Sunday, June 1, 2014
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တလျှောက် တိုက်ခိုက်မှုများ (RSO)ဒုစစ်ဦးစီးချုပ်ကျဆုံး
ယခုအခါ တရားဝင် အလောင်းပြန်ပေးပြီးနောက်
နှစ်နိုင်ငံ အေးဆေးစွာ သံတမန်နည်းတွေ
တပ်မှူးအဆင့် တွေ့ဆုံပွဲတွေနဲ့ ဖြေရှင်း အဖြေရှာ
ဖို့ မြန်မာဘင်္ဂလာ ပြောဆိုနေကြသော်လည်း
နှစ်နိုင်ငံလုံး စစ်တပ်ကို နယ်စပ်တလျှောက် နိုင်ငံတကာ ဥပဒေကို ချိုးဖေါက် နေရာယူထားကြခြင်းအပေါ် နယ်စပ်ဒေသခံတွေ စိုးရိမ်မှူများလာကြောင်းဆိုသည်။ ယမန်(၃၀။၅။၂၀၁၄) နေ့က နှစ်နိုင်ငံ(၃)နာရီကြာ နှစ်ဖက်ပြင်းထန်စွာ တိုက်ပွဲကြောင်း နတ်ကျောက်ဆရီ (BGD)တပ်မှ တပ်သား(၄)ဦးနှင့် ဘင်္ဂလီလမ်းပြ အရပ်သားတဦး ပျောက်ဆုံးခဲ့ကြောင်း သတင်းထောက်များကို သတင်းစာရှင်းလင်းအပြီး လမ်းပြနဲ့အတူ ဘင်္ဂလာနာရီ(၁၂)မြန်မာ (၁၂း၃၀)တွင် တပ်သားနှစ်ဦး ပြန်လည် ရောက်ရှိလာသော်လည်း ယခုသတင်းရေးသားနေသည့် အချိန်ထိ ကျန်တပ်သားနှစ်ဦး လက်နက်နဲ့ အတူ ပြန်မရောက်လာသေးကြောင်း ဘင်္ဂလာရုပ်သံတွေ အဆိုအရ သိရပါတယ်။
ယမန်နေ့ လေးဝတီငါးမိနစ်အရေးကြီး သတင်းမှာ ရေးထားသလို (BGD)တပ်ဖွဲ့ တွေနဲ့ အတူ (RSO)အကြမ်းဖက်အဖွဲ့ ပါတက်လာကြောင်း ပေါ်တာဆွဲခေါ်ခံရတဲ့ ရခိုင်အမျိုးသားမှ
အတည်ပြုသတင်းနဲ့ (RSO)နဲ့ နီး စပ်တဲ့ ခိုင်လုံတဲ့ သတင်းအရ လေးဝတီမှ ဆက်သွယ်ရာ ၄င်းမှယခုလိုပြောသည်။
''ပြဿနာစဖြစ်တဲ့ မေလ (၁၃)ရက်နေ့က (RSO)ဖက်က (M 40)နဲ့ ပစ်ခဲတယ်လေ မြန်မာဘက်မှ (M 60)လက်နက်ကြီးနဲ့ ပြန်ပစ်တဲ့အတွက် ဗိုလ်အဆင့်တဦး ကျသွားပါတယ် ကျန်သုံးဦးက ဒါဏ်ရာနဲ့  ကော်ဆ်ဘာဇာခေါ် ဖလောင်းချိတ် အစိုးရဆေးရုံးမှာ ဆေးကုသခံယူနေခဲ့ပါတယ် ဘင်္ဂလာထောက်လှမ်းရေးမှ ရိပ်မိသွားလို့ ချက်ချင်း သူတို့ကို စစ်တကောင်း (Privet clinic)ပုဂ္ဂလိကဆေးရုံမှာ ကုသခံယူနေပါတယ်''ဟု ဆိုသည်။။
ဆက်လို့ ၄င်းမှ မနေ့က မိုင်တိုင်(၅၂)မှာ နှစ်ဖက်ဖြစ်တာမှာ (RSO)တပ်က ဒုစစ်ဦးချုပ်ဆုံးသွားပါတယ် ကျန်တဲ့ ရဲဘော်တွေလည်းသေပါတယ် အတိအကျတော့ ဘယ်နှစ်ယောက်သေတယ်ဆိုတာ ကျွန်တော်ပြောပိုင်ခွင့်မရှိဘူး''ဟုပြောသည်။ လေးဝတီမှ ဒုစစ်ဦးချုပ်အမည်ကို မေးရာ သူကပြောဖို့ငြင်းဆိုခဲ့ပါတယ်။။
လေးဝတီမှ သီးသန့်အတည်မပြုနိုင်တဲ့ သတင်းတွေအရ(17)ရက်နေ့ မြန်မာနယ်ခြားစောင့် တပ်မှ ရဲဘော်(၄)ဦးကျဆုံးသွားသလို (RSO)မှ (၅၀ နဲ့  ၈၀)ကြားထိ ကျဆုံးမှုတွေ ရှိနေကြောင်း ကောလဟာလသတင်းတွေ နယ်စပ်တွေမှာ ထွက်ပေါ်နေပါတယ်။ ဘင်္ဂလာထိပ်တန်း အစိုးရပိုင်းတွေက သေဆုံးသွားသူ(BGD)တပ်ဖွဲ့ တွေနဲ့  မြန်မာဘက်မှ (RSO)အကြောင်း သက်သေအထောက်အထား အခိုင်အမာ ရှိနေကြောင်း ဘင်္ဂလာအစိုးရအပေါ် ပြောဆိုမှုကို အထူးအကြမ်းဖက် နှိမ်နှင်းရေးတပ်ဖွဲ့ ဝင်တွေ စေလွှတ်သတင်းယူမှာ ဖြစ်ကြောင်း အသစ်တက်လာတဲ့ အိန္ဒိယအစိုးရနဲ့  နှစ်နိုင်ငံ အဆင်ပြေစေဖို့ ကြိုးစားနေချိန် မြန်မာနိုင်ငံနဲ့  စစ်မက်ဖြစ်ပွါးမှူဟာ အိန္ဒိယ မြန်မာ ရန်သူနှစ်ခုကို တခါတည်း ယာဉ်ပြိုင်ဖို့ အကျပ်ရိုက်နေကြောင်း လူ့ အခွင့်အရေး စောင့်ကြည့်သူတွေက သုံးသပ်ထားကြပါတယ်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment