှာ တရုတ်နိုင်ငံက ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့် အငြင်းပွားမှုများ ဖြစ်နေသည့်အတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီး ချက်ဟေဂဲလ်က တရုတ်သည် မတည်ငြိမ်မှုဖြစ်အောင် ပြဿနာရှာနေသည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်သည်။
အငြင်းပွားနေသော ရေပိုင်နက်တွင် တရုတ်စစ်သင်္ဘောများက ဗီယက်နမ်သင်္ဘောများကို ရန်ရှာခဲ့သည့်အတွက် ဗီယက်နမ် နိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး အုံကြွမှုများ ပေါ်ပေါက်ခဲ့သည်။
နိုင်ငံအတွင်းရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသော တရုတ်နိုင်ငံသား ၃၀၀၀ ခန့်မှာ ဗီယက်နမ်မှ ထွက်ခွာခဲ့ရပြီး တရုတ် နိုင်ငံသားပိုင်စက်ရုံများလည်း ဖျက်ဆီးခံခဲ့ရသည်။
ထို့ကြောင့် စင်ကာပူတွင် ပြုလုပ်ခဲ့သည့် ဒေသလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ၌ အမေရိကန်ကာကွယ်ရေးဝန်ကြီးက တရုတ်အနေဖြင့် ဒေသတွင်းတွင် ၎င်း၏ စစ်ရေးစစ်ရာဆောင်ရွက်ချက်များကို သတိထားသင့် ကြောင်း တစ်ကမ္ဘာလုံးကို ဒေါသထွက်လာအောင် ရန်မစသင့်ကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်၏ စစ်ရေးမဟာမိတ် ဂျပန်နိုင်ငံကလည်း အာရှပစိဖိတ်ဒေသတွင် တရုတ်လွှမ်းမိုးလာသည်ကို ကာကွယ်ရန် အမေရိကန်ကို တွန်းအားပေးထောက်ခံထားပါသည်။
အမေရိကန်၏ ပြောကြားချက်က တရုတ်ခေါင်းဆောင်များကို ဒေါသထွက်စေခဲ့ပြီး ၎င်းတို့က အမေရိကန်နှင့် ဂျပန်နိုင်ငံသည် ပူးပေါင်းပြီး တရုတ်နိုင်ငံကိုဆန့်ကျင်နေသည်ဟု ပြောဆိုသည်။
တရုတ်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ၀မ်ဂွန်ဆွန်က အမေရိကန်နှင့် ဂျပန်တို့၏ ပြောကြားချက်များသည် အခြေအမြစ်မရှိ ကြောင်း အမေရိကန်အနေဖြင့် တရုတ်ကို ရန်သူအဖြစ် သတ်မှတ်လျှင် တရုတ်ကလည်း အမေရိကန်ကို ရန်သူအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း ဒေါသတကြီးတုံ့ပြန်ပြောကြားလိုက်သည်။
(ကိုးကား အေဘီစီရုပ်သံသတင်းများ)
တရုတ်နိုင်ငံခြားရေးဝန်ကြီဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သော မစ္စဖုရင်ကို စင်ကာပူ ချန်ဂရီလာ အစည်းအဝေး၌တွေ့ရစဉ် (Getty Images)
တရုတ်နှင့် ဗီယက်နမ်တို့ အငြင်းပွားမှု ဖြစ်ပွားနေသော တောင်တရုတ်ပင်လယ် တစ်နေရာ(wordpress.com)

0 comments:
Post a Comment