ရန်ကုန် ဇန်နဝါရီ ၇
ယခုလ၁၃ရက်တွင်ပြုလုပ်မည့်
ဘန်ကောက်မြို့တစ်မြို့လုံးကို ပိတ် ဆို့ဆန္ဒပြခြင်း Bangkok Shutdown
ဆန္ဒပြလှုပ်ရှားမှုနှင့်၎င်းရက် မတိုင်မီ ရှေ့ပြေးပြုလုပ်ကြမည့်
နိုင်ငံရေးနှင့်ပတ်သက်သည့် လူစု လူဝေးပြုလုပ်ခြင်းများ၊ ဆန္ဒပြမှု များနှင့်
စုရုံးချီတက်ခြင်းများတွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း
လုပ်သားများမပါဝင်ကြရန် မြန်မာသံရုံး ဘန်ကောက်မြို့က ယမန်နေ့ ရက်စွဲဖြင့်
သတိပေးနှိုးဆော်ချက် ထုတ်ပြန်သည်။
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ
သားများအဖွဲ့ အမှုဆောင်ဒါရိုက် တာ ဦးကျော်သောင်းက ထိုင်းနိုင်ငံ
ရောက်ရွှေ့ပြောင်းမြန်မာလုပ်သား များနှင့်ပတ်သက်၍ ''နိုင်ငံခြားမှာ
မြန်မာလုပ်သားတစ်ယောက်မတော် တဆသေရင်လျော်ကြေးမရဘူးဆို တော့
ကျွန်တော်တို့မြန်မာတွေအနေ နဲ့အလွန်နစ်နာတယ်။ အချိန်မရွေး သေသွားနိုင်တယ်။
ထိုင်းမှာက သေနတ်ကိုင်နိုင်တဲ့ အနေအထား တွေရှိတယ်။ ပိုအန္တရာယ်များလာ တယ်။
မြန်မာလုပ်သားတွေကို အရေးကြုံရင် ကယ်တင်ဖို့လုပ်ငန်း စဉ်တွေ
အစိုးရဘက်ကပံ့ပိုးထားဖို့ အများကြီးလိုသေးတယ်။ မြန်မာ
တွေရဲ့အခြေအနေကအရမ်းဝမ်းနည်း ဖို့ကောင်းတယ်''ဟု ပြောသည်။
မြန်မာသံရုံး
ဘန်ကောက်မြို့ ၏ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံ အတွင်းလတ်တလောဖြစ်ပွားလျက်
ရှိသော ပြည်တွင်းနိုင်ငံရေး အခြေ အနေများနှင့်ပတ်သက်၍ထိုင်းနိုင်ငံ
သို့အကြောင်းအမျိုးမျိုးဖြင့်ရောက် ရှိ နေကြသည့် မြန်မာနိုင်ငံသားများ
အနေဖြင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးပျက်ပြားစေမည့်အပြု
အမူများကို ရှောင်ရှားနိုင်ကြရန်နှင့် ဆန္ဒပြလူစုလူဝေးပြုလုပ်သည့်နေရာ
ဒေသများ သိရှိနိုင်ရေး အ တွက်ဒေသ ဆိုင်ရာ သတင်း မီဒီယာများအား မပြတ်လေ့လာ
ကြပါရန် အသိပေး တိုက်တွန်းနှိုး ဆော်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
မြန်မာသံရုံး
ဘန်ကောက်မြို့ သို့ဆက်သွယ်ကာမြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် 132
Sathon Nuea Road .Bangkok 10500.Thailand တယ်လီဖုန်း
(662)2332337,2337250, 2344698,2377744 တွင် အကူအညီတောင်းခံ နိုင်ကြောင်း
သိရသည်။
တာရာရန်ကင်း
Wednesday, January 8, 2014
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment