ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, October 31, 2013

ကုမ္ပဏီ မတည်ငွေ သတ်မှတ်ချက် ပယ်ဖျက်

တနိုင်တပိုင် လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရ မြန်မာ နိုင်ငံသားတွေ ကုမ္ပဏီ ထောင် ရာမှာ အရင် သတ်မှတ်တဲ့ မတည် ငွေရင်းနဲ့ ကနဦး ထည့်ဝင်ရမယ့် ငွေပမာဏ သတ်မှတ်ချက် ကို ရုပ်သိမ်း လိုက်တယ်လို့ အမျိုးသား စီမံကိန်း ဝန်ကြီး ဌာန က ကြေညာပါတယ်။ ဒါကြောင့် မြန်မာ နိုင်ငံသားတွေဟာ ကိုယ်တတ်နိုင်တဲ့ ငွေနဲ့ စတင်ပြီး ကုမ္ပဏီ တည်ထောင်ခွင့် ရသွားပြီ ဖြစ်ပါတယ်။ လုပ်ငန်း ပမာဏ အပေါ် မူတည်ပြီး မိမိ မတည်လိုတဲ့ ငွေနဲ့ တနိုင်တပိုင် နဲ့ မိသားစု စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့်...

ကမ္ဘာ့ဘဏ်၏ အခြေပြစာရင်းတွင် မြန်မာအောက်ဆုံးက ပါဝင်နေ

မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲ မှုတွေကြောင့် နာမည်ကောင်းရနေပေမယ့် ကမ္ဘာ့ဘဏ်က အင်္ဂါနေ့မှာထုတ်ပြန်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရေးအခြေပြ နိုင်ငံများစာရင်းမှာ အောက်ဆုံးပိုင်းက ပါဝင်နေပါတယ်။ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ ကမ္ဘာမှာ စီးပွားရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ဖို့ အကောင်းဆုံးနဲ့ အဆိုးဆုံး နိုင်ငံများစာရင်းပါ နိုင်ငံပေါင်း ၁၈၉ နိုင်ငံထဲမှာ မြန်မာက အဆင့် ၁၈၂ မှာရှိပါတယ်။မြန်မာရဲ့နောက်မှာ အီရီထရီးယား၊ ချတ်၊ ဆူဒန် စတဲ့နိုင်ငံတွေရှိပါတယ်။ ကမ္ဘာ့ဘဏ်က...

ဓာတ်အားခ အပြောင်းအလဲကြောင့် မီးခိုးသုံးမှု ပိုများလာနိုင်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြင်ဆင်သတ်မှတ်လိုက်သည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားသည်သင့်တင်မျှတသော်လည်း စီးပွားရေးလုပ်ငန်းများအနေဖြင့် အနည်းနှင့် အများ ဓာတ်အားခတိုးမြှင့်ပေးဆောင်ရန်ရှိသည့်အတွက် တရားမ၀င်နည်းလမ်းဖြင့် ဓာတ်အားရယူသုံးစွဲခြင်း (သို့) မီးမှောင်ခိုမှု ပိုများလာနိုင်သည်ဟု သက်ဆိုင်ရာတာဝန်ရှိသူများက ပြောကြားသည်။နိုဝင်ဘာလ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်အကျိုးသက်ရောက် မည့် ပြင်ဆင်သတ်မှတ်လိုက်သည့် ဓာတ်အားခ နှုန်းထားများမှာ အိမ်သုံးမီတာများအတွက်...

အစ္စလမ်မစ်သူပုန်များ ဝင်လာမည့်ကို မြိတ်ဒေသခံများ စိုးရိမ်

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်ရွာအနီး၊ သစ်တောကြိုးဝိုင်း အတွင်းသို့ အိမ်နီးချင်း ထိုင်းနိုင်ငံမှ အစွန်းရောက် အစ္စလမ်မစ် သူပုန်များ ဝင်လာမည့်ကို မြိတ်ဒေသခံများ စိုးရိမ်နေကြောင်း ဒေသခံတစ်ဦးက People Power သို့ ဆက်သွယ်ပြောကြားသည်။ထိုင်းနိုင်ငံနှင့် ရှမ်းပြည်နယ်စပ်ဆက်နေသော နယ်စပ် နေရာဖြစ်သည့် ယင်းသစ်တော ကြိုးဝိုင်းအတွင်းရှိ မြေဧက ၁၀၀၀၀ကို Moon as star (ကြယ်နှင့်လ) ကုမ္ပဏီမှ နှစ်၃၀ မြေအဌားစာချုပ်ဖြင့် ဌားရမ်းလုပ်ကိုင်ရန် သစ်တော ဝန်ကြီးဌာနသို့...

သမ္မတကြီးဦးသိန်းစိန် နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း ကိုယ်တိုင်ဖွင့်ဟခဲ့သည့် အချစ်အကြောင်း

      လက်ရှိ သမ္မတဦးသိန်းစိန်ရဲ့ ငယ်ဘဝ အကြောင်း၊ နှလုံးသားရေးရာအကြောင်း ဖတ်ရတာ မဆိုးပါဘူး။ နောက်တဆက် သမ္မတလုပ်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ "မောင်လေးအဲရစ်ကို ချစ်လိုက်တာ" ဆိုတဲ့ နှလုံးသားရေးရာအကြောင်း ကိုယ်တိုင်ရေးလေးတွေ ရှိရင်လည်း ပို့ပေးကြပါအုံး...။ အမှန်တရားကို တင်ရဲတဲ့လူရှိရင်လည်း တင်ပေးကြပါအုံး....

ဖုန်းလိုင်းကြားဖြတ်နားထောင်ခံရမှု စာရင်း မြန်မာပါဝင်၊ ဂျာမနီ နှင့် အခြား နိုင်ငံပြည်သူများ အမေရိကန်ကို ဆန္ဒပြလျှက်ရှိ၊ လူ့ အခွင့်ရေး ချိုးဖောက် ခံရသည့် မြန်မာပြည်သူများလည်း ဆန္ဒပြသင့်

အမေရိကန် ပြည်ထောင်စုက လူ့အခွင့်အရေးချိုးဖောက်ကာ တကမ္ဘာလုံးမှာ လှိျု့ဝှက် ထောက်လှမ်းမှုတွေ လုပ်နေတယ် ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း Edward Snowden ရဲ့ ဖွင့်ဟ ပြောဆိုမှု တွေကြောင့် လူအများ ပိုမို သိလာခဲ့ ရာမှာ အခုတော့ သူတို့ ထောက်လှမ်းတဲ့ အထဲမှာ မြန်မာ နိုင်ငံ နှင့် မြန်မာပြည်သူတို့လည်း ပါဝင်တယ်လို့ သြစတြေးလျ သတင်းစာကြီး တစ်စောင်က ရေးသား ဖော်ပြ လာပါတယ်။သြစတြေးလျနဲ့ အိမ်နီးချင်း နိုင်ငံ တွေမှာ ရှိတဲ့ နေရာပေါင်း ၉၀ လောက်ကို...

ဆီးဂိမ်းပြည်ပဧည့်အဝင် မျှော်မှန်းထားသည်ထက်များပါက ပူရန်မလို၊ အခန်း ၂ဝဝ ကျော် အရန်သင့်ရှိဟုဆို

  ဆီးဂိမ်းတွင် နိုင်ငံခြားဧည့်အဝင် နှုန်းခန့်မှန်းထားသည်ထက် များပါက လည်း အခက်အခဲမရှိစေရန် အိပ်ခန်း ဆောင်နှစ်ရာကျော်အရန်သင့် စီစဉ် ထားကြောင်းရန်ကုန်ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောသည်။ ''လာမယ့် ဆီးဂိမ်းအတွက် အား လုံးအရန်သင့်ဖြစ်နေပြီ၊ ခုက လူမငြိမ် သေးဘူး။ ဟော်ကီအားကစားပါတယ်။ ဘာညာနဲ့သေချာမငြိမ်သေးဘူး။ ဒါပေမဲ့ ရန်ကုန်ဇုန်အနေနဲ့ဝန်ကြီးဌာနက သတ် မှတ်တဲ့အတိုင်း အဆင်သင့်ပဲ'' ဟု ဦး တင်ဝင်းက ပြောသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသ ကြီး၌ ဟိုတယ်အသစ်များလည်း...

မြန်မာပြည်သူအများအပြား လေးစားအားကျသည့် ဒီမိုကရေစီ အမေရိကန်တွင် ထောက်လှမ်းရေးများက Google နဲ့ Yahoo ကြားဖြတ်ဖမ်းယူ၊ မြန်မာထောက်လှမ်းရေးလည်း အတုယူသင့်

ကမ္ဘာအနှံ့က သတင်းအချက်အလက်တွေကို ရယူဖို့ အင်တာနက် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google နဲ့ Yahoo တို့က အသုံးပြုတဲ့ ဆက်သွယ်ရေး ကွန်ယက်တွေကို အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီက လျှို့ဝှက် ဖောက်ဝင်တာတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်သစ်တရပ် ထပ်ထွက်လာပါတယ်။ NSA အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ ကန်ထရိုက်တာဟောင်း Edward Snowden ဖောက်ထုတ်လိုက်တဲ့ အချက်အလက်တွေနဲ့၊ နားကြီး မျက်စိကြီး အာဏာပိုင်တွေနဲ့ မေးမြန်းချက်တွေကို အခြေခံပြီး NSA အမေရိကန် အမျိုးသားလုံခြုံရေး...

ဖလမ်းတွင် အဖိုးတန် ကျောက်မျက်တွင်းတစ်ခု ချင်းတောင်၌တွေ့ရှိ

  ဖလမ်း အောက်တိုဘာ ၃၁ ချင်းပြည်နယ် ဖလမ်းမြို့တွင် အဖိုးတန်ကျောက်မျက် ''Chrysoprase" တွင်းတစ်ခုကို En-Jin ကုမ္ပဏီ ကရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။ ယခု ရှာဖွေတွေ့ရှိကြသည့် Chrysoprase ကျောက်မျက်သည် Semi Prious Stone ဟု ခေါ်သော သလင်းကျောက် အမျိုးအစားတစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာမှလည်း အတည်ပြုပြီးဖြစ်ကြောင်း En-Jin ကုမ္ပဏီမှ ဒါရိုက်တာ လာလ်းရမ်းပမ်းနာက ပြောသည်။ ''ကျွန်တော် တို့ ရှာဖွေတွေ့ရှိထားတဲ့ကိစ္စကို အထက်အာဏာပိုင်တွေထံကိုလည်း အကြောင်းကြားထားပြီးပါပြီ။...

Wednesday, October 30, 2013

ဘင်္ဂလားဒေ့ရှ် စက်လှေပျက်က ထွက်ပြေးသူ ၁၈ယောက် ထပ်မိ

  ဘင်္ဂလားဒေ့ရှ်ကနေ မလေးရှားကို လူမှောင်ခို တင်ပို့တဲ့ စက်လှေကနေ ထွက်ပြေး ပုန်းအောင်းနေတဲ့ လူပေါင်း ၁၈၀ ခန့် ကို မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လိုက်လံ ဖမ်းဆီးနေတဲ့ နေရာမှာ မနေ့ကလည်း နောက်ထပ် လူတော်တော်များများကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။အဲဒီလှေပေါ်ပါ လူတွေထဲက ၁၈ ယောက်ကို လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းဆီး မိခဲ့တာဖြစ်ပြီး အခု နောက်ထပ် ၁၈ ယောက် ထပ်မံ ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။အခုဆိုရင် ဖမ်းဆီးရမိသူ ၃၆ယောက် ရှိသွားပြီ ဖြစ်တယ်လို့ မောင်တာ...

ဘင်္ဂလာ လူမှောင်ခို စက်လှေမှ ဖမ်းမိသူ ၃၆ ဦး ရှိပြီ

ရခိုင်ပြည်နယ် ရသတော့င်မြို့နယ်သို့ ၀င်ရောက် ဆိုက်ကပ်လာသော လူမှောင်ခို စက်လှေမှ ထွက်ပြေး ပုန်းရှောင်နေသူများကို နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လိုက်လံ ရှာဖွေ ဖမ်းဆီးနေရာ ယမန်နေ့ (အောက်တိုဘာလ ၂၉) ရက်နေ့ထိ ဖမ်းဆီးမိသူ အရေအတွက်မှာ ၃၆ ဦး ရှိသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။၎င်းထွက်ပြေးတိမ်းရှောင်နေသူများကို ရသေ့တောင်နှင့် မောင်တောမြို့နယ် အတွင်း နယ်မြေခံ စစ်တပ် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံ ရှာဖွေ ဖမ်းဆီးနေကြောင်း မောင်တော...

မလေးသို့ခိုးထွက်သည့် ဘင်္ဂါလီအများစု ရသေ့တောင်တွင် တိမ်းရှောင်နေဟုဆို

မလေးရှားသို့ လှေတစ်စင်းဖြင့် ထွက်ပြေး လာသည့် ဘင်္ဂါလီအ များစုမှာ မုန်တိုင်းကြောင့်ဆက် လက်မထွက်ခွာနိုင်ဘဲ ရသေ့ တောင်မြို့နယ်၊ ချိန်ခါလီကျေး ရွာအနီးတွင် ထွက်ပြေးတိမ်းရှောင် နေကြောင်း သိရသည်။ဘင်္ဂါလီ ၁၈ဝဦးကို တင် ဆောင်လာသည့် အဆိုပါမော် တော်ဘုတ်မှာ ဘင်္ဂလားပင်လယ် အော်အတွင်း မုန်တိုင်းအန္တရာယ် ကို ခိုလှုံရန် အောက်တိုဘာ ၂ရ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ချိန်ခါ လီကျေးရွာအနီးသို့ ကမ်းကပ်စဉ် ယင်းကို ဒေသခံများမြင်တွေ့ပြီး သက်ဆိုင်ရာသို့...

မြန်မာဘာသာဖြင့် အမုန်းပွားဖွယ်ကိစ္စများ ရေးသားနေသူတို့အား စောင့်ကြည့် ဖျက်သိမ်းရန် ဝန်ထမ်းတစ်ဦး ဖေ့စ်ဘွတ်မှ ခန့်အပ်ထားပြီ

» မြန်မာဘာသာဖြင့် အမုန်းပွားဖွယ်ကိစ္စများ ရေးသားနေသူတို့အား စောင့်ကြည့် ဖျက်သိမ်းရန် ဝန်ထမ်းတစ်ဦး ဖေ့စ်ဘွတ်မှ ခန့်အပ်ထားပြီ ဖေ့စ်ဘွတ်ပေါ်တွင်မြန်မာဘာသာဖြင့် အမုန်းပွားဖွယ် ကိစ္စရပ်များ ရေးသားနေခြင်းအပေါ် စောင့်ကြည့်ရန်နှင့် ရီပို့ပြုလုပ်ခံရမှုများပါက ယင်းပေ့ခ်ျတစ်ခုလုံးကို ဖျက်သိမ်း ပစ်နိုင်ရန်အတွက် မြန်မာစာတတ်ကျွမ်းသည့် ဝန်ထမ်းကို ဖေ့စ်ဘွတ်မှ ခန့်ထားပြီးဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုးတိုးတက် ရေးအတွက် အိုင်စီတီအဖွဲ့(MIDO)မှ သိရသည်။ ဖေ့စ်ဘွတ်တာဝန်ရှိသူများအနေနှင့်...

အမျိုးသမီးငယ်တစ်ဦးအား ဓားပြ၍ခြိမ်းခြောက်ပြီး ပါးစပ်ကို ပလာစတာနှင့်ပိတ်၊ လက်ကိုကြိုးတုတ်ပြီး အဓမ္မပြုကျင်

အောက်တိုဘာ ၃၀စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားဘူတာတွင် အသက် (၁၈)နှစ်အရွယ် ရထားဈေးသည်မလေးတစ်ဦးအား ယခုလ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ဓားပြခြိမ်းခြောက်ပြီး၊ ပါးစပ်ကိုပလာစတာဖြင့် ကပ်၍ပိတ်ကာ လက်ကိုကြိုးတုတ်၍ အလိုမတူဘဲ အမျိုးသားတစ်ဦးမှ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဟု မှုခင်းဆိုင်ရာ မှတ်တမ်းများအရ ရဲဝန်ထမ်းတစ်ဦး ထံမှ သိရသည်။ထိုသို့ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခြင်းခံရသည့် အသက် (၁၈)နှစ်အရွယ် အမျိုးသမီးငယ်လေးသည် အင်းတော် မီးရထားဘူတာ၌...

ခင်ရွှန်းလဲ့ဝေ နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ အတူရိုက်ထားသည့် ဓာတ်ပုံ ထွက်ပေါ်

 မိုက်ကယ်အဲရစ် နှင့် ရရှိထား သားဖြစ်သူ ကင်မ်အဲရစ်ထံသို့ ၂ ကြိမ်ရောက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်း စုကြည်၏ သမီး ဟု ဝန်ခံထားသူ ခင်ရွှန်းလဲ့ဝေမှ သူမနှင့် ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ်က ရိုက်ခဲ့သည့် ဓာတ်ပုံကို ထုတ်ဖော်ပြသလိုက်ပါတယ်။  ခင်ရွှန်းလဲ့ဝေ နှင့် NLD ပါတီဝင်တို့ ပြောဆိုထားသည့် အချက်အလက်များမှာ ခင်ရွှန်းလဲ့ဝေဟာ သူမကိုယ်သူမ ဒေါ်အောင်ဆန်းစုကြည်၏ သမီးရင်းဖြစ်ကြောင်း ဝန်ခံထားသော်လည်း သူမ၏ ဖခင် မည်သူမည်ဝါ ဖြစ်သည်ကိုတော့...

မြန်မာတစ်နိုင်ငံလုံး WiFi အင်တာနက်လိုင်း ရရှိစေရေး ဆောင်ရွက်မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် WiFi အင်တာနက်လိုင်းရရှိရေး  အကျိုးတူလုပ်ငန်းများ လုပ်ကိုင်၍ ကြိုးပမ်းသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဌာနမှ သိရှိရသည်။ WiFi အင်တာနက်လိုင်းဝန်ဆောင်မူလုပ်ငန်းအောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ရေး အကျိုးတူပူးပေါင်း လုပ်ဆောင်မည့် ပြည်တွင်းပြည်ပကုမ္ပဏီများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တင်ဒါဖိတ်ခေါ်ထားကြောင်း သိရသည်။ ...

ဒေါ်အောင်ဆန်းစုကြည် ဖုန်းကိုလည်း အမေရိကန်မှ ကြားဖြတ်နားထောင်မှုများ ပြုလုပ်ခဲ့နိုင်

ဂျာမနီမှ Der Spiegel မဂ္ဂဇင်းက အမေရိကန်သည် ဂျာမနီအဓိပတိ အိန်ဂျယ်လာမယ်ကယ်လ်ကို လွန်ခဲ့သော ၁၀နှစ်ကျော် ကတည်းက ထောက်လှမ်းနေခဲ့ဖွယ်ရှိသည်ဟု ရေးသားလိုက်သည်။ အောက်တိုဘာ ၂၆ ရက်က ထုတ်ခဲ့သော သတင်းတွင် မာကယ်လ်၏ ဖုန်းကို NSA ၏ Special Collection Service (SCS) တွင် GE Chancellor Merkel ဟု အမှတ်အသားပြုကာ စားရင်းသွင်းထားကြောင်း ဖော်ပြသည်။ ပြီးခဲ့သော ဇွန်လက သမ္မတအိုဘားမားက ဘာလင်သို့ သွားရောက် မလည်ပတ်မီ အချိန်အထိ ထိုစာရင်းမှာ ရှိနေခဲ့သည်ဟု ဆိုသည်။ မဂ္ဂဇင်းက...

၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောင်းကင်ဂြိုလ်တု အကူအညီဖြင့်ကောက်မည်

  ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအား တစ်နိုင်ငံ လုံးကို ကောင်းကင်ဂြိုလ်တုမှ ဓာတ်ပုံရိုက်ယူပြီး ဖော်ဆောင် ထားသော ကောက်ကွက်များ အတိုင်း ၂၀၁၄ ခုနှစ်၊ မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အတွင်း တွေ့ရာနေရာတွင် ကောက်ယူ သောဒီဖက်တိုနည်းစနစ်ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဦးခင်ရီကပြောသည်။ ရန်ကုန်တိုင်းဒေသကြီး၊အစိုးရ ရုံးခန်းမဆောင်တွင် ဟိုတယ်လုပ် ငန်းရှင်များ၊ စက်မှုလုပ်ငန်းရှင်...

စစ်ဘက် ဆက်ဆံရေး တိုးမြှင့်ရန် အိန္ဒိယ ကြည်းတပ် ဦးစီးချုပ် မြန်မာပြည် ရောက်

     နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှု တိုးမြှင့်ရန် အိန္ဒိယ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီကာရမ် ဆင်း (Bikram Singh)နှင့် အဖွဲ့ ယနေ့ မြန်မာနိုင်ငံသို့ သွားရောက်ကြောင်း The Times of India သတင်းစာတွင် ဖော်ပြထားသည်။ ခရီးစဉ်အတွင်း မြန်မာတပ်မတော် ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ ပိုမိုကောင်းမွန်သော နယ်စပ်ဒေသ စီမံခန့်ခွဲမှုမှသည် စွမ်း ရည် ပြည့်ဝသည့် မြန်မာတပ်မတော် တည်ဆောက်ရေး အထိ ဆွေးနွေးသွားမည်ဟု သိရသည်။အိန္ဒိယနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ ...

မြန်မာနိုင်ငံသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ကြိုးပမ်းလုပ်ဆောင်နေသည့် လမ်းကြောင်းပေါ် ရောက်ရှိနေဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်

မြန်မာနိုင်ငံသည် စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ကြိုးပမ်းလုပ်ဆောင်နေ သည့်လမ်းကြောင်းပေါ် ရောက်ရှိနေ ကြောင်း ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည် ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်းတို့ ပူးတွဲပြုစုသည့် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ စည်းမျဉ်းဥပဒေများကို ယခုနှစ်အတွက် ထုတ်ဝေသည့် Doing Businessအစီ ရင်ခံစာတွင် ပထမဆုံးအဖြစ် ထည့်သွင်း ဖော်ပြခံရခြင်းလည်း ဖြစ်သည်။ Doing Business အစီရင်ခံစာ တွင် စတင်ပါဝင်လာခြင်းဖြင့် မြန်မာနိုင်...

ရဲကို ဖမ်းဆီးကြိုးတုတ်ရိုက်နှပ်ခဲ့သည့် နေပြည်တော်သားများ The Voice ဂျာနယ် သတင်းထောက်ကိုလဲ ဝိုင်းရိုက်

တလောက ရဲကို ဖမ်းဆီးကြိုးတုတ်ရိုက်နှပ်ခဲ့သည့် နေပြည်တော်သားများသည် လွှတ်တော် အစည်းအဝေးများကို တက်ရောက်သတင်းရယူနေသူ The Voice သတင်းစာနှင့် အပတ်စဉ် ထုတ် စာစောင်၏ သတင်းထောက် ဦးအောင်ထက်ကို အမျိုးသား နှစ်ဦးက အောက်တိုဘာ ၂၈ ရက် ည ၁၀ နာရီခွဲခန့်တွင် ထိုးကြိတ် ရိုက်နှက် ခံရကြောင်းကာယကံရှင် က ပြောကြားသည်။ ဦးအောင်ထက်သည် အဆိုပါ မြို့နယ် မင်္ဂလာရပ်ကွက်၊ အမှတ်(၂) သံလမ်းဂိတ် အနီးထမင်းဆိုင်တွင် ထမင်းစားပြီးနောက် The Voice ရုံးခန်းသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ်...

ဟံသာဝတီ လေဆိပ်သစ်ကို တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းဆံ့ တည်ဆောက်ရန် သတ်မှတ်ချက်အား ကိုရီးယားနိုင်ငံက ခရီးသည် ၁၀ သန်းဆံ့ အဆောက်အအုံသာ တည်ဆောက်ရန် တောင်းဆို

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို မြန်မာနိုင်ငံမှ တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းဆံ့ တည်ဆောက်ရန် သတ်မှတ်ချက်အား ကိုရီးယားနိုင်ငံက ခရီးသည် ၁၀ သန်းဆံ့ အဆောက်အုံသာ တည်ဆောက်ရန် တောင်းဆိုကြောင်း သိရသည်။ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် ရွေးချယ်ခံရသည့် ကိုရီးယားနိုင်ငံ Incheon Airport ကုမ္ပဏီနှင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့အကြား လေဆိပ် တည်ဆောက်ရေး သဘောတူ စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းဆွေးနွေးမှုတွင် ယင်းသို့ တောင်းဆိုခဲ့ခြင်း...

နာမည်ကျော် Mother Land ဘာလဲ ဘယ်လဲ

နာမည်ကျော် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Mother Land အကြောင်းလေးများ မသိချင်ကြဘူးလား ။ အိုခေ.သိသလောက်ပြောပြမယ်။ဦးတင်မြင့်နဲ့ဦးတင်အေး ညီအကိုနှစ်ယောက် ရဲ့ ဒီအမိမြေ Mother Land အကြောင်း ကတော့ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ကျွန်တော်အခု သူတို့အကြောင်းပြောရင် ကုလားလို့ထည့်မရေးဘူး နော်ဟဲ.ဟဲ။ တော်ကြာလူမျိုးရေး ပဋိပက္ခ လော်ဘီလို့ခေါင်းစဉ် တပ်ခံရမှာတော့ကြောက် သဗျ။Mother Land ကုမ္ပဏီ ဆိုတာ သန္ပေ္ဓကောင်းနဲ့ စတင်ခဲ့တာမဟုတ်ခဲ့ဘူးဗျ။ အခုဦးတင်မြင့်ရဲ့ အဖေ...

Tuesday, October 29, 2013

အစိုးရကို အယုံအကြည်နည်းစေတဲ့ အကြောင်းများ

ပြုပြင်ရေးလုပ်ဖို့ ကြိုးပမ်းနေတဲ့ ဦးသိန်းစိန်အစိုးရကို ပြည်တွင်းပြည်ပမှာ အယုံအကြည်နည်းပါးစေတဲ့ အကြောင်းရင်းတွေကို လတ်တလောနဲ့ အခြေခံဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ဦးသိန်းစိန်လက်ထက်မှာ ဖြစ်ပွားတဲ့ ပြဿနာနဲ့ ပဋိပက္ခတွေဟာ အစိုးရကို အယုံအကြည်နည်းစေတဲ့ လတ်တလောအကြောင်းရင်းတွေ ဖြစ်ပါတယ်။ အနှစ် (၅၀) ကျော် စစ်ခေါင်းဆောင်တွေ အဂတိလေးပါး လိုက်စားခဲ့တာဟာ အခြေခံအကြောင်းရင်း ဖြစ်ပါတယ်။ အဂတိလိုက်စားတယ်ဆိုတာဟာ လာဘ်ပေးလာဘ်ယူတင် မဟုတ်ပါဘူး။ မတရားလုပ်မှု၊ မမှန်မကန်လုပ်မှု၊...

အင်္ဂါနေ့ မြန်မာသတင်းများ ရုပ် / သံ

                                   NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မနေ့က ဗာတီကန်မှာ ပုပ်ရဟန်းမင်းကြီး Francis နဲ့ တွေ့ဆုံပြီး သြ၀ါဒခံယူတဲ့သတင်း၊ KIO ဦးဆောင်ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းစုံ ပထမဆုံးကြိမ် ညီလာခံ ကျင်းပဖို့...

နိုင်ငံသားစိစစ်ရေး ကဒ်များ စမတ်ကဒ် အဖြစ်ပြောင်းမည်

မြန်မာနိုင်ငံမှာ ပြည်သူလူထုတွေ လက်ရှိအသုံးပြုနေတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) တွေကို နိုင်ငံတကာအဆင့်မီ စမတ်ကတ်အဖြစ် ပြောင်းလဲပေးဖို့ စီစဉ်နေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ပြောပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ထုတ်ပေးနေတဲ့ ပန်းရောင် နိုင်ငံသားစိစစ်ရေးကပ်ပြာတွေဟာ အလွယ်တကူ ပျက်စီးနိုင်ပြီး ပုံစံတူ မှတ်ပုံတင်အတုတွေ ပြုလုပ်နိုင်ခြေရှိတဲ့အတွက် နိုင်ငံတကာအဆင့်မီ စမတ်ကတ်တွေအဖြစ် ပြောင်းလဲပေးဖို့ စီစဉ်နေတာလို့...

မန္တလေး အပါအဝင် မြို့ခြောက်မြို့တွင် ကွန်တိန်နာဆိပ်ကမ်း တည်ဆောက်မည်

ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဆင့်မြင့် ကွန်တိန်နာဆိပ်ကမ်း ခြောက်ခုကို မန္တလေးမြို့တော် အပါအဝင် မြို့ကြီးများ၌ တည်ဆောက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောကြားသည်။ မန္တလေးမြို့တော် ကမ်းနားလမ်းပေါ်တော်မူ ဘုရားရင်ပြင်တော်တွင် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်သော ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးကဏ္ဍ...

Monday, October 28, 2013

ဦးရွှေမန်း အခုလို ပြောခဲ့တာဟာ သမ္မတ ဦးသိန်းစိန်ကို ပြိုင်ဘက် အဖြစ်ကနေ ဖယ်ထုတ်ပစ်ချင်တဲ့ သဘော ရောက်နေတယ် ~ စည်သူအောင်မြင့်

 သမ္မတတ ဦးသိန်းစိန်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် သူဝင် အရွေးခံ မခံ ဆိုတာကို သူကိုယ်တိုင် ပြည်သူတွေကို အသိပေး ပြောကြားမယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန် ဝင် အရွေးမခံ တော့ဘူးလို့ သူ့ကို ပြောခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ရက်နေ့မှာ လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖေါ် ပြောဆိုခဲ့အပြီး ၂ရက်အကြာမှာ သမ္မတရဲ့ ပြောခွင့်ရ...

အတုများပေါ်လာပြီးနောက် ဂျပန်လူငယ်များ မိန်းမအစစ်ကို အချစ်တော့သဖြင့် မီဒီယာများမှ လူငယ်များကို လိင်မှုကိစ္စကို စိတ်ဝင်စားရန် ဆော်ဩလာ

ဂျပန်တွင် ယခုအခါ အမျိုးသမီးများထက် ကွန်ပျူတာနှင့် အတုအယောင် ဂိမ်းဇာတ်ရုပ်များကို ပိုမိုစွဲလမ်း ချစ်ခင်သည့် အိုတာကူခေါ် အမျိုးသားထုတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ မီးခလုတ်များကို လိုက်ပိတ်ပြီးနောက် အခန်းတံခါးကို ဆွဲပိတ်ကာ သော့ခတ်လိုက်သည်။ ထိုအခန်းကို မည်မျှအချိန်ကြာကြာ ပိတ်ထားရမည် မသိသေး။ ဂျပန်နိုင်ငံ၊ ဟော်ကိုင်ဒိုရှိ ဆေးရုံတစ်ခုမှ သားဖွားဆောင် အခန်းကို ပိတ်ပစ်လိုက်ခြင်း ဖြစ်သည်။ ယင်းသည် ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာခြင်း၏...

ဥရောပ တတိယခရီးစဉ်တွင် မိုက်ကယ်အဲရစ်အုတ်ဂူသို့ ဒေါ်စု သွားရောက်ဂါရ၀ပြုခဲ့

ဥရောပ(၅)နိုင်ငံခရီး စဉ်ထွက်နေတဲ့ ဒေါ်စုအနေဖြင့် အောက်တိုဘာ ၂၃ ရက်နေ့တွင် ဗြိတိန်နိုင်ငံသို့ ရောက်ရှိသွားပြီး ဗြိတိသျှအိမ်ရှေ့ မင်းသားချားလ်စ် နှင့်တွေ့ဆုံခဲ့ပါသည်။ထို့နောက် သူမ၏ကိုယ်ပိုင် သီးသန့်ဒရိုင်ဘာ မောင်းနှင်လာသော ကားနှင့် ပြန်လည်ထွက်ခွါသွားပါသည်ဟု looktothestars က ဖော်ပြခဲ့ပါသည်။ အောက်တိုဘာ ၂၄ ရက်နေ့တွင်မူ မြောက်အိုင်ယာလန်သို့ ရောက်ရှိနေပြီး ၂၅ ရက်နေ့ ညပိုင်းတွင် Sandhurst (ဆန်းဒတ်စ်) တော်ဝင်စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းများနှင့်တွေ့ဆုံပြီး...

နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၌ ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ခုံးကျော်တံတားကို ယခုလကုန်တွင် စတင်အသုံးပြုခွင့် ရမည်

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် တည်ဆောက်လျက်ရှိသည့် ခုံးကျော်တံတား စီမံကိန်းများအနက် နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၌ ဘုရင့်နောင်လမ်းမကြီးပေါ် ဖြတ်သန်းတည်ဆောက်ထားသည့် ဘုရင့်နောင် ခုံးကျော်တံတားကို အောက်တိုဘာလကုန်တွင် စတင်အသုံးပြုခွင့် ရမည်ဖြစ်ကြောင်း ဘုရင့်နောင်စခန်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဟန်က ဆိုသည်။ "ဘုရင့်နောင် လမ်းမကြီးပေါ်မှာ တည်ဆောက်ထားတဲ့ အောက်ကဘုရင့်နောင် ခုံးကျော်တံတားကို ဒီလကုန်မှာစပြီး...

မြန်မာနယ်စပ်ဂိတ်များကို နိုင်ငံတကာ ဂိတ်ပေါက်အဖြစ် တိုးချဲ့မည်

  မြန်မာ နိုင်ငံနှင့် နယ်စပ်ဂိတ်များ အားလုံးကို ၂၀၁၄ခုနှစ် နောက်ဆုံး ထားကာ နိုင်ငံတကာဂိတ်ပေါက် များအဖြစ် လွတ်လပ်စွာသွားလာ ခွင့်ပြုရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ် ရေး နှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောသည်။ လက်ရှိ နယ်စပ်ဂိတ်ပေါက် လေးခုကိုသာ နိုင်ငံတကာဂိတ်အ ဖြစ် ဝင်ထွက်ခွင့်ပြုနေပြီး လာမည့် ၂၀၁၄ခုနှစ်နောက် ဆုံးထားကာ အာဆီယံမူ ဘောင် အတိုင်း ခွင့်ပြု သွားရန် လုပ်ဆောင် မည်ဟု အောက် တိုဘာ၂၆ရက်က...

 
Twitter Bird Gadget